၂၀ စက်တင်ဘာ ဘန်ကောက် ၊ ၊Freedom News Group
Thais protest peacefully against government

၂၀၀၆ခုနှစ်စက်တင်ဘာလ၁၉ရက်နေ့သက်ဆင်အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့သောသုံးနှစ် မြောက်နှစ်ပတ်လည် နေ့ တွင် သက်ဆင်လိုလားသော ရှပ်နီ ၀တ်များက အဘီဆစ် အစိုးရ နှုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲများ ကို ဘန်ကောက် မြို့ တော် နှင့် လော့ဘူရီ ခရိုင်တွင် ကျင်းပခဲ့ကြသည်။
ဘန်ကောက်မြို့ တော်ရှိ အစိုးရ အဖွဲ့ ရုံးစိုက်ရာ အဆောက်အဦကို ပိတ်ဆို့ ဆန္ဒပြနေသည့် လူဦးရေတစ်သောင်းခန့် ရှိ ဆန္ဒပြသူများက ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရန် နှင့် အစိုးရ နှုတ်ထွက်ပေးရန် တောင်းဆို ခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ နှင့် အမေရိကန် နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘတ် မြို့ တွင်ကျင်းပမည့် G-22 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းဝန်ကြီးချုပ် အဘီဆစ် နိုင်ငံမှထွက်ခွာသွားပြီးနောက် ထိုဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယမန်နှစ်က ပြည်ပရောက် သက်ဆင်၏ ရုပ်သေးအစိုးရ ဟု ဝေဖန်ခံရမှုများရှိခဲ့သည့် အာဏာရပါတီ၏အစိုးရ အဖွဲ့ အားဖြုတ်ချနိုင်ခဲ့သည့် PAD ခေါ်ရှပ်ဝါ ၀တ်များကလည်း ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံကြားအငြင်းပွားနေ သော ၁၁ရာစုနှစ် ဘုရားကျောင်း ပရိ ၀ိဟာရ နေရာတွင်စုရုံးဆန္ဒပြခဲ့ကြသည်။ဘုရားကျောင်း အနီးဆန္ဒပြ နေကြသော ရှပ်ဝါ၀တ်များ နှင့် လုံခြုံရေး ရဲ အဖွဲ့ ဝင်တို့ ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် ဆန္ဒပြသူ တစ်ဒါဇင်ထက်မနည်း ဒဏ်ရာပြင်းထန် စွာရရှိခဲ့သည် ဟု ထိုင်းရုပ်သံလိုင်း တစ်ခု ဖြစ် သည့် လိုင်းခွဲ ၇ တွင် သတင်းဖေါ်ပြခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ် က ထွက်ပေါ်လာသည့် ထိုင်းစပ်တပ်မှ တကျော့ပြန် အာဏာသိမ်းရန်ပြင်ဆင်နေသည် ဆိုသော သတင်းများနှင့် ပတ်သက်၍ ထိုင်းကာကွယ်ရေးဦးစီးချုပ် အနုပေါင် ပိုချင်ဒါက ငြင်းဆိုလိုက်သည့် သတင်းကို ယမန်နေ့ ထုတ် နေးရှင်းသီတင်းစာ တွင် ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံသည် ဒေသတွင်း စီပွားရေး နှင့် နိုင်ငံရေးများ အတွက်အရေးပါသည့် နိုင်ငံဖြစ်သည်။ယမန်နှစ်က ဖြစ်ပေါ်ခဲ့သည့် ထိုင်းနိုင်ငံတွင်း အစိုးရဆန့် ကျင်ရေးဆန္ဒပြမှုများနှင့် ဆွန်ခလာ သင်္ကြန်ရက်က ပေါ်ပေါက်ခဲ့သည့် အနီဝတ်များ၏ အုံကြွမှု များ ကြောင့် နိုင်ငံ၏ စီးပွားရေးသည် ဘတ်ငွေ ဘီလျှံ နှင့် ချီ၍ နစ်နာခဲ့သည်။
ပြည်ပ နိုင်ငံတစ်ခုတွင် ခိုလှုံနေသော သက်ဆင်က သူ့ အားထောက်ခံသူများအား ဗီဒီယို မှနေ၍ မိန့် ခွန်းပြောကြားခဲ့သည်။
ယနေ့ ညဦးပိုင်းတွင် မူ ပိုမို အားကောင်းလာသည့် ရှပ်နီဝတ် လှုပ်ရှားသူများကြောင့် လေဆိပ်၊ဘူတာ ရဲဌာန နှင့် အရေးပါသည့် အစိုးရ အဆောက် အအုံများတွင် လုံခြုံရေးများပိုမိုချထားရသည်။
ထိုင်းပြည်သူအများစု ကမူ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နိုင်ငံ၏ အခြေအနေမှာ
ပိုမိုဆိုးရွားသွားသည် ဟု နေရှင်း သတင်းစာ ၏ စစ်တမ်းက ဖေါ်ပြပြီး ပြည်သူများမှာ စစ်တပ်
အာဏာသိမ်းမှုများ ထပ်မံ ပေါ်ပေါက်လာမည် ကို မလိုလားကြချေ။
