၁၆ သြဂုတ် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Convicted American Leaves Rangoon With Vietnam War Veteran Senator

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် သို တိတ်တဆိတ် ၀င်ရောက်
ခဲ့မှုကြောင့် မေလ ၆ ရက်နေ့ က ဖမ်းဆီးခံခဲ့ရပြီး ရက်ပေါင်း ၉၀ နီးပါး တရားရင်ဆိုင်ပြီးနောက် ယခု
လ ၁၁ ရက်နေ့ က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသည့် ယက်တောသည် သူလွတ်
မြောက်ရေးအတွက် လာရောက် ဆောင်ကြဉ်းပေသူ ကန် နိုင်ငံရေးသမား ဂျင် ၀ဘ် နှင့် အတူ မြန်မာနိုင်ငံမှ ယနေ့ နေ့ လည် ၂ နာရီ တွင် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။
အလုပ်ကြမ်း နှင့် ထောင်ဒဏ်ခုနှစ်နှစ် အပြစ်ပေးခံရသူ ဂျွန်ဝီလျှံ ယက်တော လွတ်မြောက်ရေး အ
တွက် သမ္မတ အိုးဘားမား နှင့် အကျွမ်းတ၀င် ရှိသည့် ဗာဂျီးနီးယားပြည် နယ် အထက်လွှတ်တော်
အမတ် ဂျင်ဝဘ် က ယမန် နေ့ က စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် တွင် လာရောက် တွေ့ ဆုံပြီး
နောက် နာရီအနည်းငယ် အကြာမှာ ပင် ယက်တော အားလူသားချင်းစာ နာထောက် ထားမှု အရပြန်
လည် လွှတ်ပေးလိုက်သည် ဟု သတင်းထွက် ပေါ်လာခဲ့သည်။
