၁၄ စက်တင်ဘာ ရန်ကုန် ၊ ၊ယူကွန်
Foreign Mobile SIM Card Available In Yangon

ထိုင်း၊မလေးရှား နှင့် စင်္ကာပူသို့ သွားရောက်မည့်သူများအတွက် ထိုနိုင်ငံမှမိုဘိုင်း ဖုန်းကဒ်များကို ရန်ကုန်တွင် ကြိုတင်၍ ၀ယ်ယူရရှိနိုင်ကြောင်း စင်္ကာပူ နိုင်ငံသို့ ခရီးထွက်ခွာမည့် သူတစ်ဦးက Freedom News Group သို့ ပြောသည်။
ရန်ကုန် မြို့ ထဲရှိ GSM ဟန်းဆက် ရောင်းချသောဆိုင်များတွင် ပြည်ပနိုင်ငံများတွင်သာ အသုံးပြု၍ ရသည့် GSM မိုဘိုင်းဖုန်းကဒ်(GSM SIM Card)များကို ကြိုတင်ရောင်းချသည့်ဆိုင်များပေါများ လာသိဟုသိရသည်။
ထိုင်းနိုင်ငံတွင် လူသုံးများသည့် 12 Call card နှင့် Dtac ကဒ်များကို မြန်မာငွေကျပ် ၅၀၀၀
ဖြင့်ရောင်းချပြီး ၊မလေးရှားနိုင်ငံသုံး Digi ကဒ်ကိုမူ မြန်မာကျပ်ငွေ နှစ်သောင်းကျပ် နှင့် ရောင်းချသည် ။
ထိုင်းနိုင်ငံတွင် 12 Call ဆင်းကဒ်တစ်ခု၏ ဈေးမှာ ဘတ်၅၀ သာရှိသဖြင့် မြန်မာကျပ်ငွေ ဖြင့် ၁၆၀၀ ကျပ်ခန့် သာရှိသော် လည်းပြန်လည်ရောင်းချသူများမှာ အမြတ်များစွာတင်ပြီး
ရောင်းချကြသည်။
ရန်ကုန်မြို့ထဲရှိ ပြည်ပနိုင်ငံသုံး ဆင်းကဒ်ရောင်းချသူတစ်ဦး က “နိုင်ငံခြားရောက်တာနဲ့ ပြည်တွင်း ကိုပြန်ပြီးဆက်သွယ်ရမယ့် စီးပွားရေးသမားတွေ နဲ့ ဟိုနိုင်ငံတွေ ကို တစ်ခါမှ
မရောက်ဖူးသူတွေဝယ်တာများတယ် ။တချို့ လုပ်ငန်းရှင်တွေကြတော့ ဟိုကို ရောက်ရင်
အိမ်က မိန်းမတွေဆီပြန်ပြီး ဖုန်းမဆက်ကြဘူး၊ အဲဒီတော့ မိန်းမဖြစ်တဲ့သူက
ကိုယ့်ယောင်္ကျားကို စိတ်မချလို့ ဖုန်းကဒ်ဝယ်ထည့် ပေးလိုက်တာ များတယ်၊နံပါတ်ကို
ကြိုသိနေတာ့ ဆက်လို့ ရတာပေါ့ ”ဟုပြောသည်။
နိုင်ငံခြားတိုင်းပြည်များမှ ဖုန်းကဒ် ရောင်းချခြင်း ၀န်ဆောင်မှုပေးသူများသည် ဒေသတွင်းနိုင်ငံများသာမက အမေရိကန်၊ဥရောပ နှင့် ဂျပန်နိုင်ငံသွားမည့် သူများအတွက်ပါ ၀န်ဆောင်မှုပေးသည် ဟုသိရသည်။
“အမေရိကန် လိုမျိုးကြတော့ ဆင်းကဒ် မသုံးဘူးလေ ၊ကျွန်တော်တို့ မှာလည်း ပစ္စည်းအဆင်သင့်ရှိတာ မဟုတ်ဘူး ၊ကြိုမှာထားရင်ရတယ်။ဟန်းဆက်ရောဖုန်းပါ
တစ်ပါတည်းရောင်းမှရတာ ၊ AT & T တို့ T-Mobile တို့ လိုလိုင်းတွေတော့ မဟုတ်ဘူး
ဆက်လို့ ရတဲ့ လိုင်းတွေပဲ ၊တစ်လုံးကို နှစ်သိန်းခွဲလောက်ပေးမှ ရောင်းနိုင်မယ် တစ်လုံး
တော့ရောင်းပြီးသွားပြီ “ဟု ပြောသည်။
ပြည်ပနိုင်ငံသုံး ဆင်းကဒ် ရောင်းချမှု မှာ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းဆိုင်များ၏ နောက်ဆုံးပေါ်ဝန်ဆောင်မှု ဖြစ်သည်။
