၂၅ စက်တင်ဘာ ရန်ကုန် ၊ ၊ဟိန်းခိုင်ထွန်း
New Bank Note Hit Burma Financial Market

စက်တင်ဘာလ ၂၄ ရက်နေ့ ည မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်မှကျပ်ငါးထောင်တန်ငွေ
စက္ကူသစ် အား အောက်တိုဘာ ၁ ရက်နေ့ မှ စ၍ အများပြည်သူများကြားတွင် သုံးစွဲမည်ဟု ကြေညာပြီးနောက် တစ်နေ့ ဖြစ်သည့် ၂၅ ရက်နေ့ တွင် နံနက် အစောပိုင်းမှ စ၍ မြို့ အနှံ စစ်တပ်၊ရဲ နှင့် အရပ်ဝတ် လုံခြုံရေး ဖြစ်သည့် ကြံ့ဖွတ်၊စွမ်းအားရှင် တို့ကိုချထားကြောင်းသတင်း
ရရှိသည်။
စစ်အစိုးရ၏ ငါးထောင်ကျပ်တန် ထုတ်ဝေမည် ဆိုသောသတင်းသည် ယနေ့ အစိုးရရုံးများ ၊ဈေး နှင့်လူစည်ကားရာနေရာများတွင် ဆွေးနွေးပြောဆိုမှု အများဆုံးသတင်း ဖြစ်နေသည်။
ငါးထောင်ကျပ်တန် ထုတ်ဝေမည့် သတင်းထွက်ပေါ်လာပြီးနောက်တစ်နေ့ ရန်ကုန်မြို့ ၏ အခြေအနေနှင့် ပတ်သက်၍ ပုဇွန်တောင် ရွှေဘုန်းပွင့် စေတီမှ ဘုန်းတော်ကြီး တစ်ဦးက “မနက်အစောပိုင်း ကတည်း ကပဲ စစ်ကားတွေ ရဲကားတွေ လှည့်နေတယ်။ဒကာတွေက တော့ ကုန်ဈေးနှုန်း တက်မယ်ပြောတယ် ။တီဗွီ မှာ ပြသွားတဲ့ ပိုက်ဆံ သတင်းကို အားလုံးစိတ်ဝင်စားနေတယ် အစိုးရ၀န်ထမ်းတွေကို လခ ထုတ် ရင် ဒီပိုက်ဆံရမှာ” ဟု အဆိုပါ ဘုန်းတော်ကြီးက မိန့် ကြားသည်။
အမေရိကန် ဒေါ်လာငွေ စက္ကူနှင့် မြန်မာကျပ်ငွေ တရားမ၀င်လဲလှယ်သည့် နေရာများတွင် အရပ်
ဝတ်ထောက်လှမ်ရေးများ စောင့်ကြပ်ကြည့်ရှုမှုများရှိနေသည် ဟု ဆိပ်ကမ်းသာလမ်းမှ ဒေါ်လာပွဲ
စားတစ်ဦးက Freedom News Group သို့ ပြောသည်။
ရန်ကုန်မြို့ မှ စာနယ်ဇင်းသမား တစ်ဦးကလည်း “ဒီနေ့ ရွှေဈေး၊စိန်ဈေး၊ ဒေါ်လာဈေး၊အခြေခံ
စားကုန်ဈေးသတင်းတွေ ကို နားစွင့်ရမယ်။ သတင်းထူးရ မှ ဂျာနယ်က ရောင်းကောင်းတာ အခု
ဘာလေး ဘာထဲ ၀င်ပြီလေ ”ဟု ဆိုသည်။
