၁၆ သြဂုတ် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
U Thu Wai Founded New Political Party for 2010 Election

၁၉၉၅ ခုနှစ်တွင် အစိုးရဆန့် ကျင်ရေးစာရွက်စာတမ်းဝေငှ မှုဖြင့် ထောင်ဒဏ် အပြစ်ပေးခံရပြီး၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဦးသုဝေသည်စက်တင်ဘာလ ၁၄ရက်နေ့ က ရန်ကုန်မြို့ ဒေါ်လဖင် စားသောက်ဆိုင်တွင် “၂၀၁၀ မြန်မာနိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲ”ဟု အမည်တပ်ထားသည့် ပွဲတစ်ခု ကို ကျင်းပပြီးနောက် ဒီမိုကရက်တစ် ပါတီ ဟူသော နာမည်ဖြစ်ပါတီသစ် တစ်ခုတည်ထောင်က ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။
ဒီမိုကရက်တစ် ပါတီ တွင် ဥက္ကဌ အဖြစ် ဦးသုဝေ ကဆောင်ရွက်မည် ဖြစ်ပြီး ဒုဥက္ကဌ အဖြစ် တရားရေးဝန်ကြီးဟောင်း ဦးချန်ထွန်း၏ သားဖြစ်သူ ဦးရဲထွန်းက တာဝန်ယူမည် ဟု သတင်းရရှိသည်။ထိုပါတီ၏ အထွေထွေ အတွင်းရေးမှုး နှင့် အတွင်းရေးမှုးများအဖြစ် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု ၏ သမီးဖြစ် သူ အသက် ၆၂ နှစ် အရွယ်ရှိ ဒေါ်သန်းသန်းနု၊၀န်ကြီးချုပ်ဟောင်းဦးဗဆွေ ၏ သမီးဖြစ်သူ ဒေါ်နေရီ ဗဆွေ နှင့် ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း တို့ ပါဝင်ဆောင်ရွက် မည် ဟု သိရသည်။

ဒေါ်လဖင် စားသောက်ဆိုင်တွင် ပြုလုပ်သည့် ပါတီ ကင်းပွန်းတပ်ပွဲ သို့ ပြည်တွင်း အခြေစိုက် နိုင်ငံတကာ သတင်းထောက်များ နှင့် စာနယ်ဇင်း သတင်းထောက်များပါ ဖိတ်ကြားခဲ့ပြီး ၎င်းတို့ ပါတီ၏ ရပ်တည်ချက်များ နှင့် သဘောထားများကို ရှင်းပြခဲ့သည်။
ထိုနေ့ က ကျင်းပခဲ့သည့် ၂၀၁၀ မြန့် မာ့နိုင်ငံရေးဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်းသမားတစ် ဦးက “သူ့ (ဦးသုဝေ) အကြံပေါ့ ဗျာ စစ်အစိုးရ ဆီက အာဏာကို လွှတ်တော်ထဲမှာ ကြွက်ဆွဲ လေး ဆွဲ ဖို့ြ့ကံနေကြတာ ဖြစ်နိုင်မလား မဖြစ် နိုင်မလားတော့ မသိဘူး ”ဟုသုံးသပ်ပြောကြားသည်။
ကနေဒါ အခြေစိုက် ကျုံယွမ် ဦးကျော်မြင့် ၏ UDP ပါတီ နှင့် ဒီမိုကရက်တစ် ပါတီ သည် ငွေရေးကြေးရေးအပါအ၀င်မည် သို့ မျှ ဆက်ဆပ်မှုမရှိကြောင်း ဦးသုဝေ ကပြောကြားသွားသည်။
၎င်းတို့ ပါတီရုံးချုပ်ကို ရန်ကုန်မြို့တွင်ပင် ထားရှိပြီး စည်းရုံးရေးလုပ်ငန်းများကို မကြာခင်မှာပင် စတင်တော့ မည် ဖြစ်ကြောင်း ဦးသုဝေ က Freedom News Group သို့ ပြောသည်။
ဒေါ်လဖင် စားသောက်ဆိုင်၌ ဦးသုဝေ နှင့် အတူ ၂၀၁၀ မြန်မာနိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲ ကို ဦးဝင်းနိုင်သည် နိုင်ငံ၏ အာဏာ လေးဆယ် ရာခိုင်နှုန်းကို ခွဲဝေပေးရန် သူ၏ ဆန္ဒ ကို စစ်အစိုးရ အားတင်ပြခဲ့သော် လည်း ဦးသုဝေက သဘော မတူဟု ဆိုသည်။ဦးသုဝေသည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီ ပါတီ ကို တခြားနိုင်ငံရေးပါတီများထက် ဦးစွာစောကာ စတင်တည် ထောင်ခဲ့သူ တစ်
ယောက်ဖြစ်သည်။
ဦးဝင်းနိုင်သည် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင် သည့် ရွေဝါရောင် တော်လှန်ရေးကာလ
အတွင်း သရုပ်ဆောင် ကိုကျော်သူ ၊ကိုဇာဂနာ ကဗျာဆရာ အောင်ဝေး တို့ နှင့် အတူ ဆန္ဒပြ သံဃာတော်များ အတွက် ရေ နှင့် ဆွမ်းခဲဖွယ် များ လှုဒါန်း ခဲ့သူ ဖြစ်သည်။
ဒီမိုကရက်တစ် ပါတီ ၏ အထွေထွေတွင်းရေးမှုးဖြစ်သူ အသက် ၆၂ အရွယ်ရှိ ဒေါ်သန်းသန်းနုက
“ဒါကျွန်မတို့ အတွက်အခွင့်အရေးပဲလေ ဒီရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ပြီး ပြည်သူတွေကို အ
လုပ်အကျွေးပြုရမှာပဲ ”ဟု ပြောသည်။
ဒေါ်သန်းသန်းနုသည် ၁၉၆၉ ခုနှစ် တွင် နိုင်ငံမှ ထွက်ခွာပြီးနောက် ပြည်ပနိုင်ငံများတွင် အခြေချ
နေထိုင် က အိန္ဒိယနိုင်ငံ ALL INDIA ရေဒီယို မြန်မာပိုင်းအစီအစဉ် တွင် တာဝန်ထမ်းဆောင်
ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး The Voice ဂျာနယ်တွင် သူ
မ၏ နိုင်ငံရေး အတွေ့ အကြုံများ ကို ဆောင်းပါးများ ရေးသားလျှက်ရှိသည်။
