၁၇ သြဂုတ် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Outrage Over Democracy Icon Still Detained but American Freed

အဓိက တရားခံ ဖြစ်သူ ယက်တော အားပြန်လည် လွှတ်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အား
ဆက်လက်ဖမ်းဆီးထားမှုကြောင့် ရဟန်း၊သံဃာ တော်များ အပါအ၀င် ပြည်သူလူထု သည် ထိုကိစ္စအတွက် စစ်အစိုးရ အပေါ် လုံးဝကျေနပ်ခြင်းမရှိပဲ မကြာခင်မှာပင် ပြည်သူတစ်ရပ်လုံးပါဝင်သည့် အုံ
ကြွမှုကြီး တစ်ရပ် မကြာခင် ပေါ်ပေါက်နိုင်ကြောင်း မှော်ဘီ နည်းပညာ တက္ကသိုလ် မှ ဆရာတစ်ဦးက Freedom News Group သို့ ပြောသည်။
သြဂုတ်လ ၁၄ ရက်နေ့ မှ စတင်ကာ ရန်ကုန် မြို့ ရှိ ဘုန်းကြီးကျောင်းများ နှင့် တက္ကသိုလ်၊ကောလိပ်ကျောင်းများကို လုံခြုံရေးတင်းကျပ်ထားသည်။၂၀၀၇ ခုနှစ် စက်တင်ဘာလ က ဖြစ်ပွားခဲ့သည့် သံဃာ တော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ ပြည်သူများပူးပေါင်းပါဝင်သော သံဃာအရေးအခင်းကြီး တစ်ခု ပေါ်ပေါက်လာ နိုင်ကြောင်းဖြင့်လည်း ရန်ကုန်မြို့ခံများ က ခန့် မှန်း
ထားကြသည်။
ဒေါ်အောင်ဆန်းစုကြည် အားမတရားသဖြင့် ဆက်လက်ချုပ်နှောင် ထား ခြင်းကိုမြန်မာတိုင်း
ရင်းသားလူမျိုးစု အားလုံးအပါဝင် သံဃာတော်များက ပြန်လည်လွှတ်ပေးရန် တောင်းဆိုသော် လည်း စစ်အစိုးရက လျှစ်လျှူရှုခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လည်း ဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက် သတ်ဖြတ်စော်ကားမှုများကို စစ်အစိုးရအာဏာပိုင်များက ပြန်လည်တောင်းပန်ရန်နှင့် မလိုက်နာပါက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု ထုတ်ပြန်ထားသည့် ကြေညာချက်ကြောင့် စစ်အစိုးရ
က ရွှေဝါရောင် တော်လှန်ရေးကာလ က ဦးဆောင်ပါ ၀င်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအနီး
တွင် လက်နက်ကိုင်ဆောင် ထားသော လုံခြုံရေးများချထားသည်။
၃၈ လမ်းဈေးမှ ဈေးသည် တစ်ဦးက “ဆန်ဈေးနဲနဲ တက်တယ်ဆီဈေးက တော့ ဟိုအပတ်ထဲက ဒီသတင်းကြောင့် ကုန်ဈေးနှုန်းတွေ နဲနဲ တက်သွားတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် မှုတစ်ခု ၂၀၀ရခုနှစ်က ဖြစ်ပွားခဲ့ရာ နိုင်ငံတကာတွင် ရွှေဝါရောင်တော်လှန်ရေးဟု ထင်ရှားခဲ့သည်။ထိုတော်လှန်ရေးကို စစ်အစိုးရ လုံခြုံရေးတပ်များက အကြမ်းဖက် ဖြိုခွဲခဲ့ရာ ဂျပန်
နိုင်ငံသားသတင်းထောက် တစ်ဦးအပါ အ၀င် လူသုံးဆယ် ကျော်သေဆုံးခဲ့သည်။

ပိုလန်၊ဂတ်တိုကဂျူးတွေလိုလူကုန်ုတဲ့အထိချရင်ချ
ဒါမှမပာုတ်သူတို့အုပ်ချုပ်တာကိုပဲအသာတကြည်လက်ခံရင်ခံ
ရွေးစရာတစ်ခုပဲရှိတယ်
ဖြစ်ချင်သလိုဖြစ်ဟိုကတော့ထုလိမ့်မယ်……
စောင့်ကိုနေတာ………….