၁၈ စက်တင်ဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Six Bomb Go Off In Yangon Suburbs Is Deliberates

ရန်ကုန်တိုင်း လှိုင်သာယာမြို့ နယ်နှင့် ရွှေပေါက်ကံမြို့ နယ်ရှိ စက်မှု ဇုန်များတွင် နာရီအနည်းငယ်သာ ကွာခြားပြီး ဗုံးများဆက်တိုက် ပေါက်ကွဲမှုသည် မကြာခင် ပေါ်ပေါက်လာတော့ မည့် လူထု အုံကြွမှုကိုဖြစ်နိုင်သည့် နည်းလမ်းမျိုးစုံ နှင့် ဟန့် တားမည့် ပုံစံများထဲမှ တစ်ခုသာ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သံဃာ့ တပ်ပေါင်းစု အဖွဲ့ မှ ပြောခွင့်ရ သံဃာ တစ်ဦးက Freedom News Group သို့ ပြောသည်။
ရန်ကုန် မြို့ အပါအ၀င် နယ်မြို့များ၌ နိုင်ငံရေးလှုပ်ရှားမှု များ တဖြည်းဖြည်း အရှိန် ကောင်းလာခဲ့ရာမကြာခင်မှာပင် တစ်ပြည်လုံးလှုပ်ရှားမှု တစ်ခု အထိ ပေါ်ပေါက် သွားနိုင်ကြောင်း ထို သံဃာတော်ကဆက်လက် မိန့် ကြားသည်။
ယခုလဆန်းမှ စ၍ရန်ကုန် အပါအ၀င်နယ်မြို့ များ၌ နိုင်ငံရေးလှုပ်ရှားသူများအား ပိုမိုဖမ်းဆီးမှုရှိလာခဲ့ပြီး ရန်ကုန်မြို့ တွင်း၌ လည်း နေရာလပ်ပင် မကျန်အောင် လုံခြုံရေးတိုးမြှင့်ထားသည် ။
စက်တင်ဘာလ ၁၆ရက်နေ့ ည၉ နာရီခန့် က ဗုံးခြောက်လုံးပေါက်ကွဲပြီး နောက်တစ်နေ့ တွင် စစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်သံလွှင့် အစီအစဉ်များမှ နေ၍ အကျဉ်းသား ခုနှစ်ထောင်ကျော်ပြန်လည်လွှတ်ပေးမည် ဟု သတင်းထွက်ပေါ်ခဲ့သည်။ထိုကဲ့သို့ ထူးထူးခြားခြား အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန် နိုင်ငံရေးအသိုးအ၀ိုင်း နှင့် ဆက်နွယ်နေ သည့် စာရေးဆရာ တစ်ဦးက“သံဃာတပ်ပေါင်းစု တို့  ဗကသ တို့ က လှုပ်ရှားမှု လုပ်ဖို့ ဆော်သြထားတာ က တစ်ပိုင်း နောက် တစ်ခုက ၂၀၁၀ရွေးကောက်ပွဲ အတွက် သူတို့ စစ်တပ် ကျောက်ထောက်နောက်ခံက လွဲပြီး ဘယ်သူ့ ကိုမှ စည်းရုံးလှုပ်ရှားခွင့် လှုံဆော်ခွင့် မပေးသေးဘူးလေ။အဲဒါ ကို အခု တတိယ အင်အားစုတွေ လဲပေါက်ကွဲနေ
တယ်လေ ။အခုပဲကြည့် ဦးသုဝေ တို့ ဆို ပါတီ ထောင်တယ်ကွာပေါ့ ထကြေငြာလိုက်ပြီ ဒါလဲ နိုင်ငံ
ရေးမငြိမ် တော့ဘူးဆို တာကို ပြောတာပဲ ၊ဒီနှစ် အကုန်ပိုင်း လောက်ရောက်မှ ပါတီ ထောင်ခွင့်တွေစည်းရုံးလှုပ်ရှားခွင့်တွေ မပေးသေးရင် သဒ်တွေ (တတိယ အင်အားစု) ကလည်း တစ်ခုခုလုပ်တော့မယ်လို့ သတင်းတွေ ကြားနေတယ်။ဒါကြောင့် မို့ ဗုံးတွေကွဲပြီး ဟန့် တာတို့ ၊ကောက်ကာငင်ကာကြီးအကျဉ်းသားပြန်လွှတ်ပေးဖို့ လုပ်နေပါတယ် တို့ ဆိုပြီး သတင်းတွေ ထုတ်နေ တာဖြစ်နိုင်တယ် ”ဟုသူ၏ ထင်မြင်ယူဆချက်ကို FNG သို့ ပြောသည်။
နိုင်ငံတွင်းအရေးပေါ်အခြေအနေ တစ်ခုခု ကြုံတော့မည် ဟု သတင်းရတိုင်း “ယခုကဲ့သို့ ဗုံးဖေါက်
ခွဲခြင်း၊လူမျိုးရေး အဓိကရုဏ်းများ ဖန်တီးပြီး လမ်းကြောင်းလွှဲကာ လူထု အာရုံပြောင်း အောင်
လုပ်ခြင်းများမှာ ဦးနေ၀င်း လက်ထက် မဆလ ပါတီ ခေတ်ကတည်းက ကျင့်သုံးခဲ့သည့် နည်းလမ်းများဖြစ်သည်” ဟု အမည် မဖေါ်လိုသော စစ်အရာရှိ ဟောင်း တစ်ဦးက ပြောသည်။
မြိုတော့်ဟောင်း ရန်ကုန်၏ ညအမှောင် အတွင်း ပဟေဋိ ဖြစ်ဖွယ်ရာ ဗုံးခြောက်လုံးပေါက်ကွဲမှု
သည် ၁၉၈၈ ခုနှစ် တစ်ပြည် လုံး အုံကြွမှု ကို စစ်တပ်က ပစ်ခတ် နှိမ်နှင်းပြီး အာဏာသိမ်းခဲ့သည့်
အနှစ်နှစ်ဆယ့် တစ်နှစ်မြောက် နေ့ ရောက်ရှိရန် နှစ်ရက် အလို တွင် ဖြစ်သည်။
ု
