အလင်းအမှောင်ကြားက ရန်ကုန်သီတင်းကျွတ် မီးထွန်းပွဲတော်

၃ အောက်တိုဘာ ရန်ကုန် ၊                        ၊သီတင်းကျွတ်လပြည့်နေ့ 

ကလန်သံဗျင်

အဖိတ်နေ့ ညနေက ရန်ကုန်မြို့တော်ခန်းမဘေးတွင် ချထားသည့် ရဲလုံထိန်းတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ - အေပီ သတင်းဌာန
အဖိတ်နေ့ ညနေက ရန်ကုန်မြို့တော်ခန်းမဘေးတွင် ချထားသည့် ရဲလုံထိန်းတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ - အေပီ သတင်းဌာန

Bang ဒိုင်း …… ဒိုင်း…………ရှုး ဖောင်း ………ဒိုင်း စသည့် အသံများသည် လူနေထူထပ်ရာ ရန်ကုန် မြို့ လမ်းများ တစ်လျှောက် ဆူညံစွာ ထွက်ပေါ်နေသည်။

အမှတ်တမဲ့ ဆိုလျှင် သေနတ် ပစ်ဖောက်သည့် အသံတစ်ခုကဲ့သို့ ထင်မှတ်စရာရှိသော်
လည်း သီတင်းကျွတ်ကာလ ကလေးသူငယ်များ၏ ဗျောက်အိုး ပစ်ဖောက် သံများက ထွက်
ပေါ်နေခြင်းဖြစ်သည်။

သတင်းစာ၊ရေဒီယို ၊ရုပ်သံ နှင့် ရပ်ကွက်ရုံးများ ရှေ့ ဆိုင်းဘုတ် များတွင် ဗျောက် အိုးပစ်
ဖောက်လျှင် ထောင်ဒဏ် သုံးနှစ် ၊ရောင်းဝယ် ဖောက်ကားလျှင် ငါးနှစ် စသည် ဖြင့် အမိန့် 
ကြေညာချက်များ ထုတ်ပြန်ထားသော် လည်း ယခုနှစ် ဗျောက် အိုး နှင့် ရှုးဒိုင်း ပစ်ဖောက် သံက ညံမဆဲ ဖြစ်နေသည်။

ယခင် နှစ်များက ဗျောက်အိုး ဖောက်သူများကို လမ်းပတ်တယောင် ရဲများက ဖမ်းဆီးအ
ရေး ယူလေ့ရှိသော် လည်း ဒီနှစ်တွင်မူ မသိချင်ယောင်ဆောင် ထားသည် ဟု ပုဇွန်တောင်
ဈေးမှ ဈေးသည် တစ်ဦးက ပြောသည်။

ရေကျော် မောင်အေး ၏ လက်ဖက် ရည်သမား တစ်ယောက် ဖြစ်သော အရှေ့ပိုင်းခရိုင်မှ

ရဲဝန်ထမ်း တစ်ဦးကမူ ” စက်တင်ဘာ (ရွှေဝါရောင် တော်လှန်ရေး) နောက်ပိုင်းကတည်း
က ပြည်သူက ရဲဆို တော်တော် မုန်းသွားကြတာ ဗျာ ၊ စစ်တပ် လို တော့ အမုန်းခံ လို့ 
မဖြစ်ဘူး ၊ ကျွန်တော် တို့ က ပြည်သူတွေ ကြားထဲမှာ ပဲနေရတာ ၊ သူတို့ က ခြံစည်းရိုး
တွေခတ် ၊ အုတ်တံတိုင်း ခတ် ၊ လက်နက် အပြည့် အစုံတပ် ဆင်ပြီး လူသူ မနီး တဲ့ နေ
ရာတွေ မှာ သွားနေတာ ကို စစ်တပ် လို့ ခေါ်တာ ၊ ဆန္ဒပြ တော့ လည်း ရဲ ပဲ ဘုန်းကြီး
တွေ လမ်းလျှောက် တော့ လည်း ရဲ ပဲ ၊ ဗျောက်အိုးဖောက်တော့ လည်း ရဲပဲ ဆိုရင် လူတွေ
က မုန်းကြလိမ့် မယ် အခု စစ်ဒေသ က ဗျောက် အိုးဖောက် သူတွေ ကို တစ်မြို့ နယ် ဆယ်
ဦးဖမ်းပေး ဖို့ အမိန့် ထုတ်ထားတယ် …. ခက်တယ်ဗျာ ……”ဟု သူက ပြောအပြီး တွင် ၄၉
လမ်းထပ်မှ ဗျောက် အိုး အတွဲ လိုက် ဖောက်သံမှာ ကျယ်လောင် စွာ ထွက် ပေါ်လာခဲ့သည်။

သီတင်းကျွတ် ကာလ မရောက်ရှိမှီ ရက်ပိုင်း အလို လောက်မှာ ပင် နေ့ စဉ် ရက်ဆက်
ရွာထားသော မိုးကြောင့် ရန်ကုန် တစ်မြို့ လုံးလမ်းများ ပြည့် လျှံ ပြီး ရေနစ်မြုပ်ခဲ့ရသဖြင့်
ယခု နှစ် သီတင်းကျွတ်မှာ ထင်သလောက် မစည် ခဲ့ ။ လပြည့် နေ့ မတိုင်ခင် တစ်ရက်
အလိုက ဒေါ်စု ၏ အယူခံ လွှာ ကို တိုင်းတရား ရုံးမှ ပယ်ချလိုက် သည် ဆို သည့် သတင်း
ကလည်း  မိုးလေ ကင်းလွတ် သီတင်းကျွတ်တွင် ပျော်မည် ဟု အားခဲထား သူများ ပင်
တွန့် ဆုတ်ခဲ့ရသည်။

ငွေကြေးတတ် နိုင်သူတို့ က ဟိုတယ် ကြီးများတွင် ကျင်းပသည့် သီတင်းကျွတ် မီးထွန်း
ပွဲတော် များကို သွားကြသော် လည်း ၀င်ငွေ နည်းမိသားစု များက မူ ရပ်ကွက်ထဲ တစ်
ပတ်လှည့် ရုံ လောက် ဖြင့်သာ စိတ် အပန်းဖြေကြရသည်။

စာရေးသူ တို့ ငယ်စဉ်က သီတင်းကျွတ် မီးထွန်းပွဲတော် ရောက် လေတိုင်း ရပ်ကွက် ထဲ
တွင် ကြည့်ချင်ပွဲ ၊ နှစ်ကိုယ့် တစ်စိတ် နှင့် ကာတွန်းမီးထွန်းပွဲတော် များကို နှစ်စဉ် ကျင်း
ပခွင့် ရသော် လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မူ ထို အစဉ် အလာ များ တဖြည်းဖြည်း
မှေးမှိန် ကာ တိမ်ကော ပပျောက်ခဲ့ရသည်။

ကာတွန်း မီးပုံး ပွဲတော် ဟု ခေါ်သည့် ကာတွန်း မီးထွန်းပွဲ တော်များကို ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လုံးဝ ကျင်းပခွင့် မပြုတော့ ။ထို့ နည်းတူစွာ ရေကျော် ၊ ကြည့်မြင်တိုင်
စသည့် ရပ်ကွက် များတွင် နှစ်စဉ် ကျင်းပသော လူများစွာ အခမဲ့ ၀င်ရောက် နိုင်သည့်
ဖျော်ဖြေရေး ပွဲများ ကို လည်း ဖျက်သိမ်းခဲ့သည်။သီတင်းကျွတ်ကာလ ရောက်လျှင် ယခင်
က ရပ်ကွက် တိုင်း နှင့် ဘုရား စေတီ ပုထိုးများတွင် ဖျော်ဖြေရေး ပွဲစဉ် များရှိ သော် လည်း
နောက်ပိုင်းတွင် သီတင်းကျွတ် ညများက ခြောက်သွေ့ သွားခဲ့ရသည်။

ဝင်ငွေနည်း ပြည်သူလူထု အတွက် စိတ်အပန်းဖြေစရာက ဗလာနတ္ထိ …….ပျော်ရွှင်စ
ရာ သီတင်းကျွတ် ရက် များက ဟိုး… အဝေးဆီ ပြေးထွက် သွားလေပြီ ……………..

မြန်မာ မှု မီးပုံး၊ မီးအိမ် များကလည်း ပျောက်ကွယ် လု မတတ် ဖြစ်နေပြီး ထိုနေရာတွင် တရုတ် လုပ် ရောင်စုံမှိတ်တုတ် မီးလုံးလေးများ နှင့် ယူနန် နယ်ဘက်မှ ၀င်ရောက်လာ
သည့် မီးပုံးများက အစားထိုးနေရာ ယူလိုက်ကြပြီ ဖြစ်သည်။

သီတင်းကျွတ်ကာလ မီးပုံးများ ၀ယ်ယူမှု အား အများစု က စိတ်ဝင်စားမှု နည်းလာရခြင်း၏
အဓိက အကြောင်းမှာ  “ မီးက ခဏ ခဏ ပျက်တယ်လေ မီးပုံးဝယ်ထားလဲ အပိုပဲ
ဖယောင်းတိုင်က လည်း ဈေးကြီးတယ်” ဟု ရန်ကုန် မြို့ လည်မှ အိမ်ရှင်မ တစ်ဦးက ညည်း
ညူသည်။

သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက် နဖူးကချွေးခြေမကျအောင် ရှာဖွေရသူများအတွက် သီ
တင်းကျွတ် ညများ သည် ကြုံဖူးနေကျ ညများကဲ့ သို့ ပင် တဖြည်းဖြည်း အချိန် ကုန်ဆုံး
မည် ဖြစ်သော် လည်း ဆင်ဖြူတော် ပုံ နှင့် ထောင်မလဲ သဲကော် အသစ်ကျပ်ချွတ် များကို
ကိုင်ဆောင်ထားနိုင် သူ တို့ အတွက်မူ ဆီးဒိုးနား မီးထွန်းပွဲတော် ၊ ထရိတ်ဒါး မီးထွန်းပွဲ
တော် ၊ မြရိပ်ညို သီတင်းကျွတ် ဖျော်ဖြေပွဲ ကြီး တို့  က အသင့် စောင့်ကြိုနေပေသည်။