၁၂ မန္တလေး စက်တင်ဘာ ၊ ၊ညွန့် သက်ထားဦး
Monks Under Watch in Upper Burma
မန္တလေး စစ်ကိုင်း နှင့် တောင်မြို့(အမရပူရ)ရှိ သံဃာတော်များ၏ နံနက်တိုင်းဆွမ်းခံ ကြွချီမှုများကို
စစ်ထောက်လှမ်းရေး၊ရဲ နှင့် ကြံ့ဖွံ့ အဖွဲ့ ဝင်များကနေ့ စဉ်စောင့်ကြပ်ကြည့်ရှုမှုရှိသည် ဟု ရတနာပုံ
တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက Freedom News Group သို့ ပြောသည်။
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ကာလ နှင့် နီးကပ်လာပြီဖြစ်သည့် အတွက်ရန်ကုန် မြို့ မှာ
ကဲ့သို့ ပင်မန္တလေးမြို့ တွင်လည်းလူစည်ကားရာနေရာများနှင့်ဘာသာရေးအရအထွတ်အမြတ်ထား
ရာနေရာများတွင်စောင့်ကြပ်ကြည့်ရှုမှုများပြုနေသည်။
မဟာမြတ်မုနိဘုရားကြီးတွင် ဈေးရောင်းသူတစ်ဦးက “ဆယ်ရက်လောက်ရှိနေပြီ ရဲကားတွေချ
ထားတယ်။ဘုရားဖူးလာတဲ့သူတွေကို စစ်ဆေးတာတွေတော့ မလုပ်သေးဘူး၊ဘုန်းကြီးတွေကို
တော့ သေသေချာချာ ဂရုစိုက်ကြည့်တယ်”ဟုပြောသည်။
မန္တလေးမြို့ ပေါ်တစ်ဝိုက်တွင်သံဃာတော်များကိုစောင့်ကြပ်ကြည့်ရှုမှုပြုသလို အမျိုးသားဒီမိုကရေ
စီအဖွဲ့ ချုပ်အဖွဲ့ ဝင်များ၏နေအိမ်များ နှင့် တက္ကသိုလ်ကောလိပ်ကျောင်းများကို လည်းစောင့်ကြည့်
လေ့လာမှု များရှိကြောင်းသိရသည်။
ယမန်နှစ်က ကျရောက်ခဲ့သောရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်တွင် နိုင်ငံရေးလှုပ်ရှားမှုပြု
လုပ်ရန်ရည်ရွယ်ထားသော ကျောင်းသား နှင့် သံဃာတော်များအပါအ၀င်တက်ကြွလှုပ်ရှားသူ လေးဆယ်ကျော်ကို စစ်ထောက်လှမ်းရေးများက ဖမ်းဆီးထောင်ချခဲ့သည်။
