ငါးထောင်တန်ထွက်ရှိပြီးပြုလုပ်သည့် ကျိုင်းတုံလေလံပွဲ အပေါ်ကားများ ပါ၍ စပေါ်ငွေ ဈေးတက်

၂ အောက်တိုဘာ ရန်ကုန် ၊                        ၊ယူကွန်

Biggest Auto Mobile Auction In Eastern Burma

လေလံပွဲတွင် ပါဝင်မည့် တိုယိုတာ မတ်တူး
လေလံပွဲတွင် ပါဝင်မည့် တိုယိုတာ မတ်တူး

အောက်တိုဘာလ ၁၀ ရက်နေ့ မှ ၁၉ ရက်နေ့ ထိ ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့ တော်ဖြစ်သည့် ကျိုင်းတုံ မြို့ တွင်ကျင်းပမည့် ကားအစီး ၈၀၀ ကျော် ပါဝင်မည် ဖြစ်ပြီး လေလံပွဲတွင် ပါဝင်မည့် ကား
အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ ဈေးကွက် အခေါ် လူကြိုက်များသည့် အမြင့် ကားများ ဖြစ်နေ၍ ၀ယ်
ရောင်း နှင့် စိတ်ဝင်စားသူများအကြိုက်ဖြစ်နေသည် ဟု သတင်းရရှိသည်။

မကြာခင် ကျင်းပမည့် ကျိုင်းတုံလေလံ ပွဲတော်မှ စ၍ လေလံ စပေါ်ငွေဈေးနှုန်းမှာ ကျပ်သိန်း ၂၀ မှ
ကျပ်သိန်း ၃၀ သို့ ပြောင်းလဲ ပြင်ဆင် သတ်မှတ်လိုက်သဖြင့် အရင်းနည်း ၀ယ်ရောင်း တို့ အခက်တွေ့ ကြသည်။ကျိုင်းတုံလေလံ ပွဲ နှင့် ပတ်သက် ၍ ဟံသာဝတီ ကားပွဲစားတန်းမှ ပွဲစားတစ် ဦးက “ဒီတစ်
ခါလေလံ ပွဲကတော့ အောက်ကားလုံးဝ မပါ သလောက်ပဲ အပေါ်ကားတွေချဉ်းပဲ အခု ငါးထောင်တန်
ထွက်တော့ ရွှေဈေး၊အိမ်ဈေး တက်တာဆို တော့ လူတွေ ကလက်ထဲမှာ ငွေ ထားဖို့ စိတ်မချ ဖြစ်နေ
သေးတဲ့ အချိန် ဆိုတော့ အတော် ပဲ ပေါ့ ”ဟု ပြောသည်။

ကျိုင်းတုံ လေလံ ပွဲတွင် Van ကားအမျိုးအစားပေါင်း အစီး ၂၀၀ ကျော် ပါဝင်ရာ လူကြိုက်များသည့်
Toyota Van CE 106 များပါဝင်သည်။မော်တော်ကားလေလံ သမိုင်းကြောင်းတွင် စီးရေ အများ
ဆုံး နှင့် ရက် အကြာဆုံး ကျင်းပမည့် ကျိုင်းတုံလေလံ ပွဲတော် တွင် မစ်ဆူဘီရှီ ပါဂျဲရိုး ၊Hilux Surf
Mark II 99 နှင့်  Double Cab များပါ ပါဝင်မည် ဟု သိရသည်။

ဘားအံ မော်တော်ကားလေလံပွဲ တွင် အမြင့်ကားဆွဲ ထားသူ တစ်ဦးက “ကြမ်းခင်းဈေးတော့ ဘယ်
လောက် အော်မလဲ မသိ ဘူး အရင် လေလံ ပွဲတုန်းက ကားတွေ တောင် မထွက် သေးဘူး၊ဈေးကွက်
ကအေးနေ တာကြာပြီ ၊အခု ၅၀၀၀ တန်ထွက်မှ ကားအရောင်း နဲနဲ ပြန်မာ လာတယ် ၊အပေါ် ကား
တွေ ပါတယ် ဆိုတော့ စိတ်ဝင်စားတယ် သွားကြည့် အုံးမယ် ”ဟု ပြောသည်။

မော်တော်ကားလေလံ ပွဲများ စတင် ကျင်းပစဉ် က စပေါ်ကြေးငွေ မှာ ကျပ် ငါးသိန်း မျှသာ ဖြစ်ပြီး
ဒုတိယမြောက်လေလံ ပွဲမှ စ၍ ကျပ် ဆယ်သိန်းပေးရကာ ယခု ကျိုင်းတုံလေလံ ပွဲတွင် ကျပ် သိန်း
၃၀ ပေးသွင်းထားရမည် ဖြစ်သည်။

ယခု ကျင်းပမည့် မော်တော် ကားလေလံ ပွဲသည် မြန်မာ နိုင်ငံ တွင် အကြီးဆုံးဖြစ်သည်။