၂၂ စက်တင်ဘာ ရန်ကုန် ၊ ၊စပယ်ထွန်း
Longest-Serving Prisoner Release

၁၉၈၂ ခုနှစ်က တနင်္သာရီ တိုင်း ရေး မြို့ အနီးတွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည့် ကရင်အမျိုးသားအစည်းအရုံး၏ လက်နက်ကိုင်အဖွဲ့ ဖြစ်သာ ကရင်လွတ်မြောက်ရေးတပ်မတော် မှ ရွှေသွား (ခေါ်)ကိုတင်စိုးမှာ စက်တင်ဘာလ ၁၉ ရက်နေ့ ကမြင်းခြံထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟုသတင်းရရှိသည်။၁၉၈၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရေးမြို့ အနီးတွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီးနောက် ၁၉၈၃ခုနှစ် တွင် ရေး-ထားဝယ် ရထားလမ်း ဗုံးကွဲမှု ဖြင့် သေဒဏ် အမိန့် ချမှတ်ခြင်းခံရသည့် ကိုတင်စိုးသည် အကျဉ်းထောင်ထဲတွင် ၂၇ နှစ်ကျော်ကြာနေထိုင်ခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။
၁၉၈၈ခုနှစ်တွင်သူနှင့်ရဲဘော်ရဲဘက်”အချို့မှာသေဒဏ်ပေးခံရခြင်းမှလွတ်မြောက်ခဲ့သော်လည်း
သေဒဏ်အမိန့် မှ ၁၉၉၅ ခုနှစ်မှ သာလွတ်မြောက်ခဲ့သည်။ပြန်လည် လွတ်မြောက်လာ သော နိုင်ငံရေးအကျဉ်းသား တစ်ဦးက မြန်မာ စစ်အစိုးရ အကျဉ်းထောင် များထဲတွင် နှစ်ပေါင်း ၃၀ နီးပါး အကျဉ်းကျ ခံနေရပြီ ဖြစ်သော နိုင်ငံ ရေး အကျဉ်းသား နှစ်ဆယ် ထက် မနည်း
ရှိသေးကြောင်း ပြောသည်။
စစ်အစိုးရက ပြန်လည် လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်တွင် ကရင်အမျိုး
သားအစည်းအရုံး မှ အဖွဲ့ ဝင် လေးဦး ပါရှိသည်။
၁၉၉၈ ခုနှစ် က ကျောင်းသားသမိုင်းပြုစု မှု ဖြင့်ထောင် ဒဏ် ၁၇ နှစ် ချမှတ်ခြင်းခံခဲ့ရသည့် ကို
အောင်ထွန်းသည် လည်း အကျဉ်းထောင်ထဲတွင် ၁၁ နှစ်ကျော်ကြာနေထိုင်ပြီးနောက် ပြန်လည်
လွတ်မြောက်လာပြီ ဖြစ်သည်။
ယမန် နှစ်က အကျဉ်းထောင်ထဲတွင် ကိုယ်ဝန်ပျက်ကျခဲ့သည့် မကေသီအောင်သည် မန္တလေးထောင်မှပြန် လည် လွတ်မြောက်လာပြီး ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလက ဖမ်းဆီးခံရသည့် မြန်မာနေးရှင်း အယ်ဒီတာ ကိုသက်ဇင် သည် လည်း ကလေး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာပြီဖြစ်သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ကဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် စစ်အစိုးရသည် သတင်းသမားများအား ပိုမိုဖမ်းဆီးလာပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံရသည်။
ယခင် First-Eleven အယ်ဒီတာ ဟောင်း ကိုဇော်သက်ထွေးသည် နာဂစ် ဒုက္ခသည်များအား ကူညီမှုကြောင့် ထောင်ဒဏ် ဟာသပညာရှင် ကို ဇာဂနာ နှင့် အတူ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခြင်းခံခဲ့ရသည်။
စစ်အစိုးရသည် နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံတကာဖိအားမှ သက်သာစေရန် အလို့ ငှာ ဟန်ပြလွှတ်ပေးနေခြင်းသာ ဖြစ်ကြောင်း လူ့ အခွင့်အရေးစောင်ကြည့် ရေး အဖွဲ့ များမှ ဝေဖန်ကြ
သည်။
