၁၀ စက်တင်ဘာ လားရှိုး ၊ ၊ယူကွန်
Burmese Security Reinforces in Kokang ‘s Capital

ကိုးကန့် တပ်ဖွဲ့ များ၏ အခြေစိုက်ရာမြို့တော်ဖြစ်သည့် လောက်ကိုင်တွင် မြန်မာစစ်တပ် နှင့် ရဲတပ်
ဖွဲ့ ဝင်အင်အား ထောင်ပေါင်းများစွာဝင်ရောက်တပ်စွဲထားပြီးထိန်းချုပ်ထားသည် ဟု ယမန်နေ့ က
လောက်ကိုင်တွင် ပြုလုပ်သော မြန်မာစစ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့်
စာနယ်ဇင်း သမားတစ်ဦးက Freedom News Group သို့ ပြောသည်။
ယခုလ ၈ ရက်နေ့ က လောက်ကိုင်မြို့ တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ
၏ သတင်းပေးချက်အရ လောက်ကိုင်တွင်ရှိသည့် လျှို့ဝှက်တည်ဆောက်ထားသော လက်နက် စက်ရုံ နှင့် စိတ်ကြွဆေးပြားလုပ်ငန်းများကို ၀င်ရောက်သိမ်းပိုက်ရခြင်းဖြစ်သည် ဟုဆိုသည်။
မြန်မာစစ်တပ်က ၀င်ရောက်စဉ်ထွက်ပြေးသွားသော ခေါင်းဆောင်ဖုန်ကြားရှင် နှင့် သစ္စာခံများက ရဲအဖွဲ့ ဝင် ၃၉ ဦးကို ပြန်ပေးဆွဲခဲ့ပြီး ၁၁ ဦးကိုသတ်ပြစ်ခဲ့သည် ဟုပြောသည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်းဆရာက “လောက်ကိုင်မှာတော့ တစ်မြို့ လုံး ရဲ နဲ့ မြန်မာ စစ်သားနဲ့ ရဲတွေချဉ်းပဲ ရဲကားတွေ က မြို့ ထဲမှာတင် လေးဆယ်ကျော်တွေ့ တယ်အသစ်တက်လာတဲ့ ပိုင်စိုးချိန် ကို လည်း ရဲအရာရှိ နှစ်ယောက်လောက်က အမြဲစောင့်ကြည့်မှုရှိတယ်
၊အခုဖွဲ့ ထားတဲ့ ကိုးကန့် ဦးဆောင်မှု အဖွဲ့ မှာ ဘာအာဏာမှ မရှိဘူး ရုံးခန်းပြောင်းခြင်ရင်တောင်
ရှမ်းပြည်နယ် ရဲမင်းကြီးကနေ ရဲချုပ် ကို တင်ပြရတယ် လို့ ပြောတယ် ”ဟု ကိုးကန့် နယ်မြေ၏ နောက်ဆုံး အခြေအနေများ နှင့် ပတ်သက်၍ သူက Freedom News Group သို့ ပြောသည်။
ကိုးကန့် လူမျိုးများနှင့် ဒေသခံအချို့ က ထိုသို့ မြန်မာစစ်တပ်ဝင်ရောက်လာခြင်းကို မနှစ်မြို့ သော်
လည်းနောက် ဘာဖြစ်အုံးမည် ကို မပြောနိုင်သေးဟု ဆိုသည်။
ကိုးကန့် တွင် မြန်မာစစ်အင်အား အလုံးအရင်းချထား သလို ၀နယ်မြေ နှင့် ထိစပ်နေသော နေရာထိလက်နက်ကြီးများတင် ပို့ ရန်လည်း လမ်းများ အရေးပေါ်ဖေါက်လုပ်လျှက်ရှိသည် ကိုတွေ့ ရသည်။
ကိုးကန့် ရောက် ရဲတပ်ဖွဲ့ ဝင်တစ်ဦးကမူ ၎င်းတို့ ရဲတပ်ဖွဲ့ ဝင်များကိုးကန့် တို့ လက်ချက်ဖြင့် ကျဆုံးသွားခြင်းကြောင့် မကျေနပ် ဟု ပြောပြီး ဒေသခံ ကိုးကန့် အမျိုးသမီး တစ်ဦးကမူ နောက်ထပ်ရဲတပ်ဖွဲ့ ဝင်များ ကိုးကန့် ဒေသတွင်း သို့ ဝင်လာအုံးမည် ဖြစ်သဖြင့် ပြန်လည်လက်စားချေမှု များဖြစ်လာမည် ကိုစိုးရိမ် လျှက်ရှိသည်။

မြန်မာစစ်တပ်သည် အောက်တိုဘာလ ၁ ရက်နေ့ တွင်ကျရောက်မည့် တရုတ်ပြည် သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ်ခြောက်ဆယ် ပြည့် အပြီးတွင် ၀ဒေသ ကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်မှုရှိနိုင်ကြောင်း ကိုးကန့် ဒေသခံများက ခန့် မှန်းပြောဆို နေကြသည်။
ထွက်ပြေးသွားသော ကိုးကန့် ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်သည် ၀နယ်မြေထဲတွင် သွားရောက်ခိုလှုံနေသည်။
စစ်အစိုးရ ၏ သတင်းစာရှင်းလင်းပွဲတွင် သံတမန်များကို ပါဖိတ်ကြားခဲ့ပြီး ကိုးကန့် အဖွဲ့ မှ ဖမ်းဆီးရမိသောလက်နက်များ စိတ်ကြွဆေးပြားများကို ပြသထားသည်။
