မဲဆောက်ရွှေဝါ ရောင်တော်လှန်ရေးနှစ်ပတ်လည် ချီတက်ပွဲ ထိုင်းနှင့်မြန်မာလူမျိုးများပါဝင်

၂၂ စက်တင်ဘာ မဲဆောက် ၊                       ၊မလဲ့

Thai Joins Mae Sot Peace March For Burma

ထိုင်းနိုင်ငံမဲဆောက်မြို့ တွင် ကျင်းပခဲ့သော ငြိမ်းချမ်ရေးချီတက်ပွဲ ဓာတ်ပုံ-မြတ်သူ
ထိုင်းနိုင်ငံမဲဆောက်မြို့ တွင် ကျင်းပခဲ့သော ငြိမ်းချမ်ရေးချီတက်ပွဲ ဓာတ်ပုံ-မြတ်သူ

လွန်ခဲ့သည့် နှစ်နှစ် က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ်နှင့် ယနေ့ ကျရောက်သော ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဖြင့် ထိုင်းနိုင်ငံမဲဆောက်မြို့ တွင် စီတန်းလှည့်လည် လမ်းလျှောက်ပွဲ တစ်ရပ်ပြုလုပ်ရာ ထိုင်း နှင့် မြန်မာ လူမျိုးများပါဝင်ကြသည် ဟု သတင်းရရှိသည်။

ထိုဆန္ဒပြပွဲကိုမြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးရရှိရန် အတွက် ထိုင်း နှင့် မြန်မာ နိုင်ငံသားများ ပူးတွဲ၍ပထမ ဦးဆုံးအကြိမ်ကျင်းပကြခြင်း ဖြစ်သည်။ချီတက် ဆန္ဒပြပွဲ ကို ယနေ့ နံနက် ကိုးနာရီမှစတင်ကာ ထိုင်း သူရဲကောင်းထိပ် ကျောက်တိုင်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည် ။ချီတက်လမ်းလျှောက်ပွဲ တွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ရွှေ့ပြောင်း မြန်မာ ကလေးငယ်များကျောင်းမှ ကျောင်းဆရာ တစ်ဦးဖြစ်သူ ကို အောင်လှဝင်းက “ချီတက် ပွဲ  က မဲဆောက် မြို အရှေ့ဘက်ကနေ မဲဆောက်မြို အနောက် ဘက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားပေါ်ဖြတ်ပြီး မြ၀တီ ထဲ ထိ ၀င်ဖို့ ပဲ ဒါပေမယ့် ထိုင်းအာဏာ
ပိုင်တွေ က ခွင့် မပြုလို့ တံတားနား ထိမှာ ပဲ မေတ္တာ ပို့ ဆုတောင်းခဲ့လို့ ရတယ် ”ဟု Freedom News Group သို့ ပြောသည်။

ငြိမ်းချမ်းရေးချီတက် သူများသောင်ရင်း မြစ်ကမ်းဘေးထိ ချီတက်စဉ် ဓာတ်ပုံ-မြတ်သူ
ငြိမ်းချမ်းရေးချီတက် သူများသောင်ရင်း မြစ်ကမ်းဘေးထိ ချီတက်စဉ် ဓာတ်ပုံ-မြတ်သူ

ငြိမ်းချမ်းရေးချီတက် ပွဲကို ထိုင်းနိုင်ငံ Forum Asia အဖွဲ့ နှင့် Burma Partnership အဖွဲ့ အပါအ၀င် နယ်စပ်အခြေစိုက် မြန်မာ့ အရေးလှုပ်ရှားသည့်အဖွဲ့ များမှာ အင်အား နှစ်ရာကျော် ပါဝင်ခဲ့ကြသည်။

စစ်အစိုးရအုပ်ချုပ်သော မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးရရှိရန် ၍ ရည်ရွယ် ချီတက်သော ငြိမ်းချမ်းရေး ချီတက်ပွဲ ကို ထိုင်းအာဏာ ပိုင် တို့ က တစ်စုံတစ်ရာ နှောင့် ယှက်ခြင်းမရှိဟု သိရသည်။

ချီတက်ပွဲတွင်သံဃာတော်များကမေတ္တာသုတ်များရွတ်ဆိုဆုတောင်းခဲ့ပြီးထိုင်းလူမျိုးများကအင်္ဂ
လိပ်-မြန်မာထိုင်းဘာသာဖြင့်ရေးထိုးထားသောဆိုင်းဘုတ်များကိုင်ဆောင်ခဲ့ကြသည်။မဲဆောက်မြို့ ချီတက်ပွဲ ကျင်းပနေစဉ်အတွင်း နယ်စပ် မြ၀တီ မြို့ တွင် လုံခြုံရေးတင်းကျပ် ခဲ့သည်။