ကလေးသူငယ် နှင့် သက်ကြီးရွယ်အို တောင်းရမ်းစားသောက်သူများ ရန်ကုန်တွင်ပိုမိုများပြားလာ

၁၃ ရန်ကုန် စက်တင်ဘာ ၊                          ၊စပယ်ထွန်း

တောင်းရမ်းစားသောက်၍ ရရှိသည့်ငွေမှ စားစရာဝယ်ယူလာသည့် ကလေးနှစ်ဦး ဓာတ်ပုံ-Sean Sprauge
တောင်းရမ်းစားသောက်၍ ရရှိသည့်ငွေမှ စားစရာဝယ်ယူလာသည့် ကလေးနှစ်ဦး ဓာတ်ပုံ-Sean Sprauge

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းရန်ကုန်မြို့ တွင်တောင်းရမ်းစားသောက်သူများတစ်နေ့ တစ်ခြားပို
မိုများပြားလာကြောင်း ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် အ၀တ်အထည်ဆိုင်ဖွင့်ထားသူတစ်ဦးက
Freedom News Group သို့ ပြောသည်။

တောင်းရမ်းစားသောက်သူအများစုသည် လူစည်ကားရာဘတ်(စ)ကားမှတ်တိုင်များ ၊ဈေး နှင့် စား
သောက်ဆိုင်ရှေ့များတွင်အများဆုံးတောင်းရမ်းကြသည်။သက်ကြီးရွယ်အို နှင့် ကလေး
သူငယ်အရွယ်တောင်းရမ်းစားသောက်သူများပေါများလာခြင်းနှင့် ပတ်သက်၍ ၂၉ လမ်းအထက် ဘလောက်တွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက “စည်ပင်က ပြီးခဲ့တဲ့ နှစ်လလောက်က စစ်ဆင်ရေး လုပ်တယ် တောင်းစားတဲ့သူတွေ ကို အားလုံးလိုက်ဖမ်းတယ် အခုပိုများလာပြီ အရင်ကဒုက္ခိတတွေ ကတောင်းတာများတယ် အခု အဘိုးကြီး အဘွားကြီးတွေ နဲ့ ကလေးတွေပါ ပါလာတယ်”ဟု ဆိုသည်။

စစ်အစိုးရလက်အောက်ရှိ မြန်မာနိုင်ငံတွင် အလုပ်အကိုင်များရှားပါးမှု နှင့် ပြည်သူများ၏ စားဝတ်နေရေးဘ၀တည်ငြိမ်မှုမရှိသောကြောင့် လူလတ်တန်းစားအလွှာမှာ ပျောကကွယ်လုမတတ်ပင်ဖြစ်နေပြီဟု လူငယ် ဘာသာပြန်စာရေးဆရာတစ်ဦးကပြောသည်။

သက်ကြီးရွယ်အို တောင်းရမ်းစားသောက်သူများမှာ တစ်နေ့ လျှင် ကျပ်နှစ်ထောင်ခန့် ဝင်ငွေရရှိပြီးအချို့ နေ့ များဆိုလျှင် ငွေတစ်ရာကျပ်လောက်သာဝင်သည် ဟုသိရသည်။ကလေးသူငယ် တောင်းရမ်းစားသောက်သူများမှာ ဘတ်(စ)ကားမှတ်တိုင်များတွင် တောင်းရမ်းစားသောက်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် တောင်းရမ်းစားသောက်သည့် အသက်၇၃ နှစ် အရွယ်အဘွားအို တစ်ဦးက “အမေက သားထောက်သမီးခံ မရှိတော့ဘူး အရင်က ပန်းဆိုးတန်းဂိတ်ဘက်မှာ တောင်းတာကားတွေ အန္တရာယ်လဲကြောက်ရသေးတယ် ။ဂိတ်မှုးက မောင်းထုတ်လိုက်လို့ ဒီဈေးထဲကိုရောက်လာတာ အခုလိုဘ၀ရောက်တာ တစ်နှစ်မပြည့် တတ်သေးဘူး” ဟု Freedom News Group သို့ ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ တွင်ဝင်ရောင်ယှဉ်ပြိုင်ရန် အတွက် စိတ်အားထက်သန်မှုရှိသည့် ရန်ကုန်မြို့
တော်ဝန်ဗိုလ်မှုးချုပ်အောင်သိန်းလင်းက မူ တောင်းရမ်းစားသောက် သူ ၇၀ ခန့် ကို စည်ပင်လက်
အောက်ရှိ ဌာနများတွင် ခန့် ထားပေးသော်လည်းအများစုက မလုပ်လို သဖြင့် အလုပ်မှထွက်၍
ပြန်လည်တောင်းစားမှုများရှိသည်။

မြန်မာနိုင်ငံကို နှစ်စဉ် အလည်လာလေ့ရှိသည့် နိုင်ငံခြားသားတစ်ဦးကလည်း ယခုနှစ်တွင် တောင်းရမ်းစားသောက်သူများပို ၍ များလာသည် ကို သူ သတိထားမိကြောင်းပြောသည်။

တောင်းရမ်းစားသောက် သူ အချို့ မှ အုပ်စုလိုက် ဂိုဏ်းဖွဲ့ ၍ တောင်းစားခြင်းဖြစ်သည် ဟု ကျောက်တံတားမြို့ နယ် စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။

One thought on “ကလေးသူငယ် နှင့် သက်ကြီးရွယ်အို တောင်းရမ်းစားသောက်သူများ ရန်ကုန်တွင်ပိုမိုများပြားလာ

  1. ပြည်သူတွေ ဒီလိုဘဝရောက်အောင် ခွေးသူခိုးဗိုလ်ရှုပ်တွေလုပ်တာ

Comments are closed.