၁၃ သြဂုတ် ရန်ကုန် ၊ ၊စံပယ်ထွန်း
ရန်ကုန် နှင့် မန္တလေးမြို့ များတွင် စီးပွားရေးလုပ်ငန်း များ လာရောက် လုပ်ကိုင်နေသည့် အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင် အချို့ မှာ၎င်း တို့ ဒေသတွင် စစ်အစိုးရ နှင့် အခြေအနေများတင်းမာနေ
သည် ဆိုသောသတင်းကြောင့် နေရင်းဒေသများသို့ ပြန်လည်ထွက်ခွာသွားကြပြီ ဟု သတင်းရရှိ
သည်။
ကိုးကန့် လက်နက် ကိုင် အဖွဲ့ အစည်း နှင့် ပတ်သက် သည့် နာမည်ကြီး ကိုးကန့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှာ စစ်အစိုးရ က စောင့်ကြည့်နေသည့်ကြားထဲမှ ယခုအပတ်အတွင်းပျောက်သွားသည် ဟုသိရသည်။
ရန်ကုန်မြို့ တွင် ကျောက်မျက် လုပ်ငန်း လာရောက် လုပ်ကိုင်နေသည် ကေအိုင်အေ ဗိုလ်မှုးဟောင်းတစ်ဦးမှာ လည်း မိသားစု ကို ခေါ်ကာ ဗန်းမော် သို့ ပြန် သွားပြီဟုသိရသည်။
MDNAA ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်၏ တူဖြစ်သည့် ရန်ကုန်မြို့ တွင် စားသောက်ဆိုင်များဖွင့်လှစ်အောင်မြင်နေသူ တစ်ဦးမှာ လည်း နေရပ်သို့ ပြန်သွားပြီဖြစ်သည်။ထိုစားသောက် ဆိုင်တွင်အလုပ်လုပ်နေသည် မြန်မာအလုပ်သမားတစ်ဦးက မန်နေဂျာပဲ ရှိတော့ တယ် သူနောက်သုံးလ အတွင်းမှ ပြန်မလာ တော့ရင် ဆိုင်ဖြုတ်တော့ လို့ ပြောသွားတယ်။ကျွန်တော် တို့ ကတော့ကြားထဲကဒုက္ခ ရောက်တာပဲ ဟု Freedom News Group သို့ ပြောသည်။
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဆိုပြုရေး လက်မခံသော ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO),oပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာနိုင်ငံ လူမျိုးစုများ မဟာမိတ်တပ်ပေါင်းစု (ကိုးကန့်) MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ National Democracy Alliance Army တို့် မှာ စစ်ရေးမဟာမိတ် အဖွဲ့ ဖွဲ့ စည်းထားသည် ဟု သတင်းရရှိသည်။
ကိုးကန့် ဒေသရှိ ချင်းရွှေ ဟော် နှင့် ၀တပ်ဖွဲ့ များရှိရာပုံပါ ကျင် အနီးတို့ တွင် နှစ်ဖက် တပ်များစစ်ရေးပြင်ဆင် ထားသည်။ယခု ကဲ့သို့ ရန်ကုန်တွင် စီးပွားရေးလုပ်ငန်း လာရောက် လုပ်ကိုင်နေသည့် တိုင်းရင်းသား အဖွဲ့ များ ပြည်တော်ပြန်သွား၍ ထိုလုပ်ငန်းများတွင် လာရောက် လုပ်ကိုင် နေသည့် မြန်မာ အလုပ်သမားများ မှာ အလုပ်တည်မြဲရေး အတွက် အာမခံချက် မဲ့ရသည့် အဖြစ် နှင့် ကြုံနေရသည်။
