ထောက်လှမ်းရေးဟောင်းများနှင့် လာဘ်စားမှုဖြင့်အရေးယူခံရသူများဦးစားပေးလွှတ် နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးမည်

၁၉ စက်တင်ဘာ ရန်ကုန် ၊                   ၊ယူကွန်

Prisoners Release Continues..

ပြန်လည်လွတ်မြောက်လာမည့်သူများကို အင်းစိန်ထောင်ရှေ့တွင်စောင့်ကြိုနေသူများ ဓာတ်ပုံ-ရိုက်တာ
ပြန်လည်လွတ်မြောက်လာမည့်သူများကို အင်းစိန်ထောင်ရှေ့တွင်စောင့်ကြိုနေသူများ ဓာတ်ပုံ-ရိုက်တာ

ယနေ့ စနေနေ့ တွင် လည်းနိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးဖွယ်ရှိကြောင့် မြောင်းမြထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားတစ်ဦး ဖြစ်သူ ကိုလှိုင်ဝင်းဆွေ ၏ ညီဖြစ်သူက Freedom News Group သို့ ပြောသည်။

ယမန်နေ့ကအင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ သူများတွင် နိုင်ငံရေးအကျဉ်းသား သို့ မဟုတ် နိုင်ငံရေး နှင့် ဆက်နွယ်ပတ်သက် သူများမှာ အယောက်နှစ်ဆယ် ခန့် ပင်ရှိကြောင်းသိရသည်။

ယမန်နေ့ က အင်းစိန်ထောင်ရှေ့တွင် မိသားစုဝင်များနှင့် အသိမိတ်ဆွေများပြန် လည်လွတ်မြောက်လာမည် ကို စောင့်ကြိုနေသူများမှာ အယောက် တစ်ထောင်ကျော်ခန့် ပင်ရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် တစ်ဦးက ပြောသည်။သောကြာနေ့ က နယ်ထောင်များတွင် လည်း နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးခြင်းရှိ သော် လည်း မည်သူမည်ဝါ လွတ်မြောက်သည်ဆို ခြင်းကို စာရင်း အတိအကျ မရရှိသေး ဟု အဖွဲ့ ချုပ် အမျိုးသမီး အဖွဲ့ ဝင် တစ်ဦးက ပြောသည်။

၁၉၉၈ ခုနှစ် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ၏ ပြည်သူ့ လွှတ်တော်ပေါ်ပေါက်ရေးတောင်းဆို ဆန္ဒပြမှုတွင် ပါဝင်လှုပ်ရှားသဖြင့် ထောင်ဒဏ် ၃၁ နှစ် အပြစ်ပေးခံရသူ ကိုလှိုင်ဝင်းဆွေ၏ ညီဖြစ်သူက မူ“ကျွန်တော့် အကို ပြန်လွှတ်မယ် လို့ သတင်းကြားတယ်၊မြောင်းမြထောင်မှာ ..သွားကြိုရမလား ဘာလုပ်ရမလဲ မသိသေးဘူး၊တချို့ နယ်ထောင်က လွတ်လာသူတွေကို ထောက်လှမ်းရေးက လိုက်မပို့ ဘူး ခရီးစရိတ်လည်း ထည့် မပေးဘူး ဖြစ်သလိုပဲ အိမ်ကို ပြန်လာရတယ် ပြောတယ် မနက်ဖြန်(စနေနေ့ )လည်း အင်းစိန် က တော့ ထပ်လွှတ်ပေးမယ် လို့ သတင်းတွေ ထွက်နေတယ် ဟုပြောသည်။

ယမန်နေ့ ကနိုင်ငံတစ်ဝှမ်းမှ ပြန်လည် လွှတ်ပေးသူများတွင် နိုင်ငံရေးအကျဉ်းသား လေးဆယ်ခန့် သာပါဝင်၍ အများစု မှာ ၂၀၀၄ ခုနှစ် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး ခင်ညွန့် အားရာထူးမှဖယ်ရှားစဉ်က ဖမ်းဆီးထိန်းသိမ်းခံရသည့် စစ်ထောက်လှမ်းရေး ဟောင်းများ နှင့် နစက ခေါ် နယ်စပ်ကုန်သွယ်ရေး ၀န်ထမ်းဟောင်းများ၊အကောက်ခွန် ၀န်ထမ်း ဟောင်းများဖြစ်ကြသည်။