မြန်မာနိုင်ငံခြား ရေးဝန်ကြီး နယူးယောက်တွင် ရှုးဖိနပ်ဖြင့် ပစ်ပေါက်ခံရ

၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် နယူးယောက် မြို့ သို့ ရောက်
ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား ၎င်း တည်းခိုရာ ဟိုတယ်မှ အထွက် တွင် မြန်မာ့ဒီမိုကရေစီ ရေးလှုပ်ရှားသူများက ဆန့် ကျင်ဆန္ဒပြခဲ့ကြသည်။

နယူးယောက် စံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၇ နာရီခန့် က East Gate Hotel မှ ထွက်လာသည့်
မြန်မာ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့ အဖွဲ့ ကို ဖိနပ်များ ၊ခရမ်းချဉ်သီး များ နှင့် ပစ် ပေါက်ကြရာ နိုင်
ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းမှာ ရှုးဖိနပ် တစ်ရံထိမှန် သွားကြောင်း ဆန္ဒပြ အဖွဲ ၀င်တစ် ဦးက Freedom News Group သို့ ပြောသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မှာ မော်တော်ကားလမ်းကို ပြောင်းပြန်မောင်း၍ ထွက်ပြေးသွားသောကြောင့် သူ၏
ကားနောက် ပိုင်းကို သာ ရှုးဖိနပ် ထိမှန် ကြောင်းသိရသည်။

ဆန္ဒပြ ကန့် ကွက်ရှုံချပွဲ သို့  ထိုဒေသ နှင့် အနီးတ၀ိုက်ရှိ မြန်မာဒီမို ကရေစီ လှုပ်ရှားသူများ နှင့် ရဟန်း သံဃာများ တက်ရောက်ခဲ့ကြသည်။

ဖိနပ်ဘေးမှ လွတ်မြောက်ပြီးနောက် ကုလ ရုံးချုပ်တွင် ဘန်ကီမွန်း နှင့် မချိပြုံးနှုတ်ဆက်နေသည့် ဗိုလ်ချုပ်ကြီးသိန်းစိန်
ဖိနပ်ဘေးမှ လွတ်မြောက်ပြီးနောက် ကုလ ရုံးချုပ်တွင် ဘန်ကီမွန်း နှင့် မချိပြုံးနှုတ်ဆက်နေသည့် ဗိုလ်ချုပ်ကြီးသိန်းစိန်

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည်  ကုလ သမဂ္ဂ အထွေထွေ ညီလာခံ သို့ 
တက်ရောက် မိန့် ခွန်းပြောကြားရန် အသွားတွင် ဖိနပ် ဖြင့် ၀ိုင်းဝန်းပစ်ပေါက်ခံရခြင်းဖြစ်သည်။
စီးပွားရေးပိတ်ဆို့ မှုများ ရုပ်သိမ်းပေးပါရန် ကုလ သမဂ္ဂတွင် ပြောကြားခဲ့ပြီး မကြာခင်ကျင်းပမည့်
ရွေးကောက်ပွဲ ကို လွတ်လပ် ပြီးမျှတမှု ရှိရန် ဆောင်ရွက်ပေးမည် ဟု ပြောကြားသည်။
ထိုသို့ ပြောကြားစဉ် ၎င်း ၏ အသံမှာတုန်ယင်နေ သည်ကို ကုလသမဂ္ဂ
ရုပ်သံလိုင်းနှင့် နယူးယောက် FM မှ ထုတ်လွှင့်ပြသသွားသည်။

ကုလ သမဂ္ဂ အထွေထွေ အစည်းအဝေးသို့ ၁၉၉၅ ခုနှစ်က နောက်ဆုံးတက် ရောက်ခဲ့သည့်
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်အေးပြီးနောက် ၁၄ နှစ်အတွင်းဗိုလ်ချုပ်ကြီး
သိန်းစိန် မှာ ပထမ ဦးဆုံးအကြိမ်ဖြစ်သည်။

နိုင်ငံ ၁၉၂ နိုင်ငံ တက်ရောက်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် စကားပြောကြားပြီး
နောက် မြန်မာ နိုင်ငံ သို့ လာ ရောက် လည် ပတ်ခဲ့သည့် ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်
အမတ် မစ္စတာ ဂျင်ဝဘ် နှင့် တွေ့ ဆုံရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ
ပြုလုပ်မည် ဟု ကတိပေးခဲ့သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ မှာ မြန်မာ စစ်ခေါင်းဆောင် များတွင်
ပထမဦးဆုံးအကြိမ်ဖိနပ်ဖြင့်အပေါက်ခံရသူများဖြစ်သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန် မှာမူ ဧပြီလ အတွင်းက ထိုင်းနိုင်ငံ တွင် အာဆီယံ အစည်းအဝေး တက်ရောက်စဉ်က အာဏာရှင်ဆန့် ကျင်ရေး
ဒီမိုကရေစီ တပ်ဦး၏ ဆန္ဒပြ ကန့် ကွက်မှု ကြောင့် ဟိုတယ် နောက်ဖေးပေါက်မှ ထွက်ပြေးရသည့် အတွေ့ အကြုံရှိထားသူ
တစ်ယောက်ဖြစ်သည်။

2 thoughts on “မြန်မာနိုင်ငံခြား ရေးဝန်ကြီး နယူးယောက်တွင် ရှုးဖိနပ်ဖြင့် ပစ်ပေါက်ခံရ

  1. တခုတော့တင်ကြို ပြောထားပါမယ်။ ကျနော်ဟာနအဖ စစ်ဖိပ်ကိုလျှာနဲ့ ယက်နေသူမဟုတ်သလို မြန်မာပြည်မှာဒီမိုကရေဒီမိုကရေစီ ထွန်းကားဖို့ နဲ့ ဒီစစ် ၃စစ်ကိုအမြစ်ဖြတ်ဖို့ ကိုတတ်စွမ်းသမျှကိုယ်ကျရာအခဏ်းကနေလုပ်ဆောင်နေသူတဦးပါ။ သန်းစိန်၊ ဉာဏ်ဝင်းတို့ ကိုဖိနပ် နဲ့ ပေါက်တာကိုလည်းဘာမှမကန့် ကွက်ပါဘူး။ ပေါက်သင့်ပါတယ်။ တကယ်ကို ဗိုလ်ဉာဏ်ဝင်းရဲ့ မျက်နှာတဲ့တဲ့ကိုထိ အောင်ပေါက်သင့်တာပါ။ အခုတော့ကားကိုပဲပေါက်နိုင်ခဲ့တာ၊ ထိခဲ့တာပါ။ ဒါလည်း ဗိုလ်ဉာဏ်ဝင်းတယောက်ထဲပါသွားတဲ့ ကားပါ။ (ဗိုလ်သိန်းစိန်ဆို ဆန္ဒပြသူတွေတွေတောင်မတွေလိုက်ရပါဘူး) အဲဒါကို ပဲ မဟာအောင်ပွဲကြီးရသလို လုပ်တာနည်းနည်း ပဏာယူပြ မဏ္ဍတိုင်တက်ပြနေတာကများ များဖြစ်နေပါတယ်။ တော်တော်များများကတကယ့်ဗီဒီယို ကိုမကြည့်လိုက်ရပါဘူး။စာဖတ် သတင်း နား ထောင်ပြီး အဟုတ်ထင်သွားကြတာပါ။ ဘာကြောင့်အဲဒီလိုထင်ယောင်ထင်မှားလုပ်ချင်ရတာလည်း???? နိုင်ငံရေးရိုးသားမှု နဲ့ ပဲဆိုင်မယ်ထင်ပါတယ်။

    နောက် အခုလို online မှာ ဒီဖိနပ်ကိစ္စ ပွစိတက်နေတာကလဲ။ ကိုမိုးသီးဇွန် ကဘာမှမဟုတ်တဲ့ ဒီသာမာန်ကိစ္စ ကိုအကြီးအကျယ်လုပ်လိုက်ဖွ နေတာကြောင့်လို့ ထင်ပါတယ်။ ကိုမိုးသီးဇွန် ကိုယ်တိုင်ရေးထားတာတွေကို အရင်ဖတ်ကြည့်ပါအုံး (ဉာဏ်ဝငိးအရှင် ရ သိန်းစိန်ထွက်ပြေး)…….. (ကိုမိုးသီးနဲ့ ၃ ယောက်က ဖိနပ်နှင့်ဝိုင်းပေါက် လိုက်တဲ့အခါမှာ တိုက်ပွဲစလိုက်ပါတယ်။ Mr Creator က ကော်ဖီခွက်နဲ့ ညဏ်ဝင်းကိုလှမ်းပက်လိုက်ပါတယ်။ အနီးကပ်ပြစ်ခတ်ကြတာဖြစ်တယ်။
    ညဏ်ဝင်း လန့် ပြီး ကားထဲကိုငုံရှောင်တယ်။ သူလူများက လက်နဲ့ ဝိုင်းကာ ကြတယ်။ ကားကို အတင်းမောင်းပြေးတယ်။ ) တကယ်တော့ ထိုအချိန် အဲဒီအနားမှာရှိနေသူတွေ တကယ်မြင်ခဲ့၇တာနဲ့ ကွဲပြားနေပါတယ်။ ဘာကြောင့်ဒီကိစ္စ ကို အ၇မ်းကိုမိုးသီးအမွှန်းတင်ချင်နေရတာတုံး။ သူရဲ့ မဟာအောင်မြင်မှုအဖြစ်ခံယူချင်နေတာလား၊ တကယ်တော့ အခုရက်ပိုင်းအတွင်း NY မှာမြန်မာနိုင်ငံအရေးနဲ့  US major policy shift ဖြစ်ဖို့  နအဖ စစ်ခေါင်းဆောင် ၃ဦးတောင်လာရောက်ပြီး US ကိုယ်စာလှယ်တွေနဲ့  ဆွေးနွေးနေချိန်မှာ ကိုယ့်ကိုကိုယ် ခေါင်းဆောင်တယောက်လို့ သတ်မှတ်ထားခဲ့ရင် လေးလေးနက်နက်နဲ့ ထိရောက်အောင်လုပ်ရမှာတွေ၊ အများကြီးရှိပါတယ်။ လမ်းဘေးမှာ ဟစ်ပီတွေ၊ activists တွေဆန္ဒပြသလိုဟာကို operation ကြီးတခုလို၁၀ရက်လောက် အချိန်အကုန်ခံပြင်ဆင်မနေသင့်ပါဘူး။ အင်းလေ ….. တကယ်တော့တခြား တက်ကြွလှုပ်ရှားသူတယောက်က အခုလိုပြုမူပြောဆိုတယ်ဆိုရင် ဒီလောက်အုံးအုံးကြွပ်ကြွပ်ဖြစ်မယ်မထင်ပါ။့  သူက မိုးသီး ကိုး……….

Comments are closed.