ရန်ကုန် နံရံပန်းချီပြပွဲ အငြင်းပွားဖွယ်ရာများဖြစ်နေ

၁၁ စက်တင်ဘာ ရန်ကုန် ၊                        ၊စပယ်ထွန်း

Criticized For First Myanmar Graffiti Show

အမေရိကန် ဂရစ်ဖတီ ပညာရှင် အိုဘေး ဂုဏ်ပြုရေးဆွဲထားသည့် မြန့် မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံ
အမေရိကန် ဂရစ်ဖတီ ပညာရှင် အိုဘေး ဂုဏ်ပြုရေးဆွဲထားသည့် မြန့် မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ

နံရံဆေးမှုတ် ပန်းချီ အနုပညာ(Graffiti)  တစ်ခုတည်းကိုသာ စောက်ချလုပ်ကိုင်နေသည့် အနုပညာရှင်များ ပါဝင်ခြင်းလုံးဝမရှိသည့် ပန်းချီပြပွဲတစ်ခုကို လာမည့် အောက်တိုဘာလ ၌ကျင်းပမည်ဆိုသောကြောင့်ရန်ကုန်အခြေစိုက်ပန်းချီဆရာများကြားတွင်အငြင်းပွားဖွယ်ရာဖြစ်နေသည် ဟုသတင်းရရှိသည်။

ထိုပန်းချီပြပွဲကို လာမည့် အောက်တိုဘာလ ကုန်၌ ယောမင်းကြီးလမ်းရှိ News Zero Art SpaceGallery တွင် ခောတ်ပေါ်ပန်းချီဆရာ အေးကို အပါအ၀င် ပန်းချီဆရာ နှစ်ဆယ်ခန့် ကဦးဆောင်ကျင်းပမည်ဟု ယခုတစ်ပတ်ထုတ် ရန်ကုန် ခြေစိုက် The Voice ဂျာနယ်တွင် ဖေါ်ပြထားသည်။

မကြာခင်ကျင်းပမည့် ရန်ကုန်နံရံဆေးမှုတ် ပန်းချီပြပွဲ နှင့် ပတ်သက်၍ မြန်မာ ဟစ်ဟောပ် နယ်ပယ်တွင်ကြင်လည် နေသည့် ဂရဖ်ဖတီ ပညာရှင်တစ်ဦးက “ကျွန်တော်သိတာက နိုင်ငံတကာမှာ ဂရဖ်ဖတီပြပွဲတွေ ကို ငွေကြေးအရလုပ်တာ မဟုတ်တဲ့ နံရံဆေးမှုတ် ပန်းချီဆရာတွေ ကပဲဦးဆောင်ပြီးလုပ်တာကြားဖူးတယ်။အခု ဒီမှာ လုပ်မှာက ကော်မာရှယ် ပန်းချီဆရာတွေ နောက်ပြီး ဘယ်တုန်းကမှ ဂရဖ်ဖတီ လုပ်တာလဲ မကြားမိခဲ့ဘူးပါဖူး ”ဟု Freedom News Group သို့ ပြောသည်။

မြန်မာနိုင်ငံ တွင် နံရံဆေးမှုတ်ပန်းချီရေးဆွဲခြင်းကို စစ်အစိုးရက မြေအောက်နိုင်ငံရေးလှုပ်ရှားမှု ၏အစိတ်အပိုင်း တစ်ခုဖြစ်သည် ဟု မှတ်ယူထားသောကြောင့် ယခုကဲ့သို့ တရားဝင်ကျင်းပနိုင်ခြင်းကိုအံ့သြမိသည် ဟု အမေရိကန် နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်သော မြန်မာ ပန်းချီဆရာ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် နံရံဆေးရေးပန်းချီ အနုပညာလှုပ်ရှားမှုမှာ အလွန်အန္တရာယ်များလှပြီး အများပြည်သူ နှင့် သက်ဆိုင်သည့် နေရာသာမက မသက်ဆိုင်သည့်နေရာများတွင် ပါနိုင်ငံရေးနှင့်သက်ဆိုင်ခြင်းအပါအ၀င်  မည်သည့်ဆေးမှုတ်ရေးဆွဲခြင်းများကို မှ အာဏာပိုင်များကခွင့်ပြုခြင်းမရှိချေ။

လက်ရှိ မြေအောက် ဂရစ်ဖတီ လှုပ်ရှားမှုတွင် နာမည်ရနေသည့် ပညာရှင်များမှာ ထိုပြပွဲတွင် ပါဝင်နိုင်ခြင်းမရှိသော်လည်း ဟစ်ဟောပ်ရှိုးပွဲများနှင့် စားသောက်ဆိုင်အချို့ အတွက် ဂရစ်ဖတီ ပုံများရေးမြေပေါ်အနုပညာရှင် အချို့ မှာလည်း ထိုပွဲကျင်းပသည်ဆိုခြင်းကို The Voice ဂျာ
နယ်တွင် ပါရှိမှ သိရသည် ဟု ဆိုသည်။

နာမည်ကျော်ဟစ်ဟောပ်အဆိုတော်တစ်ဦးကမူ“ဘာပဲဖြစ်ဖြစ်လေလုပ်နိုင်တာတော့ကောင်းတာပေါ့ ဒါပေမယ့် ဂရဖ်ဖတီက ဟစ်ဟောပ်ရဲ့ အဓိက အခြင်းအရာတစ်ခုမို့ လက်ရှိ ဟစ်ဟောပ် နယ်ပယ်ထဲက ဂရစ်ဖစ်တီ ပညာရှင်တွေ ပါဝင်နိုင်ရင် ပိုကောင်းတာပေါ့ ဟု ဆိုသည်။

အမေရိကန် နိုင်ငံတွင် အစပြုခဲ့သည့် နံရံဆေးရေးပန်းချီသည် အနှိမ်ခံများ၏ ပေါက်ကွဲမှုမှ ထွက်
ပေါ်လာသည့် နံရံပေါ်မှ ရင်ဖွင့်သံ တစ်ခု ဖြစ်ကြောင်း အမေရိကန် ဂရစ်ဖတီ ပညာရှင် ကိတ်ဟား
ရင်း က ပြောခဲ့ဖူးသည်။

ဂရစ်ဖတီ အနုပညာကို ငွေကြေးရလိုမှု နှင့် ကျော်ကြားလိုမှုများ အတွက် ရည်ရွယ်လျှင် ဂရစ်ဖတီ၏ပင်ကိုသဘော ကိုကျောခိုင်းသလို ဖြစ်လိမ့်မည် ဟု ပန်းချီဆရာ ကိုကိုနိုင် ကပြောသည်။

မကြာခင်ကျင်းပမည့် ပထမအကြိမ် ရန်ကုန် နံရံဆေးပန်းချီပြပွဲတွင် အေးကို၊ငြိမ်းချမ်းစု၊ကောင်း
စ တို့ ၏ နံရံဆေးရေးပန်းချီကားများ ပါဝင်ပြသမည်ဖြစ်သည်။ထိုပွဲ ကျင်းပခွင့် အတွင် ယဉ်ကျေး
မှုဝန်ကြီးဌာန နှင့် စာပေစီစစ်ရေးသို့ ပြပွဲကျင်းပမည့် တစ်လအလိုတွင် အကြောင်းကြားရမည်ဖြစ်
သည်။