ရွှေကုန်သည်များက ရွှေဈေး ကျပ် ၈ သိန်း ကျော်ထိ ရောက်ရှိလိမ့်မည် ဟု ခန့် မှန်း
၂၆ စက်တင်ဘာ ရန်ကုန် ၊                     ၊ဟိန်းခိုင်ထွန်း
Myanmar Gold Market Unrest
ကျပ်ငါးထောင်တန် ထုတ်သေမည့် သတင်းကြေညာပြီးနောက် ရန်ကုန် မြို့ ရှိ ရွှေ ထည် အရောင်းဆိုင် တစ်ခု ကိုတွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ကျပ်ငါးထောင်တန် ထုတ်သေမည့် သတင်းကြေညာပြီးနောက် ရန်ကုန် မြို့ ရှိ ရွှေ ထည် အရောင်းဆိုင် တစ်ခု ကိုတွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ပါးထိ ဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း ခန့် မှန်းကြသည် ဟု သတင်းရရှိသည်။စက်တင်ဘာလ ၂၄ ရက်နေ့ က စစ်အစိုးရ၏ ကျပ်ငါးထောင်တန် ဘဏ်ငွေ စက္ကူသစ် ကို အောက်တိုဘာလ ၁ ရက်နေ့ မှ ထုတ်ဝေဖြန့် ချိမည် ဟု ကြေညာအပြီး တွင် ကျပ်ငါးသိန်း ခုနှစ်သောင်း ကျော် ဖြင့် အရောင်းအ၀ယ် ဖြစ်နေသာ အခေါက်ရွှေ ဈေးနှုန်းမှာ ကျပ်သုံးသောင်းခန့် ထိ မြင့်တက်ခဲ့သည်။
နိုင်ငံတကာတွင် ရွှေဈေးနှုန်းများတက်နေပြီး ချီကာဂို တွင် ရွှေတစ်ကျပ်သားလျှင် ၅၃၃ ဒေါ်လာထိ
ပေါက်ဈေးရှိသဖြင့် မြန်မာ့ ရွှေဈေးနှုန်းသည် ငါးထောင်ကျပ်တန် ထုတ်ဝေမည် ဟု မကြေညာခင်က
တည်းက နေ့ စဉ်နီးပါး ဆက်တိုက်ဆိုသလို တက်ရိပ်ပြခဲ့သည်။
ကျပ် ငါးထောင်တန် ထုတ်ဝေမည့် သတင်းကြေညာပြီးနောက် ရန်ကုန် ရွှေဈေးကွက် တွင် လှုပ်လှုပ်
ရှားရှား ဖြစ်သွားသည့် ဂယက် နှင့် ပတ်သက်၍ ရွှေဘုံသာလမ်းရှိ ရွှေဆိုင်ပိုင်ရှင် တစ်ဦး က“ မြန်မာ
ရွှေတစ်ကျပ်သား ဈေးက အခု ထိ နိုင်ငံတကာ တစ်ကျပ်သားဈေးအောက် နည်းနည်း လျှော့ နေသေးတယ် လေ။ကမ္ဘာ့ရွှေဈေးက ဆက်တက်ရင် လိုက်တက်မှာပဲ ..ဒါပေမယ့် အခု ငါးထောင်တန်
ထုတ်လိုက်တော့ ဒေါ်လာ ဈေးက တနင်္လာနေ့ မှ စတက်မယ် သိရတယ် ၊ယွမ် ၊စင်္ကာပူ ဒေါ်လာ နဲ့ ဘတ် က တက်နေပြီ ၊အဓိက ဒေါ်လာဈေးတက် ရင် ကျန်တာ အကုန် တက်မှ ပဲ အရင် ကဈေးကွက်
မှာ မြန်မာငွေ တန်ဖိုးမာ တယ်။ အခု ၁၁၂၀ ဖြစ်နေပြီ တနင်္လာနေ့ မှ သိရမယ် ”ဟု ပြောသည်။
ငါးထောင်ကျပ်တန် ထုတ်ဝေမည့် သတင်းထွက်ပေါ်ပြီးနောက်  လက်လီ ဈေးကွက် တွင်
ပေါ်ဆန်း မွှေး တစ်ပြည် လျှင် ၁၁၅၀ ကျပ်မှ ၁၂၈၀ ထိ ဈေးအနည်းငယ်တက်သွားသည်။
ရန်ကုန် ၊မလေးရှား  နှင့် စင်္ကာပူ ငွေလွှဲ လုပ်ကိုင်နေသည့် ဟွန်ဒီများမှာ လည်းမြန်မာငွေဈေး အပြောင်းအလဲ ကြောင့် အခြေအနေ ကို စောင့်ကြည့် ၍ ငွေလွှဲ လုပ်ငန်းများ ရပ်ဆိုင်းထားရ သည်။
စနေ့ နေ့ လည် ရန်ကုန် မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ဒေါ်လာဈေးကွက်တွင် ၁၂၀၀ နီးပါးထိဈေး
တက်ခဲ့ပြီး မဂိုလမ်းရွှေဈေးကွက်တွင် ရွှေ တစ်ကျပ်သားမှာ ခြောက်သိန်း တစ်သောင်းကျော်ထိ မြင့်တက်သွားသည်။