၃၀ သြဂုတ် ရန်ကုန်၊ ၊စပယ်ထွန်း
Myanmar Gay Participants HIV/AIDS Awareness
ယမန်နေ့ ညက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည့် ဖဲကြိုးနီ ပွဲတော် တွင်မြန်မာနိုင်ငံမှ လိင်တူချစ်သူများစွာစုရုံးခဲ့၍ လိင်တူချစ်သူများ လှယဉ်ကျေးမယ်ရွေးချယ်ပွဲ Miss Red Ribbon အမည်ဖြင့်ကျင်းပခဲ့သည်ဟုသိရသည်။
ထိုပွဲသို့ တက်ရောက်ခဲ့သည့် ဖက်ရှင်ဒီဇိုင်နာ ကိုညီကပြောရမယ်ဆိုရင် အခြောက်(အလှဖန်တီးရှင်) တွေအတော်စုံတယ်ပေါ့ဗျာ မကြီးစန်း (ခင်စန်းဝင်း) ၊ကိုဂျွန် နဲ့ ကိုအောင် တို့ က ဦးစီးကြတာပဲ နယ်က Gay တွေပါ လာကြတယ်။လက်မှတ်ဈေးတွေ က နဂို နှစ်သောင်းက နေ ငါးသောင်းထိကို တစ်သိန်း ကျော်
ထိတောင်ဖြစ်တာ လေးဖြူပွဲတောင်ဒီလောက်ထိမှောင်ခို ဈေးမဖြစ်ဘူး ဟု Freedom News Group သို့ ပြောသည်။
အလှဖန်တီးရှင်များနှင့် အိမ်တွင်းပုန်း အခြောက် လေးရာနီးပါး တက်ကြသောထိုပွဲတော်မှာ ခုခံအား
ကျဆင်းမှုကူးစက်ရောဂါ နှင့် ပတ်သက်၍ လိင်တူဆက်ဆံသူများကြားတွင်သာမက အများပြည်သူများကြားတွင်ပါ သတိရှိလာစေရန် ရည်ရွယ်၍ စီစဉ်ခြင်းဖြစ်ကြောင်း PSI မြန်မာမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုပွဲတွင် ရံပုံငွေ သိန်း ၅၀ ကျော် ရှာဖွေနိုင်ခဲ့သည် ဟု သတင်းရရှိသည်။ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူများ မှာ မိန်းမ အစစ် နှင့် ခွဲမရအောင် တူသည် ဟု ထိုပွဲတော်သို့ 
သွားရောက်ခဲ့သူ တစ်ဦးကပြောသည်။
