ချစ်စံအိမ် ရုပ်သံဇာတ်လမ်းတွဲမှ ကိုရီးယားမင်းသမီးချော ရန်ကုန် သို့ လာမည်

၂၄ စက်တင်ဘာ ရန်ကုန် ၊                       ၊ယူကွန်

Koren Actress Visits Yangon For Attends Cultural Exchange

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကိုရီးယား မင်းသမီး
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကိုရီးယား မင်းသမီး

အောက်တိုဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့သမ္မတရုပ်ရှင်ရုံတွင် ကျင်းပမည့် ကိုရီးယားရုပ်
ရှင်ပွဲတော်တွင် ချစ်စံအိမ် ရုပ်သံဇာတ်လမ်းတွဲတွင် တွင် သရုပ်ဆောင် ထားသည့် ကိုရီးယား မင်းသမီး လီယွန် အွန်း တက်ရောက် မည် ဟု ချိုဆန်း နီဘို သတင်းစာတွင် ဖေါ်ပြထားသည်။

လေးရက်ကြာ ပြုလုပ်မည့် ထိုရုပ်ရှင်ပွဲတော် တွင် ကိုရီးယားရုပ်ရှင် ဇာတ်ကား လေးကားပါဝင်ပြသမည်ဖြစ်ပြီး မင်းသမီး လီယွန် အွန်းသည် ပွဲတော်တွင် ပြသမည့် Summer Whispers ဇာတ်ကားတွင် သရုပ်ဆောင် ထားသည်။Summer Whispers ဇာတ်ကား၏ ဒါရိုက်တာ ဖြစ်သူ လီအွန် ဂျူသည်လည်း ရန်ကုန်တွင် ကျင်းပမည့် ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု လှယ်ရေး အစီအစဉ် ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည့် သမ္မတ ရုပ်ရှင်ရုံတွင် ကျင်းပမည့် ရုပ်ရှင်ပွဲတော် သို့ တက်ရောက်မည် ဖြစ်သည်။

လီယွန် အွန်းသည် ၂၀၀၃ ခုနှစ် မှ စတင်၍ MBC ရုပ်သံတွင် စတင်သရုပ်ဆောင်ခဲ့သည်။၂၀၀၄ ခုနှစ်တွင် ပေါပ်အဆိုတော် နှင့် သရုပ်ဆောင် ရိန်း ၊ မင်းသမီး ဆောင်းဟေကို တို့  နှင့် အတူ KBS မှ တင်ဆက် သည့် Full House ရုပ်သံ ဇာတ်လမ်းတွဲ တွင် သရုပ်ဆောင်ခဲ့သည်။

Full House ရုပ်သံဇာတ်လမ်းတွဲကို မြန်မာ နိုင်ငံတွင် ၂၀၀၅ ခုနှစ်အတွင်း ချစ်စံအိမ် အမည် ဖြင့်ထုတ်လွှင့် ပြသခဲ့ရာ လူကြိုက်များခဲ့သည်။

၂၀၀၅ ခုနှစ် စက်တင်ဘာလက ကိုရီးယား သရုပ်ဆောင် ချွဲခွာနူး (Kim Jae Won) အဆိုတော်
Baby V.O.X အဖွဲ့  နှင့် နာမည်ကျော် ကိုရီးယား ဖျော်ဖြေရေး ပညာရှင်များ လာရောက်ပြီး နောက်ယခု လာရောက် လည် ပတ်မှု သည် ပထမ ဦးဆုံးအကြိမ် ဖြစ်သည်။

နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ် အရ ပြသမည့် ကိုရီးယား ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုလိုသူများ အနေဖြင့် ရန်ကုန် မြို့ ရှိ ကိုရီးယားသံရုံးတွင် လက်မှတ် များကို အောက်တိုဘာလ ၁၀ ရက်နေ့ မှ စ၍ထုတ်ယူနိုင်သည် ။