၆ စက်တင်ဘာ မန္တလေး၊ ၊ညွန့် သက်ထားဦး
Myanmar Have Not Sympathizes Wa and Kokant

“ကျွန်မ သမီး တက္ကသိုလ် ကျောင်းသူလေးလေ ၉၈ ခုနှစ်မှာ ၀ တွေစီးလာတဲ့ကားဝင်
တိုက်မိ လို့ သေသွားတာ မောင်းလာတာက ၀ တပ်ဖွဲ့ က ဗိုလ်မှုး နောက်ကျတော့ ကားတောင် မမောင်းတတ်တဲ့ မြန်မာ တစ်ယောက် နဲ့ အစားထိုးတယ် မျက်မြင်သက်
တွေက ကားမောင်းတာ ဒီလူမဟုတ်ပါဘူးပြောတော့ ၀ တွေက အဲဒီသက်သေတွေကို
ခြိမ်းခြောက်တယ် ။ခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးက လက်ပိုက်ကြည့်နေတယ်။ဟောအခု ၀ဍ် ပြန်လည်တော့မယ့် ကောင်းတယ်“ ဟု အထူးဒေသ ၂ ဟုခေါ်သည့် ရန်ကုန်ရောက် ၀တပ်ဖွဲ့ ကြောင့် သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရသူ အမေအို တစ်ဦးက Freedom News Group သို့ တစ်ချိန်က ကြုံခဲ့ရသည့် သူမ၏ သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရပုံကို ဒေါသအပြည့်ဖြင့်ပြောသည်။
သြဂုတ် လ ၂၇ ရက်မှ စတင်၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဟုခေါ်သော ကိုးကန့်တပ်အား စစ်အစိုးရ တပ်များက ထိုးစစ်ဆင်မှု နှင့်ပတ်
သက်၍ ပြည်သူများက ဝေဖန်ပြောဆို မှု အလွန်နည်းပါးကြောင်း မန္တလေး အခြေစိုက်
စာနယ်ဇင်း ဆရာမ တစ်ဦးက ပြောသည်။
တစ်ချိန်က ငြိမ်းချမ်းရေး အဖွဲ့ ဆိုသည့် ကိုးကန့်  အချို့ ၏ ရန်ညှိုးထားခြင်းကို ခံခဲ့ရသည့် ရန်ကုန်မှ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက မြေနီကုန်း မှာ ကျွန်တော် ဖွင့်နေတာကြာပြီလေ သူတို့ က ဘေးနားမှာ စားသောက်ဆိုင်အကြီးကြီး လာဖွင့် တယ် ကျွန်တော့် ဆိုင်ကို ဒုက္ခပေးတယ် ဆိုင်ရှေ့မှာ သူတို့ ကားတွေ ပိတ်ရပ်တယ် ။ဆိုင်ကိုလာ
တဲ့ ဖောက်သည်တွေ ကိုတောင် ခြိမ်းခြောက်တယ်ဗျာ။နောက်ဆုံး ကျွန်တော်လည်းဆိုင်
ပိတ် လိုက်ရတယ်။သူ တို့ ကို မြန်မာ တိုင်းရင်းသားတွေ လို့ ကျွန်တော် မထင်ဘူး
တရုတ် ၀ိသမ စီးပွားရေးသမားတွေ အခွင့်အရေးရ တုန်း ဗိုလ်ကျတဲ့ကောင်တွေ “ဟု
သူ ကြုံတွေ့ ခံစားခဲ့ရ သမျှ ကိုပြောပြသည်။
စစ်အစိုးရတပ်များ ၏ ကိုးကန့် ထိုးစစ်သည် မန္တလေးမြို့ ပေါ်တွင်လည်းဂယက် ရိုက်
ခတ်မှုရှိခဲ့ပြီး မန္တလေးတွင် နေထိုင်ကြသည့် ၀ နှင့် ကိုးကန့် များမှာ စီးပွားရေးလုပ်ငန်း
နှင့် နေအိမ် များကို ပြန်လည်ရောင်းချနေသောကြောင့် အိမ်ခြံမြေဈေးများ ကျဆင်းနေ
သည် ဟု သိရသည်။
ကိုးကန့် ဒေသတွင်း သို့ စစ်အစိုးရ တပ်ဖွဲ့ များ အလုံးအရင်းဝင်ရောက်မှုနှင့် ပတ်သက်
၍ ရန်ကုန် နှင့် မန္တလေး တွင် လူပြောများသော သတင်းဖြစ်သော် လည်း မြန်မာ လူမျိုးအများစု က မူ ၎င်းတို့ ကို တိုင်းရင်းသားများအဖြစ် မှတ်ယူထားကြပုံမပေါ်ဟု သိရသည်။
မန္တလေး လမ်း၈၀ တရုတ်တန်း တွင် ကွမ်းယာရောင်းနေသည့် ကိုမောင်မောင်အေး က စစ်အစိုးရ ၏ ကိုးကန့် နှင့် ၀ ထိုးစစ် နှင့် ပတ်သက်၍ ”ကျွန်တော် တို့ နန်းရှေ့ဘက်က အိမ်
ကို သူတို့ ဖွင့်မယ့် ဟိုတယ်နဲ့လွတ်လိုဆိုပြီးစည်ပင်ကိုပိုက်ဆံပေးဖျက်ခိုင်းတယ်။စည်ပင်က နောက်ကျလို့ ဆိုပြီး ၀ တွေက သူတို့ ဘူဒိုဇာတွေ နဲ့ ထိုးဖျက်လိုက်တယ် ။အသက် ၈၀ ကျော် အမေနဲ့ ကျွန်တော် တို့ အထုပ်တွေ နဲ့ လမ်းဘေးမှာ နှစ်ရက်လောက်နေလိုက်ရတယ် ဟု ၀ ဆိုသည့် လက်နက်ကိုင်အဖွဲ့ ကြောင့် သူတို့ ဘ၀ ပျက်ခဲ့ရပုံကို ပြန်ပြောင်းပြောပြသည်။
ယခင် ထောက်လှမ်းရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ မျက်နှာသာပေးမှု
ကြောင့် မန္တလေးမြို့ ပေါ်တွင် ပစ္စတို ခါးကြားတွင် ချိတ်၍ သွားလာခွင့် ရှိသော ၀ နှင့် ကိုးကန့် အဖွဲ့ များက သူတို့ ၏ မတရားမှုကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည့် စခန်းမှုးတစ်
ဦးကို လည်း တာဝန်ချိန် တွင် ပစ်သတ်ခဲ့ဖူးသည်။
ဝ နှင့် ကိုးကန့် ငြိမ်းချမ်းရေးလက်နက်ကိုင် အဖွဲ့ များသည် လားရှိုး၊တောင်ကြီး၊မန္တလေးနှင့်
ရန်ကုန် မြို့ များတွင် စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံထားသည် ။ ကိုးကန့် 
လူမျိုးအများစု မှာ ရန်ကုန်မြို့ တွင် စားသောက်ဆိုင် နှင့် ဟိုတယ်လုပ်ငန်းများ တွင် ရင်းနှီးမြုပ်နှံကြသည်။
ရန်ကုန် ရှိ ကိုးကန့် လူမျိုးတစ်ဦး ဖွင့်လှစ်ထားသော စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးသည့်
အမျိုးသမီး တစ်ဦးက“ နှမ ချင်းစာနာစိတ်မရှိ ဘူး မထင်ရင် မထင်သလို အလုပ်ထုတ်ဖြစ်တယ်”
ဟုပြောသည်။
လားရှိုးအခြေစိုက် ၀ငြိမ်းချမ်းရေးတပ်ဖွဲ့ ၏ လက်ချက်ကြောင့် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့ရသည့်
ကျောင်းဆရာမ တစ်ဦးက “သူတို့ ရဲ့ စစ်ဆေးရေးဂိတ်မှာ လေ ပါလာတဲ့ အိတ်ကို စစ်တော့ ပမာ
အမျိုးသားက ပမာမခန့် ပြောလို့ ဆိုပြီး တခြားခရီးသည်တွေ ရှေ့မှာပဲ ကားပေါ်က ခေါ်ချပြီးပစ်
သတ်လိုက်တာ ၉၄ လောက်က ”ဟု သူမ ၏ ကြမ္မာငင်ခဲ့ရသည့် ဘ၀ ကို နောက်ကြောင်းပြန်ပြော
ပြသည်။
ဆက်၍ သူမက “ဒါတွေ ဘယ်မေ့လို့ ရမလဲ ”ကြေကွဲ သောမျက်လုံးများဖြင့် ဆို့ နစ်စွာပြောသည်။

inn “o” twe ko kyit lo ma ya tar kyar pi. thu to twe ka myanmar pi mar ton ma hote bu ta char country twe mar ton soe nay tar, wit so tar 1 chin mar taw lae mar par. ‘o’ kout song 1 yout ta mi lae thu lin ka main ma twe a myar kyi ne nay pi thu si ka money twe use nay tar thu ti chin mar ti mar par lay
ဘုံရန်သူကို တိုက်နေတဲ့အချိန်မှာ တခြားပယောဂတွေ ကြောင့် အရုံမများစေခြင်ပါဘူး။ ဒီလိုဥပဒေမဲ့လုပ်ရပ်တွေက ဥပဒေဟာ အားလုံးရဲ့အထက်မှာရှိလာတဲ့တနေ့ မျှတမှု့ဆိုတာရှိလာမှာပါ။ နအဖ ဆက်အုပ်ချူပ်နေသ၍တော့ ဒီလို လုပ်ရပ်တွေက ထပ်ပေါ်လာအုံးမှာဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် နအဖ ရဲ့ ရန်သူဟာ အတိုက်အခံတွေအားလုံးရဲ့မိတ်ဆွေ ပါဘဲ
ဒီသမိုင်းကြောင်းတွေက အမှန်တွေပါ။ သချာင်္က မိန်းကလေး ဗိုလ်အောင်ကျော်လမ်းမှာ “၀” ကား က တိုက်ခဲ့တာ ကျွန်တော်တို့မမေ့ပါဘူး။ ၉ လေးလုံး လှုပ်ရှားမှုရက် သူ့ အသုဘကြောင့် ၉၆ သမဂ္ဂ ခေါင်းဆောင်တစ်ချို့အဖမ်းခံခဲ့ရတာမှတ်မိတယ်။ မဟုတ်တာလုပ်တဲ့သူတွေ သူတို့အကုသိုလ် နဲ့တန်တဲ့ လမ်းကိုသွားသင့်ပါတယ်။ ဒါပေမယ့် မျက်မှောက်နိုင်ငံရေး၊ တိုင်းရင်းသားအရေးနဲ့တော့ မရောထွေးသင့်ပါဘူး။
သင်္ကေတရေ…..
လာလည်ပါတယ်နော်
မသိသေးတဲ့သတင်းတွေ လာဖတ်တယ်သိလား
တော်တော် သတင်းစုံတာပဲ ခုလိုမျှဝေပေးတာ
ကျေးဇူးတင်တယ် အားလုံးပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ် မဟုတ်ဖူးလား???