၂၃ သြဂုတ် ရန်ကုန်၊ ၊စပယ်ထွန်း
New Jade Market in China – Burma Border
မြန်မာ-တရုတ်နယ်စပ်အနီး တရုတ်နိုင်ငံအတွင်းတယ်ဟုန်းလိုင်းဒေသယင်းကွမ်းမြို့တွင် ကျောက်စိမ်းကုန်ကြမ်း
မှကုန်ချော ထုတ်လုပ်သည့် လုပ်ငန်းများရှိပြီး မကြာမီက ကုန်သည်ကြီး တစ်ဦးက အကျယ်စတုရန်းမီတာ ၁၀၀၀၀ ရှိ
မြေကွက်တွင်မီတာ ၅၀၀အကျယ်ရှိလေလံအဆောက်အအုံတစ်ခုကိုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယခင်က မြန်မာနိုင်ငံထွက်ကျောက်စိမ်းများကိုလည်း အဆိုပါဒေသသို့ မူဆယ် ၁၀၅ မိုင်နယ်စပ်စခန်းမှတစ်ဆင့်တင်ပို့
ခဲ့ရာ ယခုကဲ့သို့လေလံဈေးကွက် ပေါ်ထွက်လာခြင်းဖြင့် တင်ပို့ရာတွင် ဈေးပိုရနိုင်လာကြောင်းကုန်သည်လုပ်ငန်းပိုင်ရှင်
အချို့ကဆိုပါသည်။ မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေ ဟော် မြို့ အနီးတွင် မြန်မာ နိုင်ငံမှ ခိုးထုတ်သည့် ကျောက်မျက်
ရတနာများ ကိုလက်ခံ ၀ယ်ယူသည့် တရုတ် ကုန်သည် များ အခြေစိုက်သည်။
`ကျောက်စိမ်းရဲ့ အဓိက၀ယ်လက်ကတရုတ်ကအဓိက ၀ယ်တာပဲ။ ဒါပေမဲ့အကြမ်းထည်တွေကိုပဲ အများဆုံးပို့
ပြီး ဟိုက သူတို့ဈေးကွက်အကြိုက် အချောထည်ပြန်လုပ်ပြီး ရောင်းတာပေါ့။ ယင်ကွမ်းမှာဆိုရင် ကျောက်စိမ်းအချော
ထည် လုပ်တဲ့ လုပ်ငန်းတွေ မနည်းဘူး။ လေလံ ဈေးကွက် ပေါ်လာရင် အဲဒီဘက်ထိ သွားရောင်းနိုင်ရင် ပိုကိုက်နိုင်ပါ
တယ်´ ဟုနယ်စပ်အခြေစိုက် ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောကြားကြောင်း ၂၀၀၉ ခုနှစ်သြဂုတ်လ ၂၆ ရက်နေ့
ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားသည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ နှင့် မယ်ဆိုင် မြို့ များတွင် လည်းမြန်မာ နိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းများကိုမှောင်ခို ထုတ်၍ ရောင်းချသည့်  ကျောက်စိမ်းဈေးကွက်များ ရှိသည်။တရုတ် နိုင်ငံ ကြယ်ခေါင် မြို့ တွင် မြန်မာ့ ပတ္တမြားမှောင်ခို ဈေးကွက်ရှိသည်။
မြန်မာ့ ကျောက်မျက်ရတနာ တင်ပို့ ခွင့်ကို အမေရိကန် ၊ဥရောပ နှင့် သြစတေးလျှ နိုင်ငံများက
ပိတ်ပင်ထားသည်။
