အကျဉ်းသား ၇၁၁၄ ဦးအားပြန်လွှတ် ပေးမည်ဟု ကိုရီးယားဇတ်လမ်းတွဲ ပြသနေစဉ် စာတန်းထိုး ကြေငြာ
၁၇ စက်တင်ဘာ ရန်ကုန် ၊                        ၊တင်ကျော်ကျော်စိုး၊ ယူကွန်
Myanmar grants amnesty to 7,000 prisoners: state TV
ထောင်ဝင်စာတွေ့ ခွင်ရရန် အင်းစိန်ထောင်ရှေ့တွင်စောင့်ဆိုင်းနေသူများ ဓာတ်ပုံ-အေပီ
ထောင်ဝင်စာတွေ့ ခွင်ရရန် အင်းစိန်ထောင်ရှေ့တွင်စောင့်ဆိုင်းနေသူ များ ဓာတ်ပုံ-အေပီ
အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသား ၇၁၁၄ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု စစ်အစိုးထိန်းချုပ်ထားသည့် ရုပ်သံသတင်းဌာန တစ်ခုဖြစ်သည့် မြ၀တီ ရုပ်သံက ယနေ့ ည ကိုရီးယားရုပ်သံဇာတ်လမ်းတွဲထုတ်လွှင့်ပြသနေချိန်တွင် ကြေညာသွားခဲ့သည်။
ပြန်လည် လွှတ်ပေးမည့်သူများထဲတွင် နိုင်ငံရေးအကျဉ်းသား မည်၍ မည်မျှ ပါဝင်မည် ဆိုသည်ကိုမူထိုသတင်းဖေါ်ပြချက်တွင်အသေးစိတ်ထုတ်ဖေါ်ပြောကြားသွားခြင်းမရှိချေ။ရန်ကုန် မြို့ ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ဦးမြ၀င်းက “ဒီလိုပါပဲ အလွန်ဆုံးရာဂဏန်းလောက်ပဲ ပါမယ်လို့ မျှော်လင့် ထားတယ် ၊နိုင်ငံရေးအကျဉ်းသား တော်တော် များများပါမယ် ဆိုရင်တော့ မင်္ဂလာ ပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် ကြိုဆိုရမှာ ပေါ့ ဟု Freedom News Group သို့ ပြောသည်။
စစ်အစိုးရက ပြန်လွှတ်မည်ဆိုသည့် အကျဉ်းသားများကို ၎င်းတို့ အာဏာသိမ်းထားသည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် နေ့ ဖြစ်သည့် စက်တင်ဘာလ ၁၈ သောကြာနေ့ (မနက်ဖြန်)တွင် ပြန်လွှတ်ပေးနိုင်ဖွယ်ရှိသည် ဟု နိုင်ငံရေး အကျဉ်းသား တစ်ဦး၏ မိခင် ဖြစ်သူ ဗဟန်းမြို့ နယ်နေ ဒေါ်ခင်ဝင်းကပြောသည်။
ပြန်လည်လွှတ်ပေးမည် ဟု ကြေညာထားသည့် အကျဉ်းသား ၇၁၁၄ ဦးတွင် ၂၀၀၄ ခုနှစ် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် စစ်ထောက်လှမ်းရေး ဟောင်းများ ၊လာဘ်စားမှု ဖြင့် ထောင်ကျနေသည့် အကောက်ခွန် ၀န်ထမ်းဟောင်းများ နှင့် နယ်စပ်ကုန်သွယ်ရေး (နစက) ၀န်ထမ်းဟောင်းများသာ အများစု ပါဝင်မည် ဖြစ်သည်။
၂၀၀၈ ခုနှစ် စက်တင်ဘာလ နှင့် ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလများအတွင်း တစ်သုတ်စီ၌ ကိုးထောင်
ကျော်ပြန်လွှတ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါရှသည်။အသက် ၇၈ နှစ်အရွယ်ရှိ
ဝါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင်မှာ လွန်ခဲ့သည့် တစ်နှစ်က လွှတ်ပေးခဲ့သည့် နိုင်ငံရေးအ
ကျဉ်းသား အနည်းစု ထဲတွင် ပါဝင်ခဲ့ပြီး အမရပူရ လွှတ်တော် အမတ် ဒေါက်တာ ဇော်မြင့်မောင်
သည် ယခုနှစ် ဖေဖေါ်ဝါရီလတွင် ပါဝင်ခဲ့သည်။၎င်း တို့ နှစ် ဦးစလုံးသည် စစ်အစိုးရ အကျဉ်းထောင်များတွင် အနှစ်နှစ်ဆယ် နီးပါးထိန်းသိမ်းခံထားရသူများဖြစ်သည်။