သမ္မတ ဟောင်းဂျွန်အက် (ဖ)ကနေဒီ ၏ ညီဖြစ်သူ လွှတ်တော်အမတ် တဒ် ကနေဒီ ၏ ဈာပန

၂၉ သြဂုတ် ဘော်စတွန် ၊                        ၊သီရိထက်

Edward M. Kennedy – – 1932 – 2009

ဘော်စတွန် တွင် ထားရှိသော ရုပ်အလောင်းကို ဂုဏ်ပြုတပ်ဖွဲ့ မှ ယနေ့ မနက်ပိုင်းတွင် ဂုဏ်ပြုစဉ်
ဘော်စတွန် တွင် ထားရှိသော ရုပ်အလောင်းကို ဂုဏ်ပြုတပ်ဖွဲ့ မှ ယနေ့ မနက်ပိုင်းတွင် ဂုဏ်ပြုစဉ်

၁၉၆၃ ခုနှစ်က လုပ်ကြံခံခဲ့ ရသူ အမေရိကန် သမ္မတ ဂျွန်အက် (ဖ)ကနေဒီ၏
ညီဖြစ်သူ မက်ဆာချူးဆက် ပြည်နယ် လွှတ်တော်အမတ် အက်ဒွပ် (တဒ်) ကနေဒီ သည် ၂၅ ရက်နေ့ ည အင်္ဂါ နေ့ နှောင်းပိုင်း)က အသက် ၇၇ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

ဥဏှောက် ကင်ဆာရောဂါ ကို ကြာရှည်စွာခံစားနေရသည့် တဒ်ကနေဒီမှာ ထိုရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ကနေဒီ ၏ ရုပ်အလောင်းကို ဇာတိ
ဘော်စတွန် ရှိ သမ္မတ ကနေဒီ စာကြည့် တိုက် နှင့် ပြတိုက် တွင် အများပြည်သူ ကြည့်ရှုရန် ထားရှိမည် ဖြစ်သည်။ စနေ နေ့ တွင်မူ သူ၏ အကိုနှစ်ဦးဖြစ်သူ ဂျွန်အက် (ဖ) ကနေဒီ နှင့် ရှေ့ နေချုပ် ရောဘတ် ကနေဒီတို့ လဲလျှောင်းရာ  ဗာဂျီးနီးယား ပြည်နယ်ရှိ အာလင်တန် အမျိုးသား
သင်္ဂျိုင်းတွင် မြုပ်နှံမည် ဖြစ်သည်။

obama-and-kennedyဒီမိုကရက် သက်တမ်းရှည် လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် ကနေဒီသည် ၁၉၆၂ ခုနှစ်မှ စ၍ လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးကောက်ခံရသည်။ကွယ်လွန်ချိန် အထိ အထက်လွှတ်တော် ၏ အလုပ်သမား နှင့် လူ့ စွမ်းအားအရင်းအမြစ် စီမံခန့် ခွဲရေးကော်မတီ ၏ ဥက္ကဌ
အဖြစ်ဆောင်ရွက်ခဲ့သည်။

အမေရိကန် နိုင်ငံသား တို့ အတွက် အကျိုးရှိစေ နိုင်သည့် ဥပဒေ ပြဌာန်းမှု များကို စည်းရုံးလှုံဆော် နိုင်ခဲ့သည်။ယခု အိုဘားမား ၏ နိုင်ငံသားတို့ အပေါ်ကျန်းမာရေး စောင့်ရှောက် မှု အစီအစဉ် အား ကနေဒီ ကစတင်
တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကနေဒီသည် သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ ၏ ဗြိတိန် သံအမတ် အဖြစ် စေလွှတ်ခြင်းခံရသူ စီးပွားရေး လုပ်ငန်းရှင် ဂျိုးဆက် (ဖ) ၏ သားသမီး ကိုးဦး
ဉ် အငယ် ဆုံးဖြစ်သည်။

၁၉၈၀ ပြည့် နှစ်တွင် သမ္မတ ရွေးကောက်ပွဲ အတွက် ဒီမိုကရက် ခေါင်းဆောင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရာ ရှုံးနိမ့် ခဲ့သော်လည်း
သူရှုံး နိမ့်ကြောင်းပြောကြားခဲ့သည့် မိန့် ခွန်းတိုမှာ မူ အမေရိကန် လူမျိုး တို့ ၏ စိတ်ဓာတ်ကို ဖေါ်ထုတ်ပြနိုင်ခဲ့သဖြင့် ကမ္ဘာကျော်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင် ပထမ အိမ်ထောင် ဂျူံး နှင့် လမ်းခွဲခဲ့ပြီး ၁၉၉၂ ခုနှစ်တွင်
ဝါရှင်တန် မှ ရှေ့နေ တစ်ဦးဖြစ်သူ ဗစ်ကီ ရစ်ဂျီ နှင့် လက်ထပ်ခဲ့သည်။

ပထမ အိမ်ထောင် နှင့် သားသမီး သုံးဦးရရှိခဲ့ပြီး သားဖြစ်သူ ပက်ထရစ် ကနေဒီမှာ အောက်လွှတ်တော် အမတ် အဖြစ်တာ ၀န်ထမ်းဆောင်နေပြီ ဖြစ်သည်။

Obit Ted Kennedyကနေဒီ နှင့် သူ၏ ဇနီး ဟောင်းဖြစ်သူ ဂျုံးတို့ ကို ၁၉၅၇ ခုနှစ်တွင် သူ၏အမဖြစ်သူ ဂျင်းက မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ဂျင်းကနေဒီ၏
သူငယ်ချင်းဖြစ်သူ ဂျုံးမှာ ထိုအချိန်က မော်ဒယ် လ တစ် ယောက် အဖြစ်
လည်း အသက်မွေး ၀မ်းကျောင်းပြုနေပြီ ဖြစ်သည်။ ကနေဒီ (JFK) ၏ ဇနီးဖြစ်သူ ဂျက်ကလင်း အား ဆွဲဆောင်မှု ရှိအောင်ဖန်တီးပေးခဲ့သူလည်း
ဖြစ်သည်။

တဒ်က နေဒီ ၏ တူဖြစ်သူ (ကနေဒီ နှင့် ဂျက်ကလင်းတို့ ၏ သား) ဂျွန် အက်(ဖ) ကနေဒီ (အငယ်)  ၎င်း၏ ဇနီးဖြစ်သူ ကာရိုလင်း ဘက်ဆက်တီ နှင့်သူ ၏ ခယ်မ ဖြစ်သူတို့ မှာ ၁၉၉၉ ခုနှစ်က လေယာဉ်ပျက်ကျ၍ ကွယ်လွန်
ခဲ့သည်။

အမေရိကန် ပြည်သူများအား အခမဲ့ ကျန်းမာရေးအစီအစဉ် ဥပဒေ ဖြစ်မြောက်ရန် လွှတ်တော်တွင် စွမ်းဆောင်ပေးနေ သော တဒ် ကနေဒီသည်
သူ၏ အစီအစဉ် အောင်မြင်ခြင်းရှိ – မရှိ ကို မသိ နိုင်တော့ပြီ ဟု သူ၏ လုပ်ဖေါ်ကိုင်ဖက် ယူတက် ပြည်နယ် လွှတ်တော်အမတ် အိုရင် ဟက် ကပြောသည်။

အက် ဒွပ် ကနေဒီ ကွယ်လွန် ခြင်းအတွက် အမေရိကန် တွင် အလံတိုင်များကို တိုင် ၀က်လျှော့ ချ၍ ၀မ်းနည်းကြောင်းပြသ ခဲ့သည်။ကနေဒီ ၏ ဈာပန သို့ သမ္မတ အိုဘား နှင့် ရီပတ်ဘလစ် ကန် လွှတ်တော် အမတ် မက်ကိန်း တို့ လည်း တက်ရောက်မည် ဖြစ်သည်။