၁၃ သြဂုတ် ရန်ကုန် ၊ ၊ယူကွန်
Veteran Actor Zaw One Dies 64
စေလိုရာစေ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားတွင် ဆွေဇင်ထိုက် နှင့် တွဲဖက်သရုပ်ဆောင်ကာ နာမည်ကျာ်ကြားခဲ့ပြီး သင်္ကြန်သီချင်းများဖြစ်သည့် နွေမ၊ရှာပုံတော် မင်းသားကြီး၊ရွှေမန်းမာလာ စသည့်မရိုးနိုင်ဖွယ်ရာသီချင်းများသီဆိုခဲ့သော အကယ်ဒမီ သရုပ်ဆောင် ဇော်ဝမ်းမှာ ၁၂ ရက်နေ့ ညက အင်းစိန်မြို့ ရှိဆေးရုံတွင် ကွယ်လွန်သွားသည်ဟုသတင်းရရှိသည်။ကွယ်လွန် ချိန် တွင် အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။လူကြိုက်များသော သင်္ကြန်မိုးရုပ်ရှင်ကားတွင် လည်းဇော်ဝမ်း ပါဝင် သရုပ်ဆောင်ထားသည်။

ယခုနှစ် စင်္ကာပူသင်္ကြန်ပွဲတော်တွင် ဆောင်းဦးလှိုင် အခြားအဆိုတော်များနှင့် အတူ ဇော်ဝမ်းသွားရောက် သီဆိုခဲ့သည်။ဒါရိုက်တာမောင်တင်ဦးရိုက်ကူးသည့် ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကားနှင့် ယခု ရုံတင်ပြသနေသော အချစ်ဟု အဓိပ္ပာယ် သက်ရောက်စေခြင်းမရှိစေရ ဇာတ်ကားများမှာ သူ၏ နောက်ဆုံးဇာတ်ကားဖြစ်သည်။ဇော်ဝမ်းသည် နာမည် ကျော်ရုပ်ရှင်ဒါရိုက်တာ မောင်တင်ဦး၏ ညီဖြစ်သည်။
အဆိုတော်ရုပ်ရှင် သရုပ်ဆောင် ဇော်ဝမ်းအား ၁၉၄၅ ခုနှစ် တွင် မန္တလေးမြို့ ဉ်မွေးဖွားခဲ့သည်။ရင်းနှီးသူများကဇော်ဝမ်းကိုအတာဟုခေါ်ကြသည်။ဇော်ဝမ်းသရုပ်ဆောာင်ခဲ့
သည့်ဇာတ်ကားများအနက်ပလက်ဖောင်းမင်းသား၊ရွှေသမက်ငွေသမက်၊ပလက်ဖောင်းမင်းသား၊
နေထွက်သောည ၊တို့ နှစ်ယောက်နှင့် မိငြိမ်းချမ်းဇာတ်ကားများမှာ နာမည်ကြီးသည်း။
