ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတော့မည်ဟု သတင်းများထွက်ပေါ်

၁၁ စက်တင်ဘာ ရန်ကုန် ၊                         ၊တင်ကျော်ကျော်စိုး

Hopeful For Aung San Suu Kyi Release

n34052436929_5953သြဂုတ်လ ၁၁ ရက်နေ့ က ဆိုင်းငံထောင်ဒဏ်ချမှတ်ခံရပြီး နေအိမ်အကျယ်ချုပ်အဖြစ်ပြစ်ဒဏ်ပြန်လည်ချမှတ်ခံရသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မကြာခင်ရက်ပိုင်း
အတွင်းပြန်လည် လွတ်မြောက်လာတော့မည် ဆိုသည့် သတင်းများ ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်း  ကြားတွင်ထွက်ပေါ်လျှက်ရှိသည်။

ထိုသတင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည့် စာနယ်ဇင်းဆရာတစ်ဦးက “ဟုတ်တယ် ..အယူခံကို လက်ခံလိုက်ကတည်းက လွတ်တော့မယ်ဆိုပြီးပြောနေကြတာလေးတွေလဲရှိတယ်။ အခုရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နီးလာတော့ လှုပ်လှုပ်ရှားရှားဖြစ်လာမှာဆိုးတော့ ထိန်းချင်တဲ့ အနေနဲ့ နအဖ ကိုယ်တိုင် ၀ါဒဖြန့် တာဖြစ်မှာပါ”ဟုပြောသည်။

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်မှုကြောင့် ဟု စစ်အစိုးရတရားရုံးမှ ဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးတဲ့နောက် လျှော့ပေါ့ ဆိုင်းငံ့ထောင်ဒဏ် တနှစ်ခွဲအား နေအိမ်မှာ အကျယ်ချုပ်ဘ၀နဲ့ ဆက်ပြီး ကျခံနေရတာခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မှ တနင်္သာရီ တိုင်း လွှတ်တော်အမတ်တစ်ဦးကမူ“သူ့ ကို ၂၀၁၀ ရွေး
ကောက်ပွဲမှာ မပါဝင်စေချင်လို့ ဒီလို ထပ်ဖမ်းထားတာ ပြန်လွှတ်ပေးဖို့ ဆိုတာမဖြစ်နိုင်ဘူး ၊ဒါလုံးဝ
မဖြစ်နိုင်ဘူး” ဟု သူ့ထင်မြင်ချက်အား Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်သို့ တိတ်တဆိတ် ၀င်ရောက်မှုကြောင့် အလုပ်ကြမ်း နှင့် ထောင်
ဒဏ် ခုနှစ်နှစ် ချမှတ်ခံရသည့် ဂျွန်ဝီလျှံယက်တောမှာ မူ အမေရိကန် အထက်လွှတ်တော်အမတ် ကိုယ်တိုင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် တွေ့ ဆုံ၍ တောင်းဆိုမှု ကြောင့် ပြန်လည်လွှတ်ပေးခဲ့ပြီဖြစ်
သည်။

မြန်မာနိုင်ငံအကျဉ်းထောင် များတွင် နိုင်ငံရေးအကျဉ်းသားများ အား စစ်ထောက်လှမ်းရေးမှတွေ့ 
ဆုံ၍ ၂၀၁၀ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဆန္ဒသဘောထားများမေးမြန်း စုံစမ်းလျှက်ရှိသည်။