၈ သြဂုတ် ရန်ကုန် ၊ ၊ယူကွန်
Urban Taxi Dilemma

ရန်ကုန် တက္ကစီဈေးကွက်သည် ယခုနှစ် မိုးဦးကာလ အစ ပိုင်းမှ စ၍ ငှားရမ်းစီးနင်းသူများနည်းပါးလာခြင်းကြောင့် အငှားကားပြေးဆွဲသူများ တွက်ခြေမကိုက်ဖြစ်နေကြသည် ဟု သိရသည်။
ထိုကဲ့သို့ အငှားတက္ကစီယာဉ်များကို ငှားရမ်းစီးနင်းမှု ကျဆင်းလာရခြင်းမှာ တက္ကစီအငှားယဉ်များပေါများလာ မှု ပါရမီ စသည့် အစိုးရ တက္ကစီ ပြေးဆွဲမှုများ
ဈေးကွက် ထဲဝင်ရောက်လာခြင်း ၊ဘလက် တက္ကစီခေါ် နံပါတ် နက်တပ် တက္ကစီများ
နှင့် ယှဉ်၍ ဈေးကွက် အပြိုင်လုနေရခြင်းကြောင့် ဖြစ်သည် ။
တစ်နေ့ ပျမ်းမျှ အုံနာကြေး တစ်သောင်းခွဲခန့် ပေးရသည့် တက္ကစီယာဉ်မောင်းအချို့ မှာ
နေ့ တွက်အုံနာကြေးပင် မကိုက်သဖြင့် အငှားယာဉ်မောင်းသမား ဘ၀ ကို စွန့် လွှတ်ချင်
သူများလည်းရှိသော်လည်း အလုပ်အကိုင် ရှားပါးမှု နှင့် စားဝတ်နေရေး အဆင်မပြေမှုများ
ကြောင့် နေ့ တွက် မကိုက် သော်လည်း ဆက်လက်ရုန်းကန်နေရသူများရှိသည်။
တောင်ဥက္ကတွင် နေထိုင်သူအငှား ယဉ်မောင်းတစ်ဦးက “အုံနာခ က တစ်သောင်းလေး
ထောင် နေ့ ဝက်ကျိုးတာတောင် အုံနာခ မပြည့်သေးဘူး ကိုယ့်အတွက် ဘယ်လိုသွားကျန်
တော့မလဲ လကုန်ရက်တွေ ဆို အုံနာခ မကြေတာတောင် များတယ် ဟု ”Freedom News
Group သို့ ပြောသည်။
ရန်ကုန်မြို့ ပေါ်တွင် ပြေးဆွဲနေသည့် တက္ကစီ အငှားယာဉ် များမှာ သဘာဝဓာတ်ငွေ့ CNG ဖြည့်တင်းသုံးစွဲ နိုင်သော မော်တော်ကားများသာဖြစ်သော် လည်း သဘာဝဓာတ်ငွေ့ ရရှိရန်
အတွက် ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာစောင့် ဆိုင်းရပါက လည်းအုံနာ ကြေးနစ်နာ
သည် ဟု သိရသည်။
တက္ကစီ ဒရိုင်ဘာ အဖြစ် ငါးနှစ်နီးပါးကြာ အသက်မွေးဝမ်းကျောင်းပြုလာ သူတစ်ဦးက “
ဘလက် တက္ကစီ (နံပါတ် နက်ဖြင့် ပြေးဆွဲသူ) တွေက လည်း တက္ကစီဈေးကွက်ကို ဖျက်တယ် ပါဆင်ဂျာက ဈေးညှိုနေ တုန်း သူတို့ က ဈေးလျှော့ခေါ်ပြီးတင်ကြတယ် သူတို့ တွေ က တက္ကစီဈေးကွက် ကိုဖျက်တယ်“ဟု ဆိုသည်။
မိုးသည်းထန်စွာ ရွာသွန်းသည့် လမ်းမများပေါ်ရေလျှံသည့် နေ့ များတွင်မူ တက္ကစီငှား
စီးသူများ လုံးဝမရှိသလောက် ဖြစ်သွားသည် ဟု ရန်ကင်း ရှိ တက္ကစီ ဒရိုင်ဘာတစ်
ဦးက ပြောသည်။
