ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် အမေရိကန်လွှတ်တော်အမတ်တွေ့ ဆုံ

၁၅ သြဂုတ် နေပြည်တော် ၊                       ၊ညွန့် သက်ထားဦး

US senator holds landmark Myanmar junta talks

Myanmar USမြန်မာနိုင်ငံသို့ယမန်နေ့ကရောက်ရှိနေသည့်အမေရိကန်ဗာဂျီးနီးယားပြည်နယ်အထက်လွှတ်
တော်အမတ် ဂျင်ဝဘ်သည် ယနေ့ စစ်အစိုးရ ၏မြို့တော်သစ် ဖြစ်သည့် နေပြည်တော်တွင် ယနေ နံနက် ၁၁ နာရီ ခန့် က ဗိုလ်ချူပ်မှုးကြီးသန်းရွှေ နှင့် တွေ့ ဆုံသည် ဟု သတင်းရရှိသည်။
ဆယ်စုနှစ် တစ်ခုကျော်အတွင်းဝါရှင်တန် မှ အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဦးနှင့် မြန်မာ စစ်ခေါင်းဆောင် တို့၏ သမိုင်းဝင်တွေ့ ဆုံပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းတစ်ခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်ဆက်လက်ချထားခြင်း နှင့် ပတ်သက်လိမ့် မည်ဟု မြန်မာပြည်သူများက ထင်မြင်ယူဆကြသည်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ၏ အာရှ-ပစိဖိတ် ရေးရာ အကြီးအကဲဖြစ်သူ ဂျင်ဝဘ် သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် တွေ့ ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်လာခဲ့သဖြင့် အင်္ဂါနေ့ ကထောင်ဒဏ် ခုနှစ်နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ဂျွန်ဝီလျှံ ယက်တော အားပြန်လွှတ်ပေးရန် အတွက် နှင့် အမေရိကန် – မြန်မာ ဆက်ဆံရေးပြန်လည်ကောင်းမွန် ရန် သမ္မတ အိုဘားမား ၏ အမှာစကားလည်းပါ ၀င်နိုင်သည်။

ဗီယက်နပ်စစ်ပြန် တစ်ဦးဖြစ်သည့် အမေရိကန် အထက်လွှတ်တော်အမတ်၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း စစ်အစိုးရ တာဝန်ရှိသူများအပါ အ၀င် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကိုယ်စားလှယ်များ၊တိုင်းရင်းသားအဖွဲ့ အစည်းများ နှင့်တွေ့ ဆုံမည် ဖြစ်သည်။

ဂျင်ဝဘ် နှင့် အတူလိုက်ပါလာသော အမေရိကန် ကိုယ်စားလှယ် အဖွဲ့ သည် မြန်မာ ကုန်သည် နှင့် စက်မှု လုပ်ငန်းရှင်များ အဖွဲ့ ချုပ်မှ တာဝန်ရှိသူ များနှင့် တွေ့ ဆုံကြမည် ဖြစ်သည်။

ယခင်လ က ဖူးခက် အာဆီယံ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ကမူ ဒေါ်အောင်ဆန်းစုကြည် အားပြန် လွှတ်ပေးလျှင် အမေရိကန် မှ တိုက်ရိုက်ရင်းနှီးမြုပ် နှံ မည် ဟု ပင် ကမ်းလှမ်းခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ်လာရောက်စဉ်နေပြည်တော်ဉ်ဘန်ကီးမွန်းလာရောက်စဉ်ကထက် လုံခြုံရေးတင်းကျပ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည် အား ပြစ်ဒဏ်ချမှုကြောင့် မြန်မာစစ်အစိုးရ အပေါ် နိုင်ငံတကာမှ အမျက် ထွက်နေ ချိန် တွင် ဂျင်ဝဘ် ရောက်ရှိလာခြင်းဖြစ်သည်။

မစ္စတာ ဝက်ဘ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒများ ပြောင်းလဲရေးအတွက် အင်တိုက်အားတိုက် ထောက်ခံသူတဦး ဖြစ်နေသည်။ အမေရိကန်၏ ပိတ်ဆို့အရေးယူရေး မူဝါဒအပေါ် ပြင်းထန်စွာ ဆန့်ကျင်ဝေဖန်သူတဦးအဖြစ်လည်း သူ့ကို သိရှိကြသည်ဟု မြန်မာနိုင်ငံ
ရေးကျွမ်းကျင်သူ လယ်ရီဂျေဂင် က ရေးသားထားသည်။