၁ရ စက်တင်ဘာ မဲဆောက်၊ ၊Freedom News Group
Police Operation Border Trade Automobile

ထိုင်း နိုင်ငံဘက် ခြမ်းသောင်းရင်းမြစ်ကမ်းနဖူးရှိ လိုင်စင်မဲ့ ၀စ်သောက် ကားများအားလာရောက် ၀ယ်ယူသူများကို နေပြည်တော် မှ ဆင်းလာသည့် အထူးအဖွဲ့ ကစစ်ဆင်ရေးတစ်ရပ် အဖြစ် စက်တင်ဘာလ ၁၅ ရက်နေ့ မှ စတင်၍ စစ်ဆင်ရေးတစ်ရပ် အနေဖြင့် ဖမ်းဆီးခဲ့ရာ လူငါးဆယ်နီးပါး ဖမ်းဆီးထားသည် ဟု မြ၀တီ ဒေသခံ တစ်ဦးက Freedom News Group သို့ ပြောသည်။
စစ်ထောက်လှမ်းရေး၊လူဝင်မှုကြီးကြပ်ရေး နှင့် အထူးရဲတပ်ဖွဲ့ ဝင်များပါဝင်သော အဖွဲ့ သည်မြ၀တီ ရှိ ဒေသခံ ထောက်လှမ်းရေး တပ်ဆွဲရုံးတွင် အခြေစိုက်ကာ ရန်ကုန် နှင့် အခြားဒေသများမှ နေ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ နေ၍ မြန်မာ ဘက်ခြမ်းသို့ လိုင်စင်မဲ့ မော်တော်ကား တင်သွင်းသူများကို စတင်ဖမ်းဆီးနေသဖြင့်ထိုင်းဘက်ခြမ်းရှိမော်တော်ကားရောင်းချသည့်နေရာများမှာလာရောက်ကြည့်ရှုသူပင်လုံးဝမရှိတော့ပဲဈေးကွက်ပျက်သွားရသည် ဟု သတင်းရရှိသည်။
မြန်မာနိုင်သို့ တင်သွင်းမည့် ကားများကို ဖောင်ပေါ်တင်၍ ဒီကေဘီအေ ဂိတ်ဘက်သို့ ပို့ ဆောင်ပေးရသည့် ကယ်ရီ အလုပ်သမားတစ်ဦးကမူ နှစ်ရက်ရှိပြီ ဘယ်ကားမှ မပို့ ရတော့ဘူး ဟိုဘက်ကနေ အကုန်စောင့်ဖမ်းနေတယ် ကျွန်တော်က မြ၀တီ မှာနေတာ ကားသွင်းတဲ့ လူတွေ အကုန်ဖမ်းတယ် ဆိုလို့ ကျွန်တော်တောင် မဲဆောက်မှာ လာပုန်းနေ
ရတယ် ”ဟု ကယ်ရီသမား ကိုမင်းနိုင် က သောင်းရင်းမြစ်ဘက်ကမ်း အခြေအနေများနှင့် ပတ်သက်၍ ပြောပြသည်။
မြ၀တီ တွင် အခြေစိုက်၍ မြန်မာနိုင်ငံသို့ တင်သွင်းမည့် မော်တော်ကား အာရ်စီ နံပါတ်ပြားများလဲလှယ်ပေးသည့် သူများကို လည်း နေပြည်တော် အထူးအဖွဲ့ မှ ဖမ်းဆီး
ထားပြီး စစ်ဆေးမေးမြန်းနေသည် ဟု သတင်းရရှိသည်။ အမည် မဖော်လို သော ၀စ်သောက်ကားတင်သွင်းသူ တစ်ဦး၏ ပြောကြားချက် အရ “မြ၀တီက နာမည်ထွက်နေတဲ့သူတွေကို တော့ အကုန်လောက်နီးနီးဖမ်းပြီးထားပြီ သူတို့ စီမံချက်နဲ့ 
လာတာ အကုန်လုံးကို ဆွဲမယ်တဲ့ ဘယ်သူ့ သားတွေ ဘယ်ဝါ့ သားတွေ မရ ဘူးတဲ့ နေပြည်တော်ရောက်မှရှင်းလို့ပြောတယ်၊ဒုတိုင်းမှုးတစ်ယောက်ရဲ့သားကားလာဝယ်တာကားရော
လူပါ ဖမ်းဆွဲထားတယ်“ဟု မြ၀တီ မြို့ အခြေအနေ နှင့် ပတ်သက်၍ ပြောသည်။
ယခုကဲ့သို့  မြ၀တီ-မဲဆောက် လမ်းကြောင်းမှ နေ၍ မော်တော်ကားတင်သွင်းသူများကို ဖမ်းရသည့် ရည်ရွယ်ချက်မှာ ပြည်တွင်းမော်တော် ကားဈေးကွက် တွင် မော်တော်ကားဈေးများကျဆင်းနေခြင်းကြောင့် စက်မှု ဇုန်ထုတ် မော်တော်ကားများ ဈေးကွက်တွင် လုံးဝရောင်းချရခြင်း မရှိခြင်းကြောင့် ဟု ရန်ကုန်မှ မော်တော်ကားဝယ်ရောင်းဝယ် သူ တစ်ဦးကပြောသည်။ ၎င်း ကပင် ဆက်၍ “နယ်စပ်ကားနေ တစ်နေ့ ကို ဆယ်စီးလောက် ရန်ကုန် ကို ပုံမှန် သွင်းကြတယ်လေ ဒီပြင့်မြို့ တွေ မပါသေးဘူး လေ အခု ၀စ်သောက်တွေ ကြောင့် ဦးပိုင်က ဆာကူရာ တောင် အလုပ် မဖြစ်ဘူးလေ ဒီတော့ ဖမ်းတာ ပေါ့ ”ဟု ပြောသည်။
နေပြည်တော် အထူးအဖွဲ့ မှ ဖမ်းဆီးထားသည့် မော်တော်ကားတင်သွင်းသည် ဟု သံသယရှိခံထားရသူများကို မည်သို့ အရေးယူ အပြစ်ပေးမည် ဟု အသေးစိတ်မသိရ
သေးသော် လည်း ဖမ်းဆီးထားသူများတွင် မြ၀တီ မြို့ မှ မော်တော်ကား ၀ပ်ရှော့ လုပ်သားများပင် ပါဝင်သည်။
ဝစ်သောက်ကားတင်သွင်းသူများကို နေပြည်တော် အထူးအဖွဲ့ မှနေ၍ စစ်ဆင်ရေးတစ်ရပ်အနေ ဖြင့် ဖမ်းဆီးနေခြင်း နှင့် ပတ်သက်၍ လွန်ခဲ့သည့် တစ်လကျော်ခန့် က၀စ်သောက်ကားတင်သွင်းသည့် ဒီကေဘီအေ အဖွဲ့ ဝင် အချင်းဝေစုမတည့် ခြင်းကြောင့် ပေါ်ပေါက်လာသည့် လုပ်ကြံမှုများ နှင့် ဆက်စပ်နေသည်ဟု ခန့် မှန်းပြောဆိုခြင်းများရှိသည်။
လတ်တလောတွင် နေပြည်တော်မှ ခေါ်ယူစစ်ဆေးခြင်းခံနေရသည့် ရန်ကုန်တိုင်းရဲမှုးကြီး ၀င်းနိုင်သည်၎င်း၏လုပ်ပိုင်ခွင့် ကို အသုံးချကာ မြ၀တီ-မဲဆောက် လမ်းကြောင်းမှ နေ၍ ၀စ်သောက်ကားများ တင်သွင်းနေသူ တစ်ယောက်ဖြစ်သည်။
