ကိုကျောဇောလွင် သည် ပြည်တွင်းလှုပ်ရှားမှုများ ပြုလုပ်ရန် ၀င်ရောက်လာခြင်းဟု စစ်အစိုးရ စွပ်ဆွဲ

၂၄ စက်တင်ဘာ ရန်ကုန် ၊                      ၊စပယ်ထွန်း

Myanmar accuses American of planning unrest

နိုင်ငံတွင်းသို့ ရှစ်ကြိမ်မြောက် ၀င်ရောက်လာသူ မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် သည် နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားရန် ရည်ရွယ်
ကြံဆောင်၍ နိုင်ငံတွင်း သို့ စက်တင်ဘာလ သုံးရက်နေ့ က၀င်ရောက်လာခဲ့သည် ဟု ယနေ့ 
စစ်အစိုးရ အာဘော် သတင်းစာများတွင် ဖေါ်ပြထားသည်။

ပြည်ပ အခြေစိုက် ဒီမိုကရေစီ ရေးလှုပ်ရှားသည့် အဖွဲ့ အစည်းများ၏ အစီအစဉ် ဖြင့် ပြည်တွင်းလှုပ်
ရှားသူများကို တွေ့ ဆုံရန် ၊အစိုးရ ဆန့် ကျင်ရေးဆန္ဒပြ ပွဲများ ပေါ်ပေါက်လာပါက ငွေကြေးထောက်
ပံ့သွားရန် ရည်ရွယ်၍ ကိုကျော်ဇော်လွင်သည် တိုင်းပြည်သွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း
သူကိုယ်တိုင် ၀န်ခံထွက် ဆိုသည် ဟု မြန်မာ့ရုပ်မြင်သံကြားသတင်း တွင် ယမန်နေ့ ညက ဖေါ်
ပြသည့် သတင်းတွင် ပါရှိခဲ့သည်။

ကိုကျော်ဇောလွင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ထိ နိုင်ငံတွင်းသို့ ရှစ်
ကြိမ်ဝင်ရောက်ခဲ့ပြီး ဖြစ်သည် ဟု ဖေါ်ပြပါရှိသည်။

ကိုကျော်ဇောလွင် ၏ ညီမ သည် ထောင်ဒဏ် ၆၅ နှစ်ကျ ခံနေရပြီး မိခင် ဖြစ်သူမှာ ထောင်ဒဏ် ၅ နှစ်
ချမှတ်ထားခြင်းခံရသည်။