၁၈ သြဂုတ် ဘန်ကောက် ၊ ၊၀ါရှင်တန် ပို့ (စ)
Obama welcomes release of U.S. citizen from Myanmar်

ထောင်ဒဏ် ခုနှစ် နှစ် ချမှတ်ခံရသည့် အမေရိကန် နိုင်ငံသား ဗီယက် နမ်စစ်ပြန် ယက်တော ကိုပြန်လည် လွှတ်ပေးလိုက် သည့် အတွက် အမေရိကန် သမ္မတ အိုဘားမားက ကြိုဆိုလိုက်သည်။
အိုးဘားမား ရုံးအဖွဲ့ မှ ယနေ့ ထုတ်ပြန်သော သမ္မတ ၏ ကြေညာချက် တွင် “ယက်တော အားလွှတ်
ပေးခြင်း အတွက် မြန်မာ စစ်အစိုးရ ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောသွား ပြီး ယခု ကဲ့သို့ ယက်တော
အားလွှတ်ပေးသည့် စိတ်ဓာတ် မျိုး နှင့် ပင် မြန်မာနိုင်ငံရေး အကျဉ်းသားများ နှင့် ဒေါ်အောင်ဆန်းစုကြည် အားလွှတ်ပေးရန် တိုက်တွန်း ပြောကြားလိုက်သည်။
ဆန်းကြယ်သော အမေရိကန် နိုင်ငံသား ယက်တောသည် ယခုနှစ် လေလ ၄ ရက်နေ က မြန့် မာဒီမို
ကရေစီခေါင်းဆောင် အိမ်သို့ ချဉ်းနင်း ၀င်ရောက်မှုကြောင့် ယခုလ ၁၁ ရက် နေ့ ကအလုပ်ကြမ်း နှင့်
ထောင်ဒဏ် ခုနှစ် နှစ် အပြစ်ပေးခံရသည်။
သူချဉ်းနင်း ၀င်ရောက်မှု ကို အကြောင်းပြုပြီး စစ်အစိုးရ က မြန်မာ ဒီမိုကရေစီခေါင်းဆောင် အား
ထောင်တွင်းတရား စွဲဆိုမှုပြုပြီး နေအိမ် အကျယ်ချုပ်သက်တမ်း တိုးမြှင့်ခဲ့သည်။
အိမ်ဖြူတော် နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန တို့ ၏ ထုတ်ပြန်ချက်တွင် ယက်တော အားလွှတ်ပေးသည့် အတွက် ကြိုဆိုသည် ဟု ဖေါ်ပြထားသော် လည်း သူ့ အားလွှတ်ပေးသည့် အတွက် အမေရိကန် က မြန်မာ အစိုးရ အပေါ်ချမှတ် ထားသည့် မူဝါဒ အပြောင်းအလဲ မရှိ နိုင်ကြောင်း ဖေါ်ပြထားသည်။
ယက်တော လွတ်မြောက်သွားပြီး ဒေါ်အောင်ဆန်းစုကြည် အားဆက်လက်ဖမ်းဆီး ထားခြင်းအ
တွက် မြန်မာ ပြည်သူများ က ကျေနပ်မှု မရှိဟု သိရသည်။
