၁၅ သြဂုတ် ရန်ကုန် ၊ ၊အေပီ
US senator has rare visit with Myanmar’s Suu Kyi

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အားယနေ့ ညနေပိုင်းတွင်း စစ်အစိုးရ
တာဝန် ရှိသူများ မှ မော်တော်ကားဖြင့် လာရောက် ခေါ်ဆောင်ကာ အင်းလျှားလမ်းရှိအစိုးရ ဧည့်ဂေဟာ တွင်အသင့်ရောက်ရှိနေသည့် ဗီယက်နမ်စစ်ပြန် ဗာဂျီနီးယား လွှတ်တော် အမတ် ဂျင်ဝဘ် နှင့် မိနစ် ၄၀ ကြာတွေ့ ဆုံခဲ့သည် ဟု ရန်ကုန် မှ လာသည့် ဧပြီ သတင်းတစ်ရပ် တွင်ဖေါ်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံစဉ် မည် သည့်အကြောင်းအရာများကို ဆွေးနွေးသည် ဆိုခြင်းကို အသေးစိတ်မသိရှိရချေ။အမေရိကန် နိုင်ငံရေးသမား ၏ ဒုတိယနေ့ မြောက် မြန်မာ နိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြးသန်းရွှေ နှင့် တွေ့ ဆုံခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမား ၏ မြန်မာနိုင်ငံ နှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်မည့် နိုင်ငံခြားရေးမူဝါဒ အစီအစဉ်ကြောင့် ရောက်ရှိလာသည် ဟု အကဲခတ်တို့ က ခန့် မှန်းထားသည့် လွှတ်တော်အမတ် သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ ဆုံဆွေးနွေးချက်များကို လည်း အထူးလျှို့ဝှက် ထားသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က ဗာဂျီးနီးယား လွှတ်တော် အမတ်
၏ ခရီးစဉ် ကို စိတ်ဝင်စားမှု မရှိဟု ဆိုသည်။
| မဇ္ဈိမ လာရီဂျေဂင် ၏ ဂျင်ဝဘ် ခရီးစဉ် အပေါ်သုံးသပ် ချက် ဆောင်းပါးမှ ကောက်နှုတ်ချက် |
| လာရီဂျေဂင် (Larry Jagan) |
| စနေနေ့၊ သြဂုတ်လ 15 ရက် 2009 ခုနှစ် 14 နာရီ 34 မိနစ် |
| ဘန်ကောက် (မဇ္ဈိမ)။ ။ ထင်ရှားသော အမေရိကန် နိုင်ငံရေးသမားတဦးဖြစ်သူ အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) သည် မြန်မာနိုင်ငံမြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ တိုင်းပြည်၏ တကိုယ်တော် ဧကစာရီကျင့်နေသူ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ထားကြသည်။ ဤခရီးစဉ်နှင့်စပ်လျဉ်း၍ အမေရိကန်သံတမန်များက ရေငုံနှုတ်ပိတ်လုပ်နေကြသည်။ ခရီးစဉ်တခုလုံးကို လျှို့ဝှက်ထားပြီး သူသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ချိုးဖောက်ခဲ့သည်ဆိုသော အမှုတွင် သူပါဝင်ခဲ့မှုအတွက် အင်္ဂါနေ့က အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသော အသက် ၅၄ နှစ်အရွယ်ရှိ အမေရိကန်လူမျိုး ဂျွန်ဝီလျံယက်တော လွတ်မြောက်ရေးအတွက် အသနားခံရန် လာရောက်ခြင်း ဖြစ်နိုင်သည်ဟု မှန်းဆပြောဆိုမှုများလည်း ပေါ်ပေါက်နေသည်။
သူ့ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အများက သံသယဖြစ်နေကြသည်။ သူသည် အမေရိကန်အစိုးရ၏ တမန်တော်အဖြစ် လာသည်လော၊ သို့တည်းမဟုတ် အခြားကြေးစား စစ်သည်တဦး၏ ရည်ရွယ်ချက်မျိုးနှင့် လာသည်လောဟူ၍ အမျိုးမျိုးယူဆနေကြသည်။ ပြည်ပရောက် ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများကမူ ဤခရီးစဉ်ကို မြန်မာအာဏာပိုင်များက လူသိများရန် စတန့်ထွင်ခြင်းမျှသာ ဖြစ်သည်ဟု ဆိုပြီး ကန့်ကွက်ရှုတ်ချနေကြသည်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် မည်သို့မျှ အကျိုးပြုမည်မဟုတ်မည်ကိုလည်း သူတို့က စိုးရိမ်နေကြသည်။ ရန်ကုန်ရှိ သံတမန်များကလည်း ဤခရီးစဉ်မှ အကျိုးရလဒ်တစုံတရာ ထွက်ပေါ်လာရေးနှင့်ပတ်သက်၍ သံသယရှိနေကြသည်။ သို့သော် အချို့ကမူ သူ့အနေနှင့် ဗိုလ်ချုပ်မှူးကြီးနှင့်သာ အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးမှု တစုံတရာ ရှိခဲ့ပါက ရလဒ်တစုံတရာ ထွက်ပေါ်လာနိုင်သည်ဟု ယုံကြည်နေကြသည်။ သူသည် သမ္မတ ဘားရက်အိုဘားမား၏ သံတမန်သော်၎င်း၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ သံတမန်သော်၎င်း မဖြစ်နိုင်သော်လည်း အိမ်ဖြူတော်က သူ့ခရီးစဉ်ကို ထောက်ခံကြောင်းမှာမူ ထင်ရှားသည်။ ဤခရီးစဉ်သည် စစ်မှန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်ရန်လိုအပ်ကြောင်း အမေရိကန်၏ `ပြင်းထန်သော´ အမြင်ကို မြန်မာခေါင်းဆောင်များထံ ပြောကြားရန် အခွင့်ကောင်းတရပ်အဖြစ်လည်း အိမ်ဖြူတော်က ယုံကြည်ကြသည်။ `အထက်လွှတ်တော်အမတ် မစ္စတာ ဝက်ဘ် မြန်မာနိုင်ငံကို ဝင်ရောက်လည်ပတ် ရပ်နားခြင်းအပါအဝင် ဒေသတွင်း သွားရောက်လည်ပတ်မှုကို ကျနော်တို့ ကြိုဆိုပါတယ်´ ဟု အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် မိုက်ဟင်းမား (Mike Hammer) က ဝါရှင်တန်တွင် သောကြာနေ့က သတင်းထောက်များကို ပြောကြားလိုက်ပါသည်။ `ဒီမိုကရေစီရေး၊ ကောင်းမွန်သော အုပ်ချုပ်မှု၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် သူတို့ ဘယ်လမ်းကို လျှောက်လှမ်းဘို့ လိုတယ်ဆိုတဲ့ အမေရိကန် နိုင်ငံရေးခေါင်းဆောင်များ၏ ခိုင်မာပြင်းထန်သည့် အမြင်ကို မြန်မာခေါင်းဆောင်များ ကြားသိရန် အရေးကြီးသည်´ ဟု သူက ပြောသည်။ မစ္စတာ ဝက်ဘ်သည် ၁ဝ နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ပထမဆုံးသော အမေရိကန် လွှတ်တော်အမတ်တဦး ဖြစ်သည်။ `အမေရိကန်က အရှေ့တောင်အာရှ နိုင်ငံများနဲ့ အဆင့်အသီးသီးမှာ ပြန်လည်ဆက်ဆံမှုတွေ ပြုလုပ်ဘို့ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်´ ဟု လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းသို့ ကြာသပတေးနေ့က ရောက်ရှိစဉ် သတင်းထောက်များသို့ ထုတ်ပြန်ပေးခဲ့သော ကြေညာချက်တွင် သူက ပြောဆိုခဲ့သည်။ ယင်းသည် သူ၏ ဒေသတွင်း ၅ နိုင်ငံခရီးစဉ်အတွက် ပထမဆုံးရပ်နားခဲ့သော နေရာဖြစ်သည်။ မစ္စတာဝက်ဘ်သည် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ်နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အခြားအရှေ့တောင်အာရှ ၄ နိုင်ငံသို့ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အနေနှင့် `မြန်မာနိုင်ငံနှင့် ဒေသတွင်း အမေရိကန်အကျိုးစီးပွားများ ရှေ့လှမ်းတက်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေရန်´ လာရောက်ခြင်းဖြစ်သည်ဟု ခရီးစဉ်အစတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ဖော်ပြထားသည်။ မည်သို့ပင်ဖြစ်စေ မစ္စတာ ဝက်ဘ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒများ ပြောင်းလဲရေးအတွက် အင်တိုက်အားတိုက် ထောက်ခံသူတဦး ဖြစ်နေသည်။ အမေရိကန်၏ ပိတ်ဆို့အရေးယူရေး မူဝါဒအပေါ် ပြင်းထန်စွာ ဆန့်ကျင်ဝေဖန်သူတဦးအဖြစ်လည်း သူ့ကို သိရှိကြသည်။ |
