ရန်ကုန်၊မန္တလေး နှင့် ကျောက်ဆည် သီတင်းကျွတ်ပွဲတော်

၃ အောက်တိုဘာ ရန်ကုန် ၊                           ၊ဟိန်းခိုင်းထွန် နှင့် ညွန့်သက်ထားဦး

Thidin Kyut Festival

Kyauk Se Sinမန္တလေး သီတင်းကျွတ်ပွဲတော် သည် ဈေးချို နှင့် ၈၄ လမ်း တစ်ဝိုက် နှင့် ဘုရားကြီး အနီးတ၀ိုက် တွင် ခြေကျင်လည်ပတ်သူများဖြင့် အတန်အသင့် စည်ကားမှု ရှိပြီး ၊ကျုံးပတ်
လည် ၊အိမ်တော် ရာဘုရား ၊ လမ်း ၈၀ တရုတ်တန်း တို့ တွင်မူ ကာရာအိုကေ သီချင်းဆို
ပြိုင်ပွဲများ ၊ ၀ါသနာရှင်များ ၏ သီဆိုဖျော်ဖြေမှု ပွဲစဉ်များ စတုဒီသာ တိုက်ကျွေးမှု များဖြင့်
စည်ကားမှု ရှိသည်။ ယခုနှစ် မန္တလေး သီတင်းကျွတ်သည် ယခင် နှစ်များထက် ပို၍ ချမ်း
စိမ့်စိမ့် နိုင်သည် ဟု မန္တလေးမြို့ ဆေးရုံကြီးမှ ဆရာဝန် တစ်ဦးက ပြောသည်။ကျောက်တော် ကြီး နှင့် ကုသိုလ်တော် ဘုရားများတွင် မန္တလေးသိန်းဇော်
နှင့် ဟန်ဇာမိုးဝင်း ဇာတ် အဖွဲ့ များ ရှိသောကြောင့် စည်ကားမှုရှိသည်။သီတင်းကျွတ်
လပြည့်နေ့ မန္တလေးရှိ ဘုရား ပုထိုးစေတီ များတွင် ဥပုတ် သီတင်းသီလ စောင့်တည်
သူများဖြင့် ပြည့် နေပြီး အိမ်တော်ရာ၊ အရိပ်မထွက် ၊ရွှေကျီးမြင် ၊ ချမ်းသာရ ဘုရားများ
တွင် အာရုံတက်ချိန်မှ စ၍ ညလုံးပေါက် ဘုရားဖူးများ ဖြင့် စည်ကားနေသည်။

သီတင်းကျွတ် လပြည့်နေ့ ည တွင် အင်းဝ (စစ်ကိုင်း)တံတားသစ်ကြီးကို မီးလုံးများ
ဖြင့်လှပထိန်ညီးစွာ ထွန်းညှိထားသော် လည်း ကိုလိုနီ ခောတ် တံတားဟောင်းကြီး
မှာ မူ သာမန် မီးလုံးများ သာထွန်းညှိထားသည် ဟု သီတင်းကျွတ်လပြည့်ည ရွှေကြက်
ယက် ဘုရား သွားခဲ့ သူ တစ်ဦးက ပြောသည်။

ရန်ကုန် မြို့ တွင် မူ ရွှေတိဂုံ ဘုရားတွင် ဗုဒ္ဓပူဇနိယ မီးထွန်းပွဲတော် ရှိသော ကြောင့်
လူစည် ကားသော်လည်း လုံခြုံရေးများက နေရာမလပ် စောင့်ကြပ်နေသောကြောင့်
ဘုရားဖူးရသည် မှာပင် စိတ်အနှောင့်အယှက် ဖြစ်ရသည် ဟု ရွှေတိဂုံ ဘုရားကို သွား
ရောက်ဖူးမြော်ခဲ့သူ ကျောင်းဆရာမတစ်ဦးက ပြောသည်။

တောင်ဥက္ကလာပမြို့ နယ်တွင် ၉ ရပ်ကွက် နှင့် နန္ဒာဝန်ဈေးရှေ့ ဗြဟ္မစိုရ် လမ်းကြီးတစ်
ဝိုက် ၊ရန်ကင်းမြို့ နယ် တွင် ရန်ကင်းစင်တာ အနီး ၊ ၁၂ လုံးတန်း နှင့် မိုးကောင်းဘုရား
အနီး တွင် စည်ကားသည်။ တာမွေ အ၀ိုင်း အနီးတွင် ဂိတ်ထိုးသည့် တက္ကစီယာဉ်မောင်း
တစ်ဦးက ”ဒီနေ့ တော်တော်လေး ဆွဲကောင်းတယ်ဗျာ ….ဒါမျိုး မကြုံဘူးတာ တစ်မိုးလုံးပဲ
ဒီနှစ်ပွင့် လင်းရာသီ တော့ ဘယ်လိုနေ မလဲ မသိ ဘူး ဟု ဆိုသည်။ ကမာရွတ် လှည်းတန်းမှ ဘာတာ သံလမ်း ထိ လမ်းဘေးဝဲယာ အိမ်တစ် လျှောက် တွင် အချို့ အိမ်များက မီးပုံးများ ဖြင့် အလှဆင်ထားသည် ။ စံရိပ်ငြိမ် တွင် နေထိုင်သည့် နာမည်
အဘွားဖြစ် သူ အား လာရောက်ကန်တော့ ပြီး မြို့ ထဲ သို့ ပြန်မည့် စာရေးဆရာမ တစ်
ဦးက မူ “ဒီနေ့ လိုင်းကားတွေ ရှားတယ် ၊ ကြားကားတွေတော့ရှတယ် ဈေးကြီးတယ် မြို့ 
ထဲကို တစ်ယောက် သုံးရာ လို့ ပြောတယ် ။ဆူးလေ – အင်းစိန် ဆို ငါးရာ ”ဟု ပြောသည်။

ဗဟန်းရှိ မြရိပ်ညို ဟိုတယ် ၀င်းထဲ တွင် ကိုး ည (9 Nights) အမည်ရှိ Hip Hop ဖျော်ဖြေရေး ပွဲတွင် ဂီတမိတ် အဖွဲ့ နှင့် တွဲဖက်ဖျော်ဖြေမှု အစီအစဉ်အား ပရိသတ်
က နှစ်သက်ကြသည်။ကန်တော်ကြီး မျှော်စင် ကျွန်းတွင် ကျင်းပသော အိုင်းရွန်း
ခရောစ် အဖွဲ့ ၏ ဖျော်ဖြေပွဲ ၊ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံ နှင့် အင်းလျှားလမ်းရှိ
စိမ်းလန်းစိုပြည် တို့ တွင် လာရောက်လည် ပတ်သူများ ဖြင့်ပြည့်နှက်နေသည်။

ရန်ကုန် မြို့ တွင်းတွင် မူ မီးပုံးများ ထွန်းသည့် ဓလေ့ နည်းပါးသွားသည်။ လမ်း ၅၀
ဟိန္ဒူဘုရားကျောင်း နှင့် ကုန်ဈေးတန်း လမ်းရှိ ဟိန္ဒူဘုရားကျောင်း တို့ တွင် ဟိန္ဒူ
ဘာသာ ၀င်များ ၏ ဒီပါဝလီ ပွဲတော် စတင်ကျင်းပနေမှု ကြောင့် မော်တော် ကား
လမ်းများ ပိတ်ဆို့ ပြတ်တောက်ခဲ့သည်။

ကျောက်ဆည် မြို့ နယ်တွင် ကျောက်ဆည်ဆင်လှုပွဲ အား ရွှေသာလျှောင်းဘုရားတွင်
ကျင်းပရာ စဥ့်ကိုင် ၊ပလိပ် ၊မြစ်သား စသည့် အနီးအပါးမြို့ များမှ လာရောက် လည်ပတ်
သူများဖြင့် စည်ကားသည် ဟု သိရသည်။