၂၆ စက်တင်ဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Freedom Short Lived For Political Prisoners
နိုင်ငံရေးအကျဉ်းသား များပြန် လွှတ်ပေးရာတွင်အချို့အကျဉ်း ထောင်များ မှ နိုင်ငံရေးအကျဉ်း သားများ မှာ ပြန်လွှတ်ပေးမည်ဆိုကာ ထောင်ဗူးဝထိ အာဏာပိုင်များက ခေါ်ဆောင်ပြီးကာမှ လွှတ်မည့်စာရင်းထဲတွင်မပါဟု ဟုဆိုပြီး မူလ အကျဉ်းထောင်တိုက်ဝင်းထဲသို့  ပြန်ပို့ ခံရသည့်
ဖြစ်ရပ်များ ရှိသည် ဟုသတင်းရရှိသည်။
မြောင်းမြထောင်တွင် ရှိသော ကိုလှိုင်ဝင်းဆွေ သည် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ကိုးနာရီခန့် တွင် အကျဉ်းထောင်မှ ထောင်မှုး တစ်ဦးဖြစ်သူက ထောင်မှ လွှတ်ပေးရန် အတွက် ဆိုကာလာရောက် ခေါ်ဆောင်ပြီး နောက် ထောင်ဗူးဝတွင် အချိန် နှစ်နာရီခန့် စောင့်ဆိုင်းနေစဉ် ပြည်
ထဲရေးမှထပ်မံရောက်ရှိ လာသော FAX တွင် လှိုင်ဝင်းဆွေ နာမည် မပါ ဟု ပြော၍ ထောင်ထဲ
သို့ ပြန်လည် ပို့ ဆောင်လိုက်သည် ဟု မြောင်းမြထောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက
Freedom News Group သို့ ပြောသည်။
ရမည်းသင်း ထောင်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်လူငယ် ကိုနေဇာမျိုးဝင်းသည် လည်း စက်တင် ဘာလ ၁၈ ရက်နေ့ က ထောင်မှုးကြီးဆိုသူမှ လွှတ်ပေးမည် ဟု လာရောက်ခေါ်ဆောင်ပြီး
ထောင်ထဲ သို့ ပြန်ပို့ ခြင်းခံရသည်။
ထောင်ဗူးဝထိရောက်ရှိပြီးကာမှ သက်ဆိုင်ရာ အကျဉ်းထောင် အာဏာပိုင်တို့ ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်၍ သော်၎င်း ၊ပြည်ထဲရေး ၀န်ကြီးဌာန နှင့် အကစ ညွှန်ချုပ်ရုံးမှ လွဲမှားသောညွှန်
ကြားချက်များကြောင့် သော်၎င်း မည်သို့ ပင် ဖြစ်စေ ထိုကိစ္စသည် နိုင်ငံရေးအကျဉ်းသားများ အား
စိတ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးမှု (Psychologically Torturing ) တစ်ရပ်ပင် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်သူ ဆရာဝန် တစ်ဦးက ပြောသည်။
ထောင်ထဲတွင် ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦး ဖြစ်သူ
ဦးဝင်းတင် သည် လွန်ခဲ့သည့် ငါးနှစ်ကျော်က အင်းစိန်ထောင်တွင် ထိုကဲ့သို့ အဖြစ်အပျက်မျိုးကြုံ
ခဲ့ရပြီး ၊ယမန် နှစ် စက်တင်ဘာလ က နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ် သူ ဗိုလ်ကြီး ၀င်းထိန် သည်
ကသာ ထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် နှစ်ဆယ့်လေးနာရီ အတွင်းမှာပင် ပြန်လည် ဖမ်းဆီးခံ
ရကာထောင်ထဲ သို့ ပြန်ပို့ ခံရသည် ဟု သိရသည်။
မကြာသေးခင်က မြောင်းမြထောင်မှ လွတ်မြောက်လာခဲ့သော မစန္ဒာမင်း သည် လည်း မီးပျက်နေ၍
ပြည်ထဲရေးမှ ပို့ သော FAX လက်ခံမရ နိုင် သေး ဟု ဆိုကာ ထောင်ဗူးဝတွင် ခြောက်နာရီ နီးပါးစောင့် ဆိုင်းခဲ့ရကြောင်း သိရသည်။
ရမည်းသင်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရတွင် နာမည် မှားယွင်း ခေါ်ဆိုမှုများ နှင့်
ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက “သူတို့  တမင်သက်သက် ကို စိတ်ပိုင်းဆိုင်ရာ
ထိခိုက်အောင် လုပ်နေကြတာ အခုမှ မဟုတ်ဘူး”ဟု ပြောသည်။
လတ်တလောတွင် အင်းစိန် ၊သာယာဝတီ နှင့် မန္တလေး အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသား
များအား ပလတ်စတစ် ဖြင့် ထုတ်ထားသောပစ္စည်းများကို ပေးပို့ ၍ မရ ဟု သိရသည်။

(Psychologically Torturing) ဆိုတာကို စိတ်ပိုင်းဆိုင်ရာပြစ်ဒဏ်ပေးမှုလို့ မြန်မာမပြန်နဲ့၊ “စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းမှု….” ယုတ်မာကောက်ကျစ်မှု၊ လူမဆန်မှု၊ ခွေးဆန်မှု…..။