ဘရက်ပစ် ရဲ့ Inglorius Basterds

၂၅ုသဂုတ် ဘန်ကောက် ၊                    ၊F N G (movie guide)

First look: ‘Basterds’ opens to a glorious $37.6 million

Actor Brad Pitt attends the German premiere of Inglourious Basterds.
Actor Brad Pitt attends the German premiere of Inglourious Basterds.

ဒါရိုက်တာ ကွာတင်တာရန်တီနို သရုပ်ဆောင်ထားသည့် Inglorious Basterds ဇာတ်ကားသည် ယခုတစ်ပတ် အမေရိကန် တွင် နံပါတစ် လူကြိုက် အများဆုံးဇာတ်ကား

ဖြစ်နေပြီး ပွဲဦးထွက် ပြသည့် အားလပ်ရက် နှစ်ရက် အတွင်း (weekend) မှာပင် ဒေါ်လာ သန်းလေးဆယ် နီးပါးဝင်ငွေ ရရှိခဲ့သည်။

ဂျာမန် နာဇီ ခေါင်းဆောင် များ အားသုတ်သင်ချေမှုန်း ရန် အတွက် တင်နက်ဆီ ပြည်နယ်မှအမေရိကန် စစ်ဗိုလ် အယ်ဒိုရိန်း ဦးဆောင်သည့် ဂျူး-အမေရိကန် ကပြား စစ်သားရှစ်ယောက် အဖွဲ့ မှ စစ်ရာဇ၀တ် ကောင် နာဇီ တို့ ကို သုတ်သင် ချေမှုန်း ပုံကို ရိုက်ကူး တင်ဆက်ပြထားခြင်း ဖြစ်သည်။

ထို နာဇီ ရာဖ၀တ် ကောင်များ ကို သုတ်သင် ချေ မှုန်းသည့် အဖွဲ့ က သူတို့ ၏ စကားဝှက်အဖြစ် Inglorious Basterds ဟူ သည့် အမည် ကို အသုံးပြုကြသည်။မျက်စေ့ ရှေ့တွင် ပင် မိဘ နှစ်ပါး အသတ်ခံလိုက် ရပြီး နောက်နာဇီ စစ်ဗိုလ် များလက်မှလက်လွှတ် ထွက်ပြေးခဲ့ရသည့် ဒရေးဖတ်(စ) မှာ နောက် လေး နှစ်ကြာပြီး နောက် ပြင်သစ် နိုင်ငံ ပါရီ တွင် ရုပ်ရှင် ရုံ ပိုင်ရှင် ဖြစ်နေသည်။

တစ်နေ့ တွင် သူမ၏ ရုပ်ရှင်ရုံသို့ ဂျာမန် ၀ါဒဖြန့် ချိရေး ဇာတ်ကား ပရီမီးယား ရှိုးလာရောက်ပြသ မည့် နေ့ တွင် ဟစ်တလာ အပါအ၀င် နာဇီ စစ်ခေါင်းဆောင်များ လည်းလာရောက် ကြည့် ရှု မည် ဖြစ်သည်။

သူမ၏ ရုပ်ရှင်ရုံ ဉ် လာရောက် ကြည့် ရှုမည့် နာဇီ ခေါင်းဆောင် များကို လက်စားချေခွင့် ရရှိသလို နာဇီ များကို ရက်ရက် စက်စက် ချေမှုန်းသည့် စစ်ဗိုလ် သည့် အင်ဂလိုရီးယပ် စ ဘတ် စ တ ဒတ် အဖွဲ့ က လည်း နာဇီများ ကို မျိုးဖြုတ် ရန် အတွက် ဒရေးဖတ်၏ ရုပ်ရှင် ရုံထဲ့သို့ နည်း အမျိုးမျိုး ဖြစ် ၀င်ရောက် နေရာ ယူထားပြီး ဖြစ်သည်။

ခပ်တည်တည် ဖြင့် အရွှန်းဖောက် တတ်သော အမေရိကန် စစ်ဗိုလ် အယ်ဒို ရိန်း အဖြစ်သရုပ်ဆောင် ထားသည့် မင်းသား ဘရက် ပစ် ၏ သရုပ်ဆောင် မှု ကို အမေရိကန် နှင့်ဥရောပ ပရိသတ် တို့ က နှစ်သက်ကြသည်။( ရုပ်ရှင် တစ်ကား နှင့် တစ်ကား သရုပ်ဆောင် မှု တူညီ မှု မရှိ အောင်ကွဲ ပြား ခြားနား အောင် ဘရက်ပစ် က သရုပ်ဆောင်ထားသည်)ဒုတိယ ကမ္ဘာ စစ် မတိုင် ခင် က ခပ် ဟော့ ဟော့ ရမ်းရမ်း အမေရိကန် စစ်သားအဖြစ် ဘရက် ပစ် သရုပ်ဆောင် ပုံမှာ ကောင်းသည်။

ကွာတင် တာရန် တီ နို က ဇာတ်လမ်း ဇာတ် ညွှန်း ကိုယ်တိုင်ရေးသားခဲ့ပြီး အယ်လီ ရောတ် ၊ဒိန်း ခရော်ဂျာ နှင့် ခရစ်တိုဖာ ဝေါဇ် တို့ ပါဝင် သရုပ်ဆောင် ထားသည်။