အင်းစိန်ထောင်တွင်းရှိ ယက်တော ပြည်တော်ပြန်ရတော့မည်ဟု သတင်းထွက်ပေါ်

၁၅ သြဂုတ် ရန်ကုန် ၊                       ၊တင်ကျော်ကျော်စိုး

Updates

_45823406_yettaw_ap226bမြန်မာနိုင်ငံသို့ ရောက်ရှိနေပြီးယနေ့  စစ်အစိုးရ အကြီးအကဲ နှင့် နေပြည်တော်တွင် တွေ့ ဆုံခဲ့သည့်အမေရီကန် အထက်လွှတ်တော်အမတ် ဂျင်ဝဘ် ၏ အသနားခံမှုကြောင့် မစ်ဆူရီ ပြည်နယ်သား အသက် ၅၄ နှစ်အ ရွယ်ရှိ ဂျွန်ဝီလျှံယက်တော မှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ်ခုနှစ် နှစ်မှ သက်ညှာခွင့်ရပြီး မြန်မာစစ်အစိုးရ ကလွှတ်ပေးတော့ မည် ဟု ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းကြားတွင် သတင်းများ ထွက်ပေါ်နေသည်။

ဗီယက်နမ် စစ်ပြန် အမေရိကန် ဗာဂျီးနီးယားပြည် နယ် အထက်လွှတ်တော် အမတ်သည် ဗီယက်နမ်စစ်ပြန် တစ်ဦးပင်ဖြစ်သည့် ဂျွန်ဝီလျှံ ယက်တော ၏ လွတ်ငြိမ်းချမ်းသာခွင့် ကို ရှေးရှု၍ ယနေ့  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဆွေးနွေးရန် မြန်မာနိုင်ငံ သို့ လာခြင်းဖြစ်သည် နေပြည်တော် သတင်းရပ်ကွက် တစ်ခုမှ အမည် မဖေါ်လို သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ယက်တောသည် မေလ၃ရက်နေ့ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အင်းလျှားကန်ကို ဖြတ်ကျော်၍ ရေကူးဝင်ရောက်လာ မှုကြောင့် ယခုလ ၁၁ ရက်နေ့ တွင် အင်းစိန် ထောင်းတွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးတွင် ထောင်ဒဏ် ခုနှစ် နှစ်အပြစ်ပေးခံထားရသည်။

ဘာသာရေး ထုံတမ်းစဉ်လာကြောင့် ရက်ရှည်လများအစာမစားဘဲ နေလေ့ ရှိသူ ယက်တောမှာ သြဂုတ် လဆန်း ပိုင်းက ဆေးရုံတွင် တက်ရောက် ကုသခံခဲ့ရပြီး သူ့ အားစတင် ဖမ်းထားစဉ် ကတည်းက ယခု အချိန် ထိ ဆေးဖိုးမှာ ခြောက်သိန်းကျော် သွားခဲ့ပြီ ဟု ရဲ ချုပ်ခင်ရီ က သတင်းစာရှင်း လင်းပွဲ တွင် ပြောကြားခဲ့သည်။

ယက်တောကို နေအိမ်တွင် လက်ခံထားရှိမှုကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ဆိုင်းငံ့ထောင်ဒဏ် ၁၈ လ နှင့် နေအိမ် အကျယ်ချုပ်အပစ်ပေးခံရသည်။မေလ ခြောက်ရက်နေ့ ကတည်းက အင်းလျှားကန်စပ်တွင် ဖမ်းဆီးခံရသည့် ယက်တောမှာ ဗီယက်နမ် စစ်ပြန် အချင်းချင်းက သံတမန်ရေးနည်းလမ်းကို သုံးပြီး စစ်အစိုးရ အကျဉ်းထောင် တွင်းမှ လာရောက် ကယ်တင်ခြင်းဖြစ်သည်ဟု မြန်မာ အတိုက်အခံတို့ ကရှု မြင်ကြသည်။

အမေရိကန် သမ္မတဟောင်း ကလင်တန် ကိုယ်တိုင် မြောက်ကိုရီးယားသို့ သွားရောက် ကာ စတာလင်ဝါဒီ အာဏာရှင် ကင်ဂျုံအီ နှင့် တွေ့ဆုံပြီး ဖမ်းဆီးထားသော သတင်းထောက် နှစ်ယောက် လွတ်မြောက်ဖို့ဆောင်ကြည်း နိုင် ခဲ့သည် ကို မြန်မာ စစ်ခေါင်းဆောင် က သဘောကျနေသည် ဟုရန်ကုန် အခြေစိုက် ၀ါရင့်စာနယ်ဇင်း သမားတစ်ဦးကပြောသည်။“အခု လဲသူက ယက်တောကိုတော့ငါက ထောင်ချလိုက်ပြီကွာ လွတ်ချင်ရင် ငါ့ကို အပူကပ်ကြ ”ဟု နေပြည်တော်မှ နေ၍ အမေရိကန် အဆင့်မြင့် မြင့် ပုဂ္ဂိုလ် တစ်ဦးသုတ်ခြေတင် လာမည်ကို ပြုံးပြုံးကြီး နှင့် သဘောကျစွာစောင့်မျှော်နေပုံရသည် ဟု ၀ါရင့်စာနယ်ဇင်းဆရာ က ဗိုလ်ချုပ်မှုးကြီး ၏ ကင်ဂျုံအီ နည်းလမ်းကို အားကျအတုယူနိုင်ပုံကို သုံးသပ်ပြောကြားသည်။

One thought on “အင်းစိန်ထောင်တွင်းရှိ ယက်တော ပြည်တော်ပြန်ရတော့မည်ဟု သတင်းထွက်ပေါ်

  1. (ပိုက်ဆံပေးငှားထားရကျိုးနပ်ပါတယ်……….
    သရုပ်ဆောင်ချက်ကတော့ပီပြင်ပါပေတယ်………နိုင်ငံခြားသားနောက်ဆုံးတော့လဲလွတ်လပ်သွားတာပါပဲ…….)ထင်တာကိုပြောတာပါ………အနစ်နာခံရတာတော့ဘယ်သူလဲဆိုတာ……အရှင်းကြီးပဲ…….

Comments are closed.