၁၃ သြဂုတ် ရန်ကုန် ၊ ၊စံပယ်ထွန်း
Real Estate Market Shocks After Earth Quake

သြဂုတ်လ ၁၁ ရက်နေ့ က နံနက် အာရုံတက်ချိန် မတိုင်ခင်က လှုပ်ခတ်သွားခဲ့သည့် အင်အားရစ်ခ်ျ
တာစကေး ၇.၆ အဆင့်ရှိ မြေငလျှင် လှုပ်ခတ်ပြီးနောက် ရန်ကုန် မြို့ အထပ်မြင့် အဆောက်အအုံများ
တွင်နေထိုင်သူ အချို့ မှာ ငလျှင်ထပ်မံလှုပ်အုံးမည် ဆိုသည့် သတင်းကြောင့် ယခု အချိန်ထိ
ကြောက်အားပိုလျှက်ရှိကြသည် ဟု သတင်းရရှိသည်။
ယမန်နေ့ အာရုံတက်ချိန် တက်ချိန်မတိုင်ခင် လှုပ်ခတ်ခဲ့သော ငလျှင်သည် အင်အားပြင်းထန်သောလည်းလှုပ်ခတ်ချိန် မကြာမြင့်သဖြင့်ပျက်စီးဆုံးရှုံးမှုများ မရှိဟု သိရသည်။ထိုငလျှင် လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံများ အပါအ၀င် ကန်ထရိုက်တိုက်များတွင်နေ ထိုင်သူအချို့ မှာ ငလျှင်ထပ်မံလှုပ် အုံးမည် ဆိုသည့် ကောလဟာလ များကြောင့် ၎င်း တို့ ၏ အထပ်မြင့်အဆောက် အအုံရှိနေအိမ်များကိုပါ စွန့် ခွာကာ ဆင်ခြေဖုံးရှိ ဆွေမျိုးမိတ်သင်္ဂဟ များအိမ်တွင်သွားရောက်နေထိုင်ကြသည်။
ရန်ကုန်မြို့ ၅၄ လမ်း ခုနှစ်လွှာတွင်နေထိုင်သည့် အိမ်ထောင်ရှင်မတစ်ဦးက “ငလျှင်လှုပ်တော့
တိုက်ကရမ်းလိုက် တာဆိုတာ ကြောက်ဖို့ ကောင်းလိုက်တာတစ်ည လုံးအောက်ဆင်းထိုင်နေရတယ်အခုလဲ ငလျှင်ထပ်လှုပ်အုံးမယ် ဆိုတော့ လမ်းထဲမှာ ပရိတ်လဲ ရွတ်ထားတယ် အဆောင်လက်ဖွဲ့ တွေလဲလုပ်ထားတယ်။လောလော ဆယ်တော့ မနေရဲသေးဘူး”ဟု Freedom News Group သို့ ပြောသည်။
အားအားပြင် ငလျှင်လှုပ်ခတ်သွားပြီးနောက် ရန်ကုန်မြို့ ရှိ အထပ်မြင့် အဆောက်အအုံဈေးများ
လည်းကျဆင်းသွားသည် ဟု သတင်းရရှိသည်။ ဟံသာဝတီရိပ်မွန် ရှိအိပ်ခြံမြေ အကျိုးဆောင်တစ်ဦးက “စမ်းချောင်း ၈ လွှာက ဒီနေ့ ပွဲဖြစ်ရမှာ အခုငလျှင် လှုပ်တော့ ၀ယ်လက်က ပေါ်တောင်မလာတော့ ဘူး၊ကွန်ဒို အထပ် မြင့်တွေလည်းဈေးပြုတ်အုံးမှာ” ဟုဆိုသည်။
ယုဇန အိမ်ရာ ၊မင်္ဂလာတောင်ညွန့် ၊ကျောက်မြောင်း နှင့် စမ်းချောင်းတွင် နေထိုင်ကြသူများမှာ ငလျှင်အန္တရယ် ကို ပို၍ ကြောက်ရွံ့ ကျသည် ဟုသိရသည်။
ငလျှင်လှုပ်ခတ်မှုကြောင့် ရန်ကုန် ဒေသခံများထက် အသေအပျောက်များပြားလှသော နာဂစ် မုန်တိုင်း ဒဏ်ခံရသည့် ဒေသမှ ပြည်သူများကလည်းပိုမိုစိုးရိမ်လျှက်ရှိကြသည်။
