၁၃ သြဂုတ် မန္တလေး ၊ ၊တင်ကျော်ကျော်စိုး နှင့် ညွှန့် သက်ထားဦး
outrage for extending democracy leader Aung San Suu Kyi’s house arrest

သြဂုတ် လ ၁၁ ရက်နေ့ က အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင်တရားရုံးမှ နေ၍ ဒေါ်အောင်ဆန်းစုကြည် ကို အမိန့် ချမှတ်ခဲ့ပြီး စစ်ခေါင်းဆောင်မှ သနားသက်ညှာသော အားဖြင့် နေအိမ်အကျယ်ချုပ် ဖြင့် တစ်နှစ်ခွဲသာနေစေ ရန် ဆုံးဖြတ်ချက် ကို ပြည်သူ များကမကျေနပ်ကျကြောင်းသိရသည်။
မန္တလေးမြို့ စိန်ပန်းရပ်ရှိ မြန်မာ့ဆက်သွယ်ရေး အစိုးရ ၀န်ထမ်းတစ်ဦးက “ဒ်ါစု ကိုရွေးကောက်ပွဲ
မှာ မပါနိုင်အောင်လုပ်တာ ဒီကောင်တွေ အရမ်းကြောက်တယ်လေ ဒါပေမယ့် ဒေါ်စု ဖမ်းထားပြီးရွေးကောက်ပွဲ လုပ်မယ် ဆိုတာ လုံးသမဖြစ်နိုင် ဘူး ”ဟု Freedom News Group သို့ ပြောသည်။
အမရပူရ(တောင်မြို့ ) အမျိုးသား ဒီမိုကရေစီ လူငယ် အဖွဲ့ ဝင် တစ်ဦးက မူ “ဘာတွေ ဆက်ဖြစ်လာ နိုင်မလဲ ဆိုတာ တော့ မသိဘူး ဒီမှာရှိ တဲ့လူတွေ ကတော့ ဒါမတရားတာ လို့ ပြောကြတယ်။ခေါင်းဆောင် ကောင်းတွေ ရှိရင်တော့ ဆန္ဒပြပွဲတွေ ဖြစ်လာမှာပဲ ”ဟု သုံးသပ်ပြောကြားသည်။
ရန်ကုန် မြို့ ရှိ လက်ဝှေ့ ကျော်တစ်ဦးကမူ “မိန်းကလေး တစ်ယောက် ကိုဗျာ ဒီလောက် ဖမ်းဆီးထားတယ် ဆိုတာ မတရားတာပဲ ဗျ ”ဟု ဒေါသ အပြည့် ဖြင့် ပြောသည်။
ရန်ကုန် နှင့် မန္တလေး ကဲ့သို့ ပင် နေပြည်တော် ပညာရေးဝန်ကြီးဌာန မှ ဆရာမတစ်ဦးက လည်း
“ချက်မှ ဗားကလက်ဟာ ဗယ်ကို နေအိမ် အကျယ်ချုပ် ရဲတိုက်ထဲမှာ ချထားတော့ပြည်သူတွေ ကရဲတိုက် ထိချီတက် ပြီး ဗားကလက် ဟာဗယ် ကို လွတ်မြောက်စေရုံသာမကာ အာဏာရှင်အစိုးရကိုလဲပြုတ်ကျစေခဲ့တယ် ဒီမှာလဲဒီလိုဖြစ်မလာ နိုင်ဘူး လို့ ဘယ်သူ ပြောနိုင်မှာ လဲ”ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အားနေအိမ်အကျယ်ချုပ် တစ်နှစ်ခွဲ ပြန်လည် ထားရှိခြင်းအတွက် ပြည်ပ
ရောက်မြန်မာ များက လည်း ထိုနိုင်ငံများရှိ မြန်မာ သံရုံး များတွင် သွားရောက် ဆန္ဒပြကြပြီး အန္ဒိယနိုင်ငံ ဒေလီ ရှိ မြန်မာ သံရုံးက မှု မှုတ်ဆေးများနှင့် ပါပက် ဖျန်းခံခဲ့ရသည်။
နယူးဒေလီ ရှိ မြန်မာ ကျောင်းသားတစ်ဦးက “ဒေါ်စု ကို လွှတ်ပေးဖို့ ဆေးလာမှုတ်တဲ့သူ တွေ ကို
ရဲက မသိချင်ယောင် ဆောင်နေတယ်၊ဆေးမှုတ် တော့ မမြင်ခြင်ယောင် ဆောင်ပေးထားတယ် အရင်ကဆို ဒေလီ ရဲက ဆိုးတယ် ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အား ယခု ကဲ့သို့ နေအိမ်အကျယ်ချုပ် ထားရှိခြင်းဖြင့် သူမလွတ်မြောက်ရေးတောင်းဆို ဆန္ဒပြပွဲများ ပြည်တွင်း တွင် ပေါ်ပေါက် လာနိုင် မလား ဟု Freedom News Groupက ၀ါရင့် နိုင်ငံရေးသမားတစ်ဦး အားမေးကြည့် ရာ သူက“ယတိပြတ် ပြောရရင် တော့ သွေးအေးမသွား ဘူးဆိုရင် ဖြစ်နိုင် တယ် ”ဟု ခန့် မှန်းသုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည် အားမတရားပြစ်ဒဏ်ပေးခဲ့သည့် မြန်မာ စစ်အစိုးရ အား ကာကွယ်ပေး
ခဲ့သည့် တရုတ်နိုင်ငံအား ပြည်သူ များက မကျေနပ် သဖြင့် တရုတ် ပစ္စည်းနှင့် တရုတ်စီးပွားရေး
များ အား သပိတ်မှောက်မှု ဖြစ်လာနိုင်သည် ဟု လည်း ရန်ကုန် မြို့ ခံတို့ က ခန့် မှန်းထားကြသည်။
၂၀၁၀ ရွေးကောက်ပွဲ လိုလားသော တတိယနိုင်ငံရေး အင်အားစု မှ လူငယ် နိုင်ငံရေးသမားတစ်
ဦးက မူ “ကိုးကန့်  ၊ကချင် နဲ့ ဝ ပြဿနာတွေ လဲရှိသေးတယ် ၊အခုဒေါ်စု ကို နေအိမ် အကျယ်ချုပ်
ထားလိုက်ပြီ ဆိုရင် ရွေးကောက်ပွဲ အချိန် ဇယားကို ထုတ်ပြန်ပေးစေချငိတယ် ကျွန်တော် တို့ 
စည်းရုံးဖို့ အချိန် ရှိသေးတယ် ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အားယခုကဲ့သို့ စစ်အစိုးရ ၏ တရားမဲ့စွာအပြစ်ပေးမှု ကြောင့် အမျိုးသား
ရင်ကြားစေ့ရေးနှင့် စစ်အစိုးရ ဖေါ်ဆောင်နေသည် ဆိုသည့် ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းစဉ်
တို့ ကို နိုင်ငံတကာ က ယုံကြည်မှု ကင်းမဲ့သွားစေနိုင်သည်။
