ယူကျု နဲ့ ဖိုရမ် တွေမှာ နာမည်ကြီးနေတဲ့ ဟိန်းဝေယံ ရဲ့ သတင်း

၂၄ စက်တင်ဘာ ရန်ကုန် ၊                    ၊ယူကွန်

Hein Wai Yan ‘s Gossip Spreads

7619_132683315771_120015895771_2356792_279263_nလွန်ခဲ့သည့် တစ်နှစ် ခန့် မှ စ၍ မြန်မာ ဗီဒီယို လောကတွင် ပေါ်ပြူလာ ဖြစ်လာခဲ့သည့် သရုပ်ဆောင်သစ်တစ်ယောက် ဖြစ်သည့် ဟိန်းဝေယံ သည် ယူကျု ဗီဒီယို ၀ဘ်ဆိုက် ရှိ ဗီဒီယို အသံဖိုင် တစ်ခုကြောင့် ဖျော်ဖြေရေး ဘလောက် စာမျက်နှာများ ၊မြန်မာ လူငယ်များ အသုံးများသော ဖိုရမ် များ နှင့်အုပ်စုဖွဲ့  အီးမေးများကြားတွင် ပေါ်ပြူလာ ဖြစ်ကာ ရေပန်းစားလျှက်ရှိသည်။

ယူကျု ဗီဒီယို ဆိုက်တွင် တင်ထားသည့် ဟိန်းဝေယံ နှင့် ပတ်သက်သည့် ဗီဒီယို အသံဖိုင် ကို နားထောင် ဖူးသူ စင်္ကာပူရှိ မြန်မာ ကျောင်းသူ တစ်ဦးက “မိုးမိုးခိုင် နဲ့ နန္ဓာ လှိုင် တို့ နှစ်ဦး တယ်လီဖုန်းဆက်ရင်း ဟိန်းဝေယံ အကြောင်း ကို ပြောကြတာပါ ဘာမှ တော့ သိပ်ထူးထူးခြားခြားတော့ မပါဘူး ”ဟု Freedom News Group သို့ ပြောသည်။

မြန်မာ အမျိုးသမီးငယ်များကြားတွင် ရေပန်းစားနေသည့် ဟိန်းဝေယံသည် သူ၏ ထူးခြားသော ဖက်ရှင် စတိုင်များဖြင့် ရန်ကုန်တွင် သာမက နယ်မြို့ များကြားတွင်ပါ ထိုးဖောက်နိုင်သောသူ တစ်
ယောက်ဖြစ်သည်။အချိန်တို အတွင်း အောင်မြင်ကျော်ကြားလာသည့် ဟိန်းဝေယံ အား မနာလို သူတို့ က ပုဂ္ဂိုလ် ရေးတိုက်ခိုက်မှု များရှိ ကြောင်း ဟိန်းဝေယံ ၏ ရင်းနှီးသော သူငယ်ချင်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ဟိန်းဝေယံ ဓာတ်ပုံ-ပလန်းနက်
ဟိန်းဝေယံ ဓာတ်ပုံ-ပလန်းနက်

သူက ဆက်၍ “လွန်ခဲ့ တဲ့ တစ်ပတ်ကျော်လောက်ကလေ ဟိန်းဝေယံ ရဲ့ အကို စစ်ဦးအောင် ကား
တိုက်မှု ဖြစ်တာ ကို ဟိန်းဝေယံ ဆေးကွဲပြီး ကားတိုက်မှု ဖြစ်လို့ ဆေးရုံ ရောက်နေ သေးတယ် လို့ 
ကောလ ဟာလ ထုတ်ကြသေးတယ်။အဲဒါ ထက် ဆိုးတာက အရင် သတ်သေသွားတဲ့ စစ်တပ် အရာရှိ ရဲ့ မိန်းမ ကျောင်းဆရာ မ က သူ့ ကို စပွန်ဆာ ပေးထားတာ တဲ့ ၊သူက မယူချင်တော့ အဲဒီဆရာမ က ကားနဲ့ လိုက်တိုက်သတ်တယ် ဆို ပြီး ပြောကြတယ် ဘလောက် တွေ မှာ ရေးကြတာ ဘာတစ်ခုမှ မဟုတ် ဘူး သူက ပေါက် လို့ ရိုက်ရက် ပြည့်နေတာ ကို ငှားမရ တဲ့ ပရိုဂျူဆာ တွေ ကပြောကြတာ..သပုတ်လေလွင့် ပြောကြတာ ”ဟု ပြောသည်။

ဟိန်းဝေယံ သည် နာမည်ရင်း သူရကို ဖြစ်ပြီး ရန်ကုန် ဇာတိ ဖြစ်သည်။အဆိုတော် ပိုးအိစံ ၏
ဂီတ ဗီဒီယို တွင် သဇင် နှင့် တွဲ၍ စတင်သရုပ်ဆောင်ခဲ့သည်။၎င်း၏ မိဘ များပိုင်ဆိုင်သော မာန်
ထက်ချီ ဗီဒီယိုထုတ်လုပ်ရေး ၏ မင်းသား တစ်လက် ဖြစ်ပြီး ပထမဦးဆုံးစတင် သရုပ်ဆောင် သည့် “နှစ်နှစ်ကာကာ အမည်ရှိ ဗီဒီယို ဇာတ်ကားတွင် ကျော်သူ ၊မေသန်းနုတို့ နှင့် အတူ သရုပ်ဆောင် ခဲ့သည် ။

ချစ်ကံပွင့် နှင့် မချောလေးဆယ် ရုပ်ရှင်ကားမှာ သူ ၏ ပထမ ဦးဆုံးရုပ်ရှင် ဇာတ်ကားဖြစ်ပြီး
ယခု အချိန်ထိ ရုပ်ရှင် ဇာတ်ကားကြီး နှစ်ကား ၊ဗီဒီယို ငါးဆယ် ကျော် နှင့် ကြော်ငြာ ဆယ်ခု
တို့ တွင် သရုပ်ဆောင်ပြီး ဖြစ်သည်။

5 thoughts on “ယူကျု နဲ့ ဖိုရမ် တွေမှာ နာမည်ကြီးနေတဲ့ ဟိန်းဝေယံ ရဲ့ သတင်း

  1. ကိုဟိန်းဝေယံရဲ့ဖုန်းနံပါတ်လေးပြောပြပါလား။ဟိန်းဝေယံမှာညီမအရွယ်ညီမလေးတစ် ယောက်ရှိလား။

  2. ညီမက ကိုဟိန်းဝေယံရဲ့ပရိသတ်ပါ ကိုဟိန်းဝေယံကိုံဘယ်လိုပုံပဲ ဖြစ်ဖြစ် ကြည့်ကောင်းနေတယ် (ဟဲဟဲ)
    fri တစ်ယောက်နဲ့ နေ့တိုင်းစကားများရတယ် သိမှာတော့ဟုတ်ပါဘူးလေ phone number ကိုတော့သိပေမဲ့ဆက်ရဲပါဘူး
    မ၇ှိဘူး တို့ မအားဘူးတို့ ကို ကြောက်နေမိတယ် ဒီလိုပဲ ကြေငြာတို့ ဇာတ်လမ်းထဲကနေပဲကြည့် ပါတော့မယ်
    ပအိုဝ့်လို “ခွေ,ရက်နာ”ပါ ကိုဟိန်းဝေယံ

Comments are closed.