ပဲခူးနှင့်တောင်ငူမြို့ တွင်ရေကြီးမှုစတင်ဖြစ်ပွား

၁၂ သြဂုတ် ပဲခူး ၊                        ၊ယူကွန်

Flash Flood Hit Pe Gu

littleoneပဲခူးမြို့ ကို ဖြတ်သန်းစီးဆင်းနေသည့် ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့ ပေါ်လူနေရပ်ကွက်အချို့ မှာ ယနေ့ မနက်အာရုံတက်ချိန်မှ စ၍ ရေကြီးမှုဒဏ်ခံ ရကြောင်းသိရသည်။ပဲခူးမြို့ပေါ်ရှိဇိုင်းဂ နိုင်း တောင်ပိုင်းနှင့် ဘူတာ အနီးတွင် ရေလျှံမှု ကြောင့် မူလတန်းကျောင်းတစ်ချို့ပင်ပိတ်
ထားရသည် ။ ရန်ကုန် နှင့် ပဲခူးကြားရှိ ရထားသံလမ်းများမှာ လည်း ယနေ့ 
မနက် မှ စ၍ အချို့ နေရာများတွင် နစ်မြုနေကြောင်းသိရသည်။

ထို့ အတူပင် စစ်တောင်းမြစ်ရေ သည် လည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိလာသော
ကြောင့် တောင်ငူ၊ညောင်လေးပင် နှင့် ဝေါမြို့ များတွင် လူနေအိမ်ခြေများပင် နစ်မြုဆုံးရှုံး မှုများပေါ်
ပေါက်သည် ဟု သတင်းရရှိသည်။

တောင်ငူမြို့ ပေါ်တစ်ဝိုက် နှင့် ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းအနီးတွင် ချောင်းရေကျော်မှု
ဖြစ်စဉ်များကြောင့် မော်တော်ကားများပင် ခေတ္တရပ်နားထားရသည်။

ပဲခူးတိုင်းအတွင်းရှိ မြို့ ပေါ်ရေဘေးဒုက္ခသည် များအတွက် အာဏာပိုင်များက ယခု အချိန်ထိ တစ်စုံ
တစ်ရာ အကူအညီပေးမှုမရှိသေးကြောင်း တောင်ငူမြို့မှ ဒေသခံ တစ်ဦးက Freedom News Group သို့ ပြောသည်။