ဗြိတိန် တွင် ပညာသင်မည့်သူများ အတွက် သံရုံးက လွယ်ကူလျှင်မြန်စွာ ကျောင်းသားဗီဇာထုတ်ပေးနေ

၁၄ စက်တင်ဘာ ရန်ကုန် ၊                     ၊ဟိန်းခိုင်ထွန်း

No Worries for British Student Visa

ဗြိတိန် နိုင်ငံတွင် သွားရောက်ပညာသင်ကြားမည့် သူများအတွက် ရန်ကုန်မြို့ ရှိဗြိတိသျှ သံရုံးမှ စက်တင်ဘာလဆန်းပိုင်းမှ စ၍ ကျောင်းသားဗီဇာ များကို လွယ်ကူလျှင်မြန်စွာ
ထုတ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

လိုအပ်သည့် ပညာ အရည်အချင်းသတ်မှတ်ချက်များ နှင့် ဗြိတိန် ရှိ တက္ကသိုလ် နှင့် ကျောင်းများမှ ခေါ်စာများပါလျှင် ယခင်လို ကောင်စစ်ဝန်မှ တွေ့ ဆုံမေးမြန်းမှု မျိုးပင်မရှိတော့ ပဲ လွယ်ကူစွာဗီဇာထုတ်ပေးနေသည် ဟု ဗြိတိန်ရှိ မစ်ဒယ်ဆက် တက္ကသိုလ် တွင် ပညာဆက်လက် သင်ကြားမည့် တစ်ဦးက Freedom News Group သို့ ပြောသည်။

ဗီဇာကြေး နှင့် လိုအပ်သည့် အထောက်အထားများပါရှိပါ က သံရုံးမှ နေ့ တွင်းခြင်းပင် ဗီဇာထုတ်ပေးသည် ဟု သိရသည်။ယခုကဲ့သို့ သံရုံးမှ ကျောင်းသားဗီဇာ လွယ်ကူစွာထုတ်
ပေးခြင်းကြောင့် ယခင် IELTS အမှတ်ပြည့်မှီပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသား
ဗီဇာ မရရှိသေးသူများမှာ ဗီဇာရရှိ ရန် ပြန်လည် ကြိုးပမ်းကြသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက် ပညာရေး စနစ် နိမ့်ကျညံ့ဖျင်းသောကြောင့်မြန်မာလူငယ် အချို့ မှာ နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်ပညာသင်ကြားရန် စိတ်အားထက်သန်ကြသည်။

INF 5 ဆိုသည့် တရားဝင်နေထိုင်၍ ပညာသင်ကြားခွင့် ကျောင်းသားဗီဇာရရှိရန် လျှောက်ထားသူ
များသည် သံရုံးမှ သတ်မှတ်ထားသောနေရာများတွင် ကျန်းမာရေး အထောက်အထား တစ်ပါတည်း
ယူဆောင်သွားရန် လိုအပ်သည်။