နာမည်ကျော် မြန်မာမဂ္ဂဇင်း အချို့ ပြန်လည် ထွက်ရှိတော့မည်

၁၇ သြဂုတ် ရန်ကုန် ၊                    ၊ယူကွန်

Pay Phu Hlwar Magazine Relaunches

နာမည်ကျော်မြန်မာ မဂ္ဂဇင်းများ
သြဂုတ်လထုတ် နာမည်ကျော်မြန်မာ မဂ္ဂဇင်းများ

ရသစုံမဂ္ဂဇင်းတစ်စောင်အဖြစ်စာဖတ် ပရိတ်သတ် ကြားတွင် လူကြိုက်များခဲ့ပြီးနောက် နှစ်အတန်ကြာရပ်နားထားခဲ့သည့် ပေဖူးလွှာ မဂ္ဂဇင်းကို အလှအပ နှင့် ဖက်ရှင်ရေးရာများကို ထုတ်ဝေနေသည့် မုခ (Faces မဂ္ဂဇင်း)အုပ်စု မှ စီစဉ်ပြီး စက်တင်ဘာလတွင် ယခင်ပုံစံ
ဟောင်းအတိုင်း မဟုတ်တော့ ဘဲ အသွင်ပြောင်းကာ ထုတ်ဝေတော့မည်ဖြစ်သည်။

အသစ်ပြန်လည်ထွက်ရှိလာမည့် မဂ္ဂဇင်းများတွင် သပြေတေး မဂ္ဂဇင်းလည်း ပါဝင်ပြီး ထိုမဂ္ဂဇင်းမှာ၂၀၀၄ ခုနှစ်ဆန်းပိုင်းကတည်းက ရပ်နားထားခြင်းဖြစ်သည်။သပြေ နှင့် ပေဖူးလွှာတို့ လိုပင် ဘာသာရေး မဂ္ဂဇင်း တစ်စောင် အကျိုးဆောင်ကြော်ငြာ မဂ္ဂဇင်း တစ်စောင် တို့ အားပုံနှိပ် ထုတ်ဝေခွင့် ကိုလည်း စာပေစီစစ်ရေး မှ ခွင့်ပြုထားပြီးပြီ ဟု သိရသည်။

2_45_5ရသစုံ မဂ္ဂဇင်းတစ်စောင် အဖြစ်ပြန်လည် ပုံဖေါ်မည့် ပေဖူးလွှာ တွင် ခပ်ညံ့ညံ့ ကလောင်တစ်ချောင်းမှ မပါ ”ဟု ဗီနိုင်း ဆိုင်းဘုတ်များဖြစ်ကြော်ငြာထားပြီး ခေတ်ကိုထင်ဟပ်သော ယုံကြည်ရပ်တည်မှုနှင့် အနုပညာစစ်ကိုသာ အများနှင့်မတူစေရဟု အာမခံလျက် ထွက်ရှိလာမည်ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စု နှစ်နှစ်စု နီးပါးက သရုပ်ဆောင် အဆိုတော် ၀င်းဦး စီစဉ်ခဲ့သည့် စန္ဒာ မဂ္ဂဇင်းမှာလည်း စာပေစီစစ်ရေး တွင် ပြန်လည် ထုတ်ဝေခွင့် ရရှိရန် တင်ပြထားပြီး ဒေါ်အိုင်ရင်းတင်လှ က ထိုမဂ္ဂဇင်း အတွက် ငွေကြေးမတည် မည် ဟု သိရသည်။

အလှအပရေးရာမဂ္ဂဇင်း အယ်ဒီတာ တစ်ဦးက “အခု ဘာလေးဘာ (စာအုပ်အရောင်းထိုင်းသည့် စက်တင်ဘာ မှ ဒီဇင်ဘာ ကာလ )တောင် မ၀င်သေးဘူး မဂ္ဂဇင်းတွေ က အရောင်း ထိုင်းနေပြီ အခုလက်ရှိ နာမည်ကြီးနေ တာတွေ တောင်ကြော်ငြာ အားပြုနေရတာ စောင်ရေ ကို အားကိုး လို့ မရဘူးစရိတ်တွေ ကလည်း မီးစက် ဆီဖိုးက အစ စီစစ်ရေးကို လက်ဆောင်ပေးရ တဲ့ ခြင်းဖိုး အထိပဲ ”ဟုယနေ့ မြန်မာ စာပေ ဈေးကွက် နှင့် ပတ်သက်၍ ညည်းညူသည်။

ယခင် က ထုတ်ဝေည့် ပေဖူးလွှာ မဂ္ဂဇင်းတွင် ယခု ရွှေ အမြုတေ မဂ္ဂဇင်း အယ်ဒီတာ ၀င်းငြိမ်း ၏ အင်တာဗျူး နှင့် ကာတွန်း မောင်စိန် ၏ တစ်ကွက် ကာတွန်းများမှာ နာမည် ကြီးသည်။

ယခုထွက်ရှိမည့် ပေဖူးလွှာတွင် ဒဂုန်တာရာ ၊ပါရဂူ ၊အောင်သင်း ၊မောင်မိုးသူ ၊ ကျော်ဟိန်း နှင့် မြတ်ခိုင် တို့ ပါဝင်ရေးသားကြမည် ဖြစ်ပြီး ဖက်ရှင် နှင့် အလှအပ ရေးရာကဏ္ဍများလည်းပါဝင် သည်။

ပေဖူးလွှာ မဂ္ဂဇင်းကို မမ ၊မဟေမာ နှင့် ဇောရိုး တို့ က စီစဉ်တည်းဖြတ်ကြမည် ဖြစ်သည်။