၂၈ စက်တင်ဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Myanmar’s Suu Kyi seeks to meet Western diplomats (AP News)
နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကစက်တင်ဘာလ ၂၅ ရက်နေ့  နေ့ စွဲဖြင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ပေးပို့ သည့် စာထဲတွင် အနောက်တိုင်း သံတမန် အချို့ နှင့် တွေ့ ဆုံဆွေးနွေးလိုကြောင်း ဖေါ်ပြပါရှိသည်။
တနင်္လာနေ့ က ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ပေးပို့ သည့် ဒေါ်အောင်ဆန်းစုကြည် ၏ စာနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က တရားဝင်ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ၎င်း စာထဲတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားမှုများ ရုပ်သိမ်းပယ်ဖျက် ရေးကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အကြံပြူချက်များပါဝင်သည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည်က လိပ်မူထားသည့် စာထဲတွင် အရေးယူပိတ်
ဆို့ မှုများကို ထိရောက်စွာဖယ်ရှား နိုင်ရန် အချက်သုံးချက် ဖြင့် တင်ပြထားပြီး ထိုအချက် သုံးချက်
ပေါ် မူတည်၍ အမေရိကန် သံမှုးကြီး၊ဥရောပ သမဂ္ဂကိုယ်စားလှယ် သံအမတ်ကြီး နှင့် သြစတေးလျှသံအမတ်ကြီး တို့ ကို တွေ့ ခွင့် ရရန် တောင်းဆို ထားသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ အနောက်တိုင်းသံတမန်များ နှင့် တွေ့ ဆုံခွင့် တောင်းထားခြင်းကို မြန်မာစစ်အစိုးရ က အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အရေးယူပိတ်ဆို့ ထားမှုများ နှင့် ပတ်သက်၍ ရုပ်သိမ်းပေးရန်အနောက်တိုင်းသံတမန် များ နှင့် ဆွေးနွေးမည် ဆို သည့်  သဘောထားသည် အတိုက်အခံ နှင့် မြန်မာ စစ်အစိုးရ ကြား နားလည် မှု တစ်စုံတစ်ရာ ဖြစ်ထွန်းပေါ်ပေါက်လာ နိုင်သည့် အခြေအနေ တစ်ခု ဟု သုံးသပ် ပြောဆိုနေကြသည်။
ရန်ကုန်မြို့ ရှိ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကို သီဟ က “မြန်မာ့ နိုင်ငံရေးမှာ
အရေးပါတဲ့ စာတစ်စောင်ပေါ့ ဗျာ ။နအဖ ဘက်က ဒီလို ကမ်းလှမ်းချက် မျိုးကို ဂရုစိုက်သင့်တယ်”ဟု သုံးသပ် ပြောဆိုသည်။
စက်တင်ဘာလ ၁၉ ရက် နေ့ က နယူးယောက်တွင် ပြုလုပ်သော မြန်မာ့ မိတ်ဆွေ နိုင်ငံများ အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာ စစ်အစိုးရ နှင့် တိုက်ရိုက်တွေ့ ဆုံဆွေး နွေးမှု များပြုလုပ်မည် ဖြစ် သလို တစ်ချိန် တချိန်တည်းတွင် လည်း ပိတ်ဆို့ အရေးယူခြင်းကို ဆက်လက် ကျင့် သုံးမည် ဟု မြန်မာ နိုင်ငံ နှင့် ပတ်သက် ၍ အမေရိကန် နိုင်ငံခြားရေးမှုဝါဒ ကို ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်သြဂုတ် လ ၁၁ ရက်နေ့ က အင်းစိန်ထောင်တွင်းရှိ တရားရုံး မှ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီးဗိုလ်ချုပ်မှုးကြီးသန်းရွှေက ထောင်ဒဏ် တစ်နှစ်ခွဲ ကို လျှော့ပေးကာ ကျန်ရှိသည့် ၁၈ လ ကို နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် သို့ ပြင်ဆင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ ပြစ်ဒဏ် နှင့် ပတ်သက်၍ ဗဟိုတရားရုံး သို့ အယူခံလွှာ
တင်သွင်းထားရှိပြီး အောက်တိုဘာလ ၂ ရက်နေ့ တွင် တရားရုံးမှ ဆုံးဖြတ်မည် ဟု သိရသည်။
ယမန်နေ့ က ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီ ဖွဲ့ စည်းတည် ထောင်ခြင်း ၂၁ နှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုထားသည်။
