၁၆ သြဂုတ် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Myanmar Growing Anger Sneaker and Senator


မြန်မာ နိုင်ငံသို့ ခပ်လျှိုလျှိုပင် ရောက်ရှိလာပြီး စစ်အုပ်စုခေါင်းဆောင် နှင့် သိုသိုသိပ်သိပ် တွေ့ ဆုံခဲ့ပြီးနောက် ထောင်ဒဏ်ခုနှစ် အပြစ်ပေးခံနေရသည့် ယက်တော ကို ဂျိမ်းစ်ဘွန်း ဆန်ဆန် ကယ်ထုတ်သွားနိုင်ခဲ့သည့် အမေရိကန် လွှတ်တော်အမတ် နှင့် ယက်တော ကို မြန်မာပြည်သူများက ထိုသတင်းကြားကြားခြင်းမှာ ပင် လူရှုပ် လူပွေ များဟု ကင်ပွန်းတပ်ခဲ့သည်။
အင်တာနက် အသုံးပြုသူများ အသုံးပြုကြသည့် Face Book ,Twitter နှင့် ချတ်တင် ဖိုရမ် ဆိုက်
များတွင်ယက်တောနှင့်ဗာဂျီးနီးယားနိုင်ငံရေးသမားဂျင်ဝဘ်တိုနှစ်ဦးအားဆဲဆိုထားသည်များပလူ
ပျံခဲ့သည်။

စနေ နေ့ ညက ထိုသတင်းထွက်ပေါ်ပြီးနောက် တနင်္ဂနွေ နေ့ မနက်တွင် ရန်ကုန်မြို့ ရှိ လူစည်ကားရာဈေး နှင့် လက်ဖက်ရည် ဆိုင်များတွင် ထိုအကြောင်းကိုသာ ဆွေးနွေးကြသည် ဟု သိရသည်။တာမွေရှိ မော်ဒန် လက်ဖက်ရည် ဆိုင်တွင် နံနက်တိုင်း ထိုင်လေ့ရှိ သူ တစ်ဦးက “ယက်တောကို ဝေဖန်တာထက် ဂျင်ဝဘ် ကို ပိုပြီးဆန်းစစ်ကြတယ် သူက အမေရိကန်က မြန်မာ နိုင်ငံ အပေါ်စီးပွားရေးပိတ်ဆို့ မှုကို အမြဲဆန့် ကျင်နေသူကို ”ဟု ပြောသည်။
နာမည်ကျော် ဗီဒီယို ဒါရိုက်တာ တစ်ဦးကလည်း “သန်းရွှေ ရေးတဲ့ ဇာတ်ညွှန်းကကောင်းပါတယ်
ဂျင်ဝဘ် ကတော့ နောက်ဆုံးခန်းကျ မှ ပါပြီး အအောင်မြင်ဆုံးသရုပ်ဆောင်သွားတာပေါ့ ”ဟု
ယက်တော လွတ်မြောက်သွားခြင်းနှင့်ပတ်သက် ၍ သုံးသပ် ထားသည်။
မေလဆန်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ တိတ်တ
ဆိတ်ဝင် ရောက်လာမှုကြောင့် ယခုခ ၁၁ ရက်နေ့ တွင် ထောင်ဒဏ် ခုနှစ် အပြစ်ပေးခံရသည့်
ယက်တောကို ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူ ဆက်လက်ထိန်းသိမ်းထားမှု
ကြောင့် မြန်မာ ပြည်သူများ မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကို ပိုမို မုန်းတီးကြသည်။
မှော်ဘီ အစိုးရ နည်းပညာ တက္ကသိုလ် မှ နည်းပြဆရာ တစ်ဦးကမူ “ဒီလို ပုံစံမျိုးလုပ်သွားတာ
မကောင်းဘူး မြန်မာ တွေက အမေရိကန် ဆိုရင် လိုလားတယ် နောက်ပိုင်းမုန်းတီးသွား နိုင်တယ်
နအဖ ကပဲ လွှတ်မပေးချင်ဘူးဆိုဆို ဘာပဲပြောပြော ယက်တောကြောင့် ဒေါ်စု အကျယ်ချုပ်
သက်တမ်းထပ်တိုးသွားပြီး ထောင်ထဲ လဲသွားနေရတယ် လေ”ဟု သူက ယက်တော လွတ်မြောက် မှု နှင့် ပတ်သက်၍ သုံးသပ်သည်။
ဗီယက်နမ်စစ်ပြန် ယက်တော သည် ယနေ့ မြန်မာ စံတော်ချိန် မွန်းလွဲ နှစ်နာရီခွဲတွင် ရန်ကုန်
လေဆိပ် မှ ထွက်ခွာ၍ ထိုင်းစံတော် ချိန် သုံးနာရီတွင် ဘန်ကောက် လေတပ်စခန်း သို့ သူ့ လိုပင်
ဗီယက်နမ် စစ်ပြန် တစ်ဦးဖြစ်သည့် နိုင်ငံရေးသမား ဂျင်ဝဘ် နှင့် အတူရောက်ရှိသည်။
ကုလ သမဂ္ဂ အထွေအထွေ အတွင်းရေးမှုးချုပ်ပင် တွေ့ခွင့်မရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခွင့်ရခဲ့သည့် ဂျင်ဝဘ် က ဘန်ကောက်တွင် မြန်မာ
နိုင်ငံ နှင့် ပတ်သက် ၍ သူ ၏ ခရီးစဉ် အကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။
ရန်ကုန် လေဆိပ်မှ မထွက်ခွာခင် မွန်းလွဲ ပိုင်းအချိန်က ပြည်တွင်းစာ နယ်ဇင်းများနှင့် မြန်မာ နိုင်ငံရှိ နိုင်ငံခြားသတင်းထောက်များနှင့် ဂျင်ဝဘ် တွေ့ ဆုံခဲ့သည်။
