ပိုလန်စကီး အား လွှတ်ပေးရန် သရုပ်ဆောင်၊ဒါရိုက်တာ နှင့် ထုတ်လုပ်သူများကတောင်းဆို

၂၉ စက်တင်ဘာ ကာလီဖိုးနီးယား ၊                      ၊Freedom News

Free Roman Protest in E.U. and U.S.

အမေရိကန်နိုင်ငံသား၊ ပြင်သစ် ရုပ်ရှင် ဒါရိုက်တာ ရိုမန် ပိုလန်စကီးအား စက်တင်ဘာလ ၂၆
ရက်နေ့ တွင်ဖမ်းဆီးပြီး သူ့ အားဝရမ်း ထုတ် ထားသည့် အမေရိကန်နိုင်ငံသို့ ပြန်လည်
လွှဲပြောင်းပေးမည် ဟု ဇူးရစ် မှ လာသော သတင်းကို ကိုးကားပြီး FOX သတင်းဌာန
မှ ကြေညာ ခဲ့သည်။

ဆွစ်ဇာလန် နိုင်ငံတွင် ကျင်းပသည့် ဇူးရစ် ရုပ်ရှင်ပွဲတော်တွင် တစ်သက်တာရုပ်ရှင် ထူးချွန်ဆု လက်ခံရယူရန် အတွက် လာရောက်သည့် ရိုမန်ပိုလန် စကီးသည် ၁၉၇၇ ခုနှစ်က အသက် ၁၃ နှစ်အရွယ်မိန်းကလေးတစ်ဦးဖြစ်သူ ဆမန်သာ ဂေမာ အား အဓမ္မပြူကျင့် ခဲ့သည့် အမှု ဖြင့် လောစ်ဇင်ဂျလိစ် တရားရုံးမှ အမှု စစ်ဆေးနေစဉ် ၁၉၇၇ ခုနှစ် တွင် ပြင်သစ်နိုင်ငံ သို့ တိမ်းရှောင်သွားခဲ့သည်။ထိုအချိန်က ပိုလန်စကီး မှာ အသက် ၄၄ နှစ်ဖြစ်ပြီး သူ့ အားပိုလန် နိုင်ငံတွင် မွေးဖွားခဲ့သည်။

ပိုလန်စကီးအားဖမ်းဆီးပြီး အမေရိကန် နိုင်ငံသို့ ပြန်လည် ပို့ ဆောင်မည့် ဆွစ် အာဏာပိုင် တို့ ကို
နိုင်ငံတကာရုပ်ရှင် သရုပ် ဆောင်များမှ ပြစ်တင်ဝေဖန် ခဲ့ပြီး ပြန်လွှတ်ပေးရန်တောင်းဆို ခဲ့သည်။

ပြင်သစ်နိုင်ငံ ယဉ်ကျေးမှု ၀န်ကြီး ကလည်း အမေရိကန် သမ္မတ ကိုယ်တိုင် အော်စကာဆုရှင် ရုပ်
ရှင်ဒါရိုက်တာ အား သမ္မတအမိန့် ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ဖမ်းဆီးခံထားရသည့် ရိုမန် ပိုလန်စကီး ပြန်လည် လွတ်မြောက်ရေး အတွက် မာတင်စကော့ ဆက်ဆီ ၊၀ူဒီ အယ်လင် စသည့် နာမည် ကျော်ရုပ်ရှင် ဒါရိုက်တာများ မှ လက်မှတ်ရေးထိုး တောင်းဆိုမှု တစ်ခု ပြုလုပ်ခဲ့ရာ အီတာလျှံ မင်းသမီး မော်နီကာ ဘယ်လူချီ ၊ဟောင်ကောင် ဒါရိုက်တာ ဝေါင်ကားဝေ နှင့် ပြင်သစ် သရုပ်ဆောင် များပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အမေရိကန် နိုင်ငံတွင်လည်း သရုပ်ဆောင် ဟယ်ရီဆန် ဖို့ ဒ် နှင့် ပရိုဂျူဆာ ဟာဗေးဝိုင်းစတိန်း
တို့ ဦးဆောင်ပြီး ပိုလန်စကီး လွတ်မြောက်ရေး အတွက် ၃၁ နှစ်ကြာပြီ ဖြစ်သော ဖမ်းဝရမ်း ကို
ဖျက်သိမ်းပေးပါရန် တောင်းဆို မှု ပြုလုပ်ခဲ့သည်။

ပြင်သစ် နှင့် ပိုလန် နိုင်ငံများတွင် ပိုလန်စကီး၏ ပရိသတ်များက ထိုနိုင်ငံများရှိ ဆွစ်ဇာလန် နိုင်ငံ
သံရုံးအရှေ့ သွားရောက်ကာ ပိုလန်စကီးအားဖမ်းထားသည့် အတွက် ကန့် ကွက် ဆန္ဒပြကြ
သည် ဟု သတင်းရရှိသည်။

အဆိုတော် ဂျူးဝဲလ် က ပိုလန်စကီး လွတ်မြောက်ရေး အတွက် သူမ၏ Twitter တွင် လှုပ်ရှား
မှု တစ်ခု ပြုလုပ်သည်။Free Roman ဟု ရေးထားသည့် လက်ပတ်များ နှင့် Free Polanski
ဆိုသည့် ရင်ထိုးများမှာ ဥရောပ တွင် ရောင်းအားကောင်းနေသည်။

ပိုလန်စကီး ၏ ပြင်သစ် ရှေ့နေ ဟာဗ် တင်မီ ကမူ ပိုလန်စကီးသည် ပြန်လွတ်လာနိုင်ဖွယ် ရှိ
ကြောင်းပြင်သစ် သတင်းစာ လမွန့်  ကို ပြောကြားခဲ့သည်။

ပြင်သစ် နှင့် ပိုလန် အာဏာပိုင်များက မူ ၃၁ နှစ် သက်တမ်းရှိပြီ ဖြစ်သော အမေရိကန် ၏ ဖမ်းဝရမ်း အား ရုပ်သိမ်းပေးပါရန် တောင်းဆိုထားသည်။

ပိုလန်စကီး သည် ၂၀၀၂ ခုနှစ် တွင် The Pianist ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့သော် လည်း
ထိုဆုကို သူ့ ကိုယ်စား သူငယ်ချင်းဖြစ်သူ ဟယ်ရီဆန် ဖို့ ဒ်က ဆု လက်ခံရယူကာ ပြင်သစ်နိုင်ငံ
သို့ စာတိုက်မှ ပို့ ပေးခဲ့သည်။

အသက် ၇၆ နှစ် အရွယ်ရှိပြီ ဖြစ်သော ဒါရိုက်တာ ပိုလန်စကီး အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့်
ဆမန်သာ သည် အသက် ၄၄ နှစ်အရွယ်ရှိပြီ ဖြစ်သည်။ သူမ က ၂၀၀၀ ပြည့်နှစ် တွင် အမှုအား
တရားစွဲဆို ထားခြင်းကို ရုပ်သိမ်းခဲ့ပြီး နောက်တစ်နှစ် တွင် ပိုလန်စကီး တွင် အပြစ်မရှိ ဟု လူသိ
ရှင်ကြားထုတ်ဖေါ်ပြောကြားခဲ့သည်။

ပိုလန်စကီးသည် ဇူးရစ် မြို့ စွန်ရှိ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည်။China Town နှင့်
Rosemary Baby အမည်ရှိ ဇာတ်ကားများမှာ သူ၏ နာမည်ကျော် ဇာတ်ကားများ ဖြစ်သည်။