၁၅ စက်တင်ဘာ အယ်အေ ၊ ၊CNN သတင်း
‘Dirty Dancing’ star Patrick Swayze dies at 57

အမှတ်မထင် တစ်မလွန် ဘ၀ ပြောင်းသွားသည့် ချစ်သူ အတွက် နေ့ စဉ် ပူဆွေးရသည့် သူတစ်ဦးဖြစ် သူ ဒယ်မီမိုး ၏ ချစ်သူ ဆမ် အဖြစ် GHOST ရုပ်ရှင်ကားတွင်သရုပ်ဆောင်ရင်းမြန်မာပရိသတ် ကို ဖမ်းစားနိုင်ခဲ့သူ ပက်ထရစ် ဆွယ်ဇီသည် ကာလကြာရှည်စွာ ခံစားခဲ့ရသော ပန်ကရိယ ကင်ဆာကြောင့် စက်တင်ဘာလ ၁၄ ရက်နေ့ တွင် ကွယ်လွန်သည် ဟု စီအန်အန် သတင်းကကြားဖြတ်ကြေညာသွားသည်။
အသက် ၅၇ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည့် ပက်ထရစ် ဆွယ်ဇီသည် Dirty Dancing ,Ghostစသည့် ဇာတ်ကားများ နှင့် ကမ္ဘာ ကျော်ခဲ့သည်။၂၀၀ရ ခုနှစ် နှောင်းပိုင်း တွင် ကင်ဆာ ရောဂါ ဝေဒနာ ခံစားနေရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လ နှစ်ဆယ် အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

တက္ကဆက် ပြည်နယ် ဟူစတန် မြို့ တွင် မွေးဖွားသည့် ဆွယ်ဇီသည် ၁၉၇၉ ခုနှစ်တွင် Skate TownUSA ဆိုသည့် ဇာတ်ကားဖြင့် ရုပ်ရှင်နယ်ထဲသို့ စတင်ဝင်ရောက်ခဲ့သည်။သရုပ်ဆောင်မှု အပြင်အဆိုတော် ၊တေးရေးဆရာ အကနည်းပြ အဖြစ် လည်းအသက်မွေးဝမ်းကျောင်းပြုခဲ့သည်။
၁၉၇၉ ခုနှစ်တွင် သရုပ်ဆောင် နှင့် အကနည်းပြဆရာမ လီဆာ နီမီ နှင့် ကွယ်လွန်ချိန် ထိပေါင်းသင်းခဲ့သည်။ရုပ်ရှင် ဇာတ်ကားနှင့် ရုပ်သံဇာတ်လမ်းတွဲပေါင်း လေးဆယ် ကျော်တွင် သရုပ်ဆောင်ခဲ့သည်။
Ghost ရုပ်ရှင်ကားတွင် ပက်ထရစ် ဆွယ်ဇီ နှင့် အတူ အကြားအမြင် ဆရာမ အဖြစ်သရုပ်ဆောင်ရင်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ အော်စကာဆု ရရှိခဲ့သည့် ၀ူပီ ဂိုးဘတ်က “ဆွယ်ဇီ ကြောင့် ကျွန်မအော်စကာဆု ရရှိတာပါ သူ့ ကို ကျေဇူးတင်ရမယ် ”ဟု CNN သတင်းဌာန သို့ ပြောသည်။
ကာလီဖိုးနီးယား မြောက်ပိုင်း စတန်ဖို့ တက္ကသိုလ် တွင် တနင်္လာနေ့ ညနေပိုင်းက ဆုံးပါးသွားသည့်ပက်ထရစ် ဆွယ်ဇီ သည် ဗုဒ္ဓဘာသာ ကို နှစ်ပေါင်းများစွာ လေ့လာ နေသူ တစ်ယေက်လည်းဖြစ်သည်။မကွယ်လွန်ခင် တွင် ကင်ဆာ တိုက်ဖျက်ရေးလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ခဲ့သည်။

Ghost ရုပ်ရှင် ဇာတ်ကားတွင် ဘ၀ခြားသော်လည်းချစ်သူ ကို မမေ့ သည့် ဆမ် အဖြစ် သရုပ်ဆောင်သည့် ပက်ထရစ် ဆွယ်ဇီကို မြန်မာ နိုင်ငံ အပါအ၀င် အိန္ဒိယ နှင့် အာရှ နိုင်ငံပရိသတ်များက အသည်းစွဲဖြစ်ခဲ့သည်။
Ghost ဇာတ်ကားသည် မူရင်းထုတ် လုပ်ဖြန့် ချိသော အမေရိကန် နိုင်ငံထက် ဥရောပ နှင့် အာရှနိုင်ငံများတွင် လူကြိုက်များသည်။
ပက်ထရစ် ဆွယ်ဇီကို ၁၉၅၂ ခုနှစ်တွင် မွေးဖွားခဲ့သည်။သူ၏
မိခင်မှာ အက နည်းပြဆရာမ တစ်ဦးပင် ဖြစ်သည်။
