လွှတ်တော်အမတ် ၊သတင်းထောက်နှစ်ဦးနှင့် အခါပေး ဘိုးတော် တို့ ပြန်လည်လွတ်မြောက်

၁၉ စက်တင်ဘာ ရန်ကုန် ၊                          ၊စပယ်ထွန်း

Some Myanmar political prisoners receive amnesty

နှစ်ရှည်ထောင်သွင်းအကျဉ်းချခံထားရသည့် ပုဇွန်တောင်မြို့ နယ်လွှတ်တော် အမတ်ဦးနိုင်းနိုင်း ပြန်လည် လွတ်မြောက်လာစဉ်
နှစ်ရှည်ထောင်သွင်းအကျဉ်းချခံထားရ သည့် ပုဇွန်တောင်မြို့ နယ်လွှတ်တော် အမတ်ဦးနိုင်းနိုင်း ပြန်လည် လွတ်မြောက်လာစဉ်

အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှုးဦးဇော်ဝင်း၏ညည်းငွေ့ဖွယ်ရာကောင်းသောမိန့်ခွန်းကိုမိနစ်
အတန်ကြာပြောပြီးနောက်အင်းစိန်ထောင်တွင်းရှိနိုင်ငံရေးလှုပ်ရှားမှုဖြင့်ဖမ်းဆီးအပြစ်ပေးခံထားရသူများမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ၁နာရီကျော်တွင်ပြန်လည်လွတ်မြောက်လာခဲ့ကြသည် ဟုသတင်းရရှိသည်။

ယမန်နေ့ က စစ်အစိုးရ သတင်းဌာနများမှ နေ၍ အကျဉ်းသား ခုနှစ်ထောင်ကျော် လွှတ်ပေးမည်ဟုကြေညာခဲ့ပြီးနောက်တစ်ရက်တွင်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။အကျဉ်းသားများပြန်
လည် လွှတ်ပေးမှုအစီအစဉ်ကို ပြည်တွင်းစာနယ်ဇင်းသမားများအား စာပေစီစစ်ရေးဌာနမှ တစ်ဆင့်ဖိတ်ကြားခဲ့ပြီးသတင်းထောက်များရောက်ရှိသည့် အခါ ပြည်လွှတ်ပေးမည့် သူများ အားထောင်လွှတ် ၀ရမ်း ရေးသား မှု မပြည့်စုံသေးသဖြင့် နေ့ လည်ပိုင်းတွင် မှ ပြည်လည် လွှတ်ပေးနိုင်လိမ့်မည်ထင်ကြောင်းအကျဉ်းဦးစီးဌာန ၀န်ထမ်းတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။

ပြန်လည်လွှတ်ပေးသူများထဲတွင် Eco Vision ဂျာနယ်မှ မအိမ့်ခိုင်ဦး နှင့် Weekly Eleven ဂျာနယ်မှ ကိုကျော်ကျော်သန့် တို့ ပါဝင်သည်။ပုဇွန်တောင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်းသည် လည်း ယနေ့ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်သူများတွင် ပါဝင်ပြီး ၎င်းတို့ အား ပြန်လည်လွှတ်ပေးမည် ဟု ကြိုတင် မပြောဆိုထားပဲယနေ့ မနက် ကိုးနာရီ အချိန် ခန့် တွင် မှ ထောင်အာဏာပိုင်များက လာရောက် အကြောင်းကြားခြင်းဖြစ်သည် ဟုပြောသည်။

သတင်းထောက် နှစ်ဦးမှာ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း ကာလအပြီးတွင် ဒုက္ခရောက်သော နာဂစ်သင့်ပြည်သူများကို လိုက်လံကူညီပေးခဲ့သောကြောင့် ဖမ်းဆီးခံရသည့်
သူများ ဖြစ်သည်။၎င်း တို့ နှစ်ဦးစလုံးသည် ဆိုရွားလှသော အင်းစိန်ထောင်အတွင်း တစ်နှစ်ကျော်ခန့် နေထိုင်ခဲ့ရသည်။

ယနေ့ ပြန်လည် လွတ်မြောက်လာသူများတွင် ၂၀၀၄ ခုနှစ်က ထောက်လှမ်းရေးအကြီး
အကဲဟောင်းနှင့် ၀န်ကြီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့်  ကို ရာထူးမှ ဖယ်ရှားရာတွင် ထောင်ဒဏ်
ကျခံခဲ့ရသည့် ဘိုးတော်သန်းလှ လည်းပါဝင်သည်။

ဘိုးတော် သန်းလှသည် ဗိုလ်ချုပ်ကြီးခင်ညွန့်  အတွက် ဗေဒင်၊ယတြာ အဆောင်များ စီစဉ်ပေး
သူတစ်ယောက်ဖြစ်ပြီး စစ်အရာရှိ နှင့် ၎င်း တို့ ၏ မိသားစု မဟုတ်သော အရပ်သားများတွင် ထိုအချိန်က မြန်မာနိုင်ငံ၌ ပထမ ဦးဆုံး မိုဘိုင်းဖုန်း ကိုင်နိုင်သူ ဖြစ်ပြီး လင်ခရူဆာ၊ဆင်ဂနက်၊
ပါရာဒို၊ အော်ဒီ၊မာစီးဒီး စသည့် ကားများကို တစ်နေ့ တစ်စီးပြောင်းစီးသူ ဖြစ်သည်။

ယနေ့ ပြန်လည်လွှတ်ပေးမည့် သူများတွင် နိုင်ငံရေးအကျဉ်းသား ၂၅၀ ခန့် ပါဝင်နိုင်ကြောင်း ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဝင်းက သတင်းထောက်များကို ပြောကြားပြီး ပြန်လွှတ်ပေးသူအများ
စုမှာ ၂၀၀၄ ခုနှစ် နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  ထောက်လှမ်းရေးအကြီးအကဲ အားရာထူးမှ ဖယ်ရှား
စဉ်က ဖမ်းဆီးခံထားရသူများဖြစ်သည်။