၁၅ သြဂုတ် ရန်ကုန် ၊ ၊ယူကွန်
New Comers Welcomes Myanmar Video Industry

လွန်ခဲ့သည့် ဆယ်နှစ်ခန့် က အနုပညာလောက တွင်စတင်နာ မည်ရခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာသရဖူဆောင်း နိုင်ခဲ့သည့် မြန်မာ သရုပ်ဆောင် အချို့ မှာ ပရိတ်သတ် စိတ်ဝင်စားမှု လျှော့
နည်းလာ၍ ထုတ်လုပ်သူများ ၊ဒါရိုက်တာများက နာမည်ရလာ သည့် သရုပ်ဆောင်သစ် ၊မော်ဒယ်သစ် များကို ဗီဒီယို ဇာတ်ကားများအတွက် ပိုမို ငှားရမ်းအသုံးပြုလာကြသည်။
ရန်ကုန်မြို့ ရှိ ၀မ်းဖိုးဖိုက် ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက “စိုးမြတ်သူဇာတို့ မေသန်းနု တို့ ကတော့ အမေခန်းစနေပြီ ၊အိန္ဒြာကျော်ဇင် တို့ တန်းလောက် ဆိုရင် သူတစ်ယောက်ပဲ ပရိသတ်ရှိတော့ တယ် ကျန် တာတွေ ကတော့ အကုန်ပြုတ်ပဲ ”ဟု Freedom News Group
သို့ ပြောသည်။
၂၀၀ရ ခုနှစ်နောက်ပိုင်း တွင် တက်လာသည့် သရုပ်ဆောင် နှင့် မော်ဒယ် တို့ ၏ ခေတ်မှီသော ဖက်ရှင် နှင့် ဆွဲဆောင်မှုများကြောင့် ဗီဒီယို ပရိသတ်များ အကြိုက် တွေ့ လာသည် ဟု သိရသည်။
တောင်ဥက္ကလာ မေတ္တာ လမ်းတွင် ဗီဒီယို အငှားဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက “ဒီခောတ်က ဆက်စီ (SEXY) ဖြစ်မှ ကြိုက်တာ ခိုင်သင်းကြည် တို့ ဆိုလူကြိုက် နည်းသွားပြီ မိုးဟေကို နဲ့ မင်းသား ထဲမှာ ဆို ဟိန်းဝေယံ တို ရဲတိုက် တို့ လူကြိုက် များ လာတယ် ”ဟုပြောသည်။
၃၅ လမ်းရှိ နာမည်ကျော် ထုတ်လုပ်သူ တစ်ဦးကမူ “အခု အသစ်တွေက လူငယ်တွေ ဆိုတော့ အလုပ်လုပ်ရတာ အဆင်ပြေတယ် လွန်ခဲ့ တဲ့ တစ် နှစ်လောက်ကထိ သူတို့ ပါရင် RC ကြေးမြင့်
တယ်ဆိုပြီး မန်တက် နေကြတဲ့သူတွေ အခု ငှားမယ့် သူတောင်မရှိတော့ ဘူးဟု ပြောသည်။
ဂီတ လောကတွင် မူ Hip Hop အဆိုတော်များ ကို ပရိသတ် စိတ်ဝင်စားမှု ရှိနေဆဲ့ဖြစ်ပြီး ရောခ်
ဂီတလောက တွင်မူ ပရိသတ် နှင့် ကင်းကွာလာသည့် အဆိုတော်များကို စိတ်ဝင်စားမှု နည်းလာ
သည်။
မြန်မာသရုပ်ဆောင် နှင့် မော်ဒယ် အချို့ မှာ ဗီဒီယို ရိုက်ကူးရေးများအပြင်၊ဖက်ရှင်ရှိုး ၊ကြော်ငြာနှင့်
ပန်းချီပုံတူ အဆွဲခံခြင်းတို့ မှာ လည်းဝင်ငွေ ရရှိကြသည်။
