၁၇ စက်တင်ဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Political Prisoner Bars ‘ Behind Bars

သြဂုတ်လနှောင်းပိုင်းမှ စ၍ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင် အသီးသီးတွင်ဖမ်းဆီးထိန်း
သိမ်းခြင်းခံနေရသည့် နိုင်ငံရေး အကျဉ်းသား နှစ်ဆယ်ကျော်ခန့် သည်အကြောင်းအမျိုးကြောင့်
တိုက်ပိတ်ပစ်ဒဏ်များခံနေရကြောင်း ရန်ကုန်မြို့ ရှိ နိုင်ငံရေးအကျဉ်းသား တစ်ဦး၏ မိခင်ဖြစ်သူက
Freedom News Group သို့ ပြောသည်။
သမ္မတ အိုဘားမား ၏ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ၏ မူဝါဒ ပြန်လည် သုံးသပ်ချက် ကိုယနေ့ အိမ်ဖြူတော်မှ
ထုတ်ပြန်ကြေညာရာတွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကိုပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။
မော်လမြိုင်ထောင်တွင် ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှ စ၍ နိုင်ငံရေး အကျဉ်းသားတို့ ပေါ်ချုပ်ချယ်ကန့် သတ်မှုများရှိလာပြီး ယခင်က တနေ့ လေးနာရီ တိုက်ပြင်ထွက်၍ လမ်းလျှောက်ခွင့်ရသော်လည်း လွန်ခဲ့သည့် သီတင်းပတ်မှ စ၍ နှစ်နာရီသာ ရရှိကြောင်း သိရသည်။
မော်လမြိုင် အကျဉ်းထောင်တွင်းရှိ ပုဒ်မ ၅ ည ဖြင့် ဖမ်းဆီးခံထားရသည့် သားဖြစ်သူ အား ထောင်ဝင်စာတွေ့ ပြီးပြန်လာသည့် မိခင်တစ်ဦးက တစ်နေ့ ကို အခန်းအပြင် နှစ်နာရီ ပဲထွက်ရတော့မယ်ဆိုတော့ တိုက်ပိတ်တာ နဲ့ အတူတူပဲ ပေါ့နော် ”ဟု ပြောသည်။
မုံရွာထောင်တွင်း ရှိ မဇင်မာအောင်မှာလည်း စက်တင်ဘာလ ၄ ရက်နေ့ မှစ၍ ထောင်အာဏာပိုင်
များကတိုက်ပိတ်ပစ်ဒဏ် ပေးခံထားရသည် ဟု သတင်းထွက်ပေါ်လာသော်လည်း အမည်မဖေါ်လိုသော မုံရွာထောင်အာဏာပိုင် တစ်ဦးက မူ “အဲဒီလိုမျိုးတိုက်ပိတ်ပြစ်ဒဏ်မျိုး မဟုတ်ဘူး တိုင်းမှုးကရွှေဝါရောင်မှာ ပါခဲ့သူ တွေ ကို အခု နှစ်နှစ် ပြည့် အတွင်းမှာ လုံခြုံရေးတင်းကျပ်ထား ဖို့ အမိန့် ပေးထားလို့ ပါ ဟု Freedom News Group သို့ ပြောသည်။
၁၉၉၈ ခုနှစ် ပြည့်သူ့ လွှတ်တော်ခေါ်ယူရေးကျောင်းသားများ၏ လှုပ်ရှားမှု တွင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် နှစ်ရှည်အပြစ်ပေးခံရသည့် မဇင်မာအောင် မှာ လည်း မန္တလေးထောင်တွင် ထောင်တွင်အမျိုးသမီး ထောင်ဝါဒါ တစ်ဦး နှင့် စကားအခြေအတင် ဖြစ်မှုကြောင့် သူမ၏ အကျဉ်းခန်း အတွင်းမှာပင်တိုက်ပိတ်ပစ်ဒဏ် ခံခဲ့ရသည်ဟု သိရှိရသည်။
လားရှိုး နှင့် ပူတာအို ထောင်များတွင် လည်းထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကိုအကျဉ်းခန်းအပြင်ထွက်၍လမ်းလျှောက်ခွင့်များပိတ်ပင်ထားသည်မှာ သီတင်းတစ်ပတ်ခန့် ပင်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်း၌ ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသား နှစ်ထောင်နှစ်ရာ ကျော်ရှိသည် ဟု ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသူ ဟောင်း
မလဲ့လဲ့နွယ်က ပြောသည်။
